မြန်မာနိုင်ငံမှကြောင်များကိုအဂ်လန်မှ၁၈သိန်းပေးဝယ်နေသည့်အကြောင်

ဗမာ့ကြောင် အမတကောင် အမေရိကန်ကို ၁၉၃၀ ခုနှစ်မှာ ရောက်လာခဲ့တယ်။

ဒီကြောင်မကို အမေရိကန်နဲ့ အင်္ဂလိပ်ကြောင်မွေးမြူသူက အနောက်နိုင်ငံ စံချိန်စံညွှန်း အတိုင်း ကျွေးမွေး ပြုစုခဲ့ပါတယ်။

ဒီဗမာ့ကြောင်မကနေ ပေါက်ဖွားလာတဲ့ မျိုးဆက်ကို ဗမာ့ကြောင်လို့ အမေရိကန်ကြောင်ချစ်သူတွေက ဒီနေ့အထိ ခေါ်ကြပါတယ်။

ဗမာ့ကြောင် (Burmese Cat) ဆိုပြီး ကမ္ဘာ့ နာမည်ကျော် ကြောင်မျိုးစိတ် ရှိတယ်။ အရောင်က ကြေးနီရောင် ခဲပုတ်ရောင်ပါ။

ဗမာ့ကြောင်မျိုး မူရင်းဒေသက ထိုင်းမြန်မာ နယ်စပ်ဒေသပါ။ ဗမာ့ကြောင်မျိုးရင်း မူလအရောင်က ကြေးနီညိုရောင်ဖြစ်ပြီး အခု အရောင်အမျိုးမျိုး ဖြစ်နေပါပြီ။

ယေဘူယျအားဖြင့် ဗမာ့ကြောင်မှာ အရောင်လေးမျိုး ရှိတယ်။ အညို၊ နက်ညို၊ အညိုဖျော့၊ သနပ်ခါးရောင်တို့ ဖြစ်တယ်။

ဗမာ့ကြောင် မျိုးရင်းက ကျန်းမာသန်စွမ်းပြီး ရောဂါဘယ ထွေထွေထူးထူးမရှိဘူး။ ဒါပေမယ့် ကြောင်အများစု ဖြစ်တတ်တဲ့ ပန်းနာရင်ကြပ် ရောဂါ မဖြစ်အောင်သတိထားရတယ်။

အရွယ်လတ် ဗမာ့မျိုးရင်း ကြောင်တကောင်ရဲ့ သက်တမ်းဟာ နှစ် ၂၀ အထိ ရှိပြီး ကြောင်အုပ်စုထဲမှာ အသက်ရှည်တယ် ပြောလို့ရတယ်။

အင်္ဂလန်က အိမ်မွေးတိရိစ္ဆာန် ရောင်းတဲ့ Pets4home မှာ ဗမာ့မျိုးရင်း ကြောင်တကောင်ကို ပေါင် ၇၅၀ (မြန်မာငွေ ၁၈ သိန်းကျော်) အထိ ဈေးရှိပါတယ်။

အနိမ့်ဆုံး တကောင်ကို ပေါင် ၂၀၀ (မြန်မာငွေ ၅ သိန်းကျော်) ပါ။

ခွေးကို သဘောကျပေမယ့် ကြောင်ကို သိပ်ကြည့်လို့ မရဘူး။ ငယ်ငယ်က ကြောင်တွေ့ရင် အနည်းဆုံး ခြောက်လွတ်လိုက်ရမှ ကျေနပ်တယ်။

ကြောင်မိတ်လိုက်တဲ့ ရာသီ အသံသေးအသံကြောင်နဲ့ တိုက်ရှေ့ လာအော်နေလို့ ညသန်းခေါင် လေးဂွနဲ့ လိုက်ပစ်ဖူးတယ်။ မနက်ကျ ပန်းအိုးကွဲလို့ အိမ်နားက ပွစိပွစိအသံ ပြန်ကြားရတယ်။

ရန်ကင်း ကျောက်ကုန်းတောရ မေဒိနီမှာ ဒုလ္လဘ ကိုရင် ဝတ်တုံးက ဆွမ်းစားဆောင်က ကြောင်ကို‌ ရေအပြည့် ဖြည့်ထားတဲ့ စဉ့်အိုးထဲ ထည့်ထားမိလို့ အဆူခံ ထိဘူးတယ်။

အခု ပြန်စဉ်းစားကြည့်ရင် စိတ်မကောင်းဘူး။ ကြောင်ပေါက်လေးကို အမြီးကနေ ကိုင်မြောက်ထားလို့

အောက်ကနေ စိုးရိမ်တကြီးနဲ့ မော့ကြည့်နေတဲ့ ကြောင်အမေကြီးရဲ့ သောကကို အခုအရွယ်ရောက်မှ စာနာမိတယ်။

ကြောင်အပါအဝင် သတ္တဝါလေးတွေလဲ လူတွေလိုပဲ သူ့ကံနဲ့သူ ဖြစ်လာတာပါ။ စားဝတ်နေရေး ကျန်းမာရေးအတွက် မပူပင် မကြောင့်ကြပဲ သက်တမ်းစေ့ နေနိုင်တဲ့

ကြောင်တွေ ခွေးတွေ လူတွေ ရှိသလိုအစာကို ချို့ချို့တဲ့တဲ့ ရှာကြံ စားသောက်နေရတဲ့ သတ္တဝါလည်း ရှိပါတယ်။ သတ္တဝါတခု ကံတခုပါ။
credit

Leave a Reply

Your email address will not be published.