မသန်စွမ်းပေမဲ့ ခြေထောက်အတုဖြင့် delivery အလုပ်လုပ်နေတဲ့ဇွဲရှိမှုကြောင့် လူအများကိုလှုံဆော်စေခဲ့တဲ့ အမျိုးသားတစ်ဦး

မကြာသေးမီက GrabFood Delivery သူရဲကောင်းတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံဟာ လူမှုကွန်ရက်ပေါ်မှာ စတင်ပျံ့နှံ့လာခဲ့ပါတယ်။ ထိုဓာတ်ပုံကို သင် ပထမတစ်ကြိမ်ကြည့်လိုက်တဲ့အခါမှာ delivery သမားက သူ့အလုပ်သူလုပ်နေတဲ့ သာမန်ပုံနှင့်တူနေပါလိမ့်မယ်။

သို့ပေမဲ့ သင် ဒုတိယအကြိမ်ကြည့်လိုက်တဲ့အခါမှာ ထို delivery သမားဟာ သူ့ရဲ့ညာဘက်ခြေထောက်အတုဖြင့် GrabFood ကျောပိုးအိတ်ကိုလွယ်ထားတဲ့အံ့ဩစရာကောင်းတဲ့ပုံကို သတိပြုမိသွားပါလိမ့်မယ်။

GrabFood Delivery Rider ရဲ့ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံနှင့်အတူ caption မှာ “ မင်းအခက်အခဲကြုံနေတယ်ဆိုရင် မင်း ဒီသူရဲကောင်းကိုကြည့်ပါ၊

ထိုက်တန်တဲ့သူဌေးတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး၊ ဖျားနာမှုကင်းတဲ့ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုသာ လိုအပ်တယ်၊ ဒီသူရဲကောင်းကို ဂုဏ်ပြုပါတယ် ” ဆိုပြီး အင်တာနက်အသုံးပြုသူတစ်ဦးက Facebook ပေါ်မှာ ပြန်လည်ရေးတင်ပေးခဲ့ပါတယ်။

ထို့နောက် သူ့ရဲ့ဇွဲရှိမှုနှင့် စိတ်အားထက်သန်ရှိမှုတို့ကြောင့် GrabFood Delivery သမားရဲ့အဆိုပါ inspire ဖြစ်စေတဲ့ဓာတ်ပုံဟာ အင်တာနက်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

Delivery သမားအဖြစ်အသက်မွေးရခြင်းရဲ့အလုပ်က ပစ္စည်းကိုသေချာခြင်းရှိမရှိကို စစ်ဆေးရန်နှင့် ၎င်းတို့အား အချိန်မီပို့ဆောင်ပေးနိုင်ရန်ဘဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် သာမာန်လူတစ်ယောက်အတွက်တောင် ဒီအလုပ်က အတော်ခဲယဉ်းပါတယ်။ သို့ပေမဲ့ ခြေထောက်အတုနဲ့တောင် Delivery အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကို ဒီအမျိုးသားတစ်ဦးက ပြသပေးခဲ့ပါတယ်။

ဒီအမျိုးသားရဲ့အပြုအမူဟာ ကျွန်တော်တို့ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲများကြားမှ လက်မလျှော့ပစ်ဖို့ လုံးဝသေချာတဲ့သတိပေးချက်တစ်ခုဖြစ်လာခဲ့ပါတယ်ဗျာ။
credit
zawgyi







credit

Leave a Reply

Your email address will not be published.