တောထဲတွင်နှစ်ပေါင်း ၂၀နီးပါးနေခဲ့ပြီး ပထမဆုံးအကြိမ် လူတွေနှင့် ထိတွေ့ဆက်ဆံဖူးသော ကောင်လေး၏အဖြစ်
လောကကြီးရှိ လူတိုင်းတွင် မွေးရာပါအားနည်းချက်ဆိုတာ ပါလာပြီးသားဖြစ်ပြီး အချို့သောသူများကျ ပတ်ဝန်းကျင်၏

ပြောဆိုဝေဖန်ခြင်းတွေကို ဂရုစိုက်လွန်းပြီး ရင်မဆိုင်ရဲကြ၍ အဝေးသို့ ရှောင်ပုန်းတတ်ကြသည်။
ယခုအခါတွင်လည်း အရှေ့အာဖရိကရှိ ဝမ်ဒါလူမျိုးနွယ်စုဖြစ်သော Zanziman Ellie အမည်ရှိသော အသက် ၂၀နှစ်အရွယ် ကောင်လေးသည်
မွေးရာပါ ဉာဏ်ထိုင်းသော ရောဂါရှိပြီး ယခုချိန်ထိ စကားမပြောတတ်သော သနားစရာလူငယ်လေးတစ်ယောက်ပင် ဖြစ်သည်။

အဲလီသည် ငယ်စဉ်ကတည်းက သူ့ကိုယ်သူ အားငယ်ပြီး အခြားသောသူများနှင့် ယှဉ်လျှင် အမြဲအရှုံးသမားတစ်ယောက်လို ခံစားနေရကာ
ဝေဖန်ကဲ့ရဲ့မည်ကိုလည်း ကြောက်၍ အမြဲတမ်းရှောင်နေတတ်သည်။ ထို့ကြောင့် အဲလီသည် လူသူနှင့်ကင်းဝေးရန်

၃၀ကီလိုမီတာ ကွာဝေးသော တောအုပ်ဆီသို့ သွားရောက်ခဲ့ပြီး ရွာထဲရှိ ကလေးများ၏ သူ့ကိုကြည့်သော အထင်သေးအကြည့်တွေနှင့်
လှောင်ပြောင်ခြင်းများကို မခံချင်၍ သစ်ပင်ပေါ်သို့ အမြဲတက်နေလျက်ရှိသည်။ အဲလီသည် လူသူများနှင့် တွေ့ရမည်ကို ကြောက်ရွံ့၍
တစ်ချိန်လုံး ပုန်းရှောင်နေခြင်းများကြောင့် သူငယ်ချင်းလည်း မရှိခဲ့ပါ။ထို့အပြင် လူအများမှ အဲလစ်ကို” Forest Boy” ဟုပင် ခေါ်ဆိုကြသေးသည်။

အဲလစ်သည် မိခင်ဖြစ်သူ တစ်ယောက်တည်းကိုသာယုံကြည်အားကိုးပြီး နေခဲ့ရာ မိခင်လည်း
သူမ၏သားလေးဘဝ တစ်လျှောင်လုံးကို ယခုလိုပုံစံမျိုးဖြင့် မမြင်ရက်တော့၍ အကြံတစ်ခုစဉ်းစားခဲ့သည်။

နောက်ဆုံးတွင် မိခင်ဖြစ်သူသည် အဲလီကို ကားနှင့်အတူခေါ်ဆောင်ကာ ခရီးထွက်လည်ခဲ့ပြီး
လူတွေနှင့် မြင်တွေ့ ထိတွေ့စေပြီး မျက်စိပွင့် နားပွင့်စေမည့်အပြင်လောကကြီး၏ ပျော်ရွှင်မှုအရသာကို ခံစားစေခဲ့သည်။
Zawgyi(version)
တောထဲတွင်နှစ်ပေါင်း ၂၀နီးပါးနေခဲ့ပြီး ပထမဆုံးအကြိမ် လူတွေနှင့် ထိတွေ့ဆက်ဆံဖူးသော ကောင်လေး၏အဖြစ်
လောကကြီးရှိ လူတိုင်းတွင် မွေးရာပါအားနည်းချက်ဆိုတာ ပါလာပြီးသားဖြစ်ပြီး အချို့သောသူများကျ ပတ်ဝန်းကျင်၏

ပြောဆိုဝေဖန်ခြင်းတွေကို ဂရုစိုက်လွန်းပြီး ရင်မဆိုင်ရဲကြ၍ အေဝးသို့ ရှောင်ပုန်းတတ်ကြသည်။
ယခုအခါတွင်လည်း အရှေ့အာဖရိကရှိ ဝမ်ဒါလူမျိုးနွယ်စုဖြစ်သော Zanziman Ellie အမည်ရှိသော အသက် ၂၀နှစ်အရွယ် ကောင်လေးသည်
မွေးရာပါ ဉာဏ်ထိုင်းသော ရောဂါရှိပြီး ယခုချိန်ထိ စကားမပြောတတ်သော သနားစရာလူငယ်လေးတစ်ယောက်ပင် ဖြစ်သည်။

အဲလီသည် ငယ်စဉ်ကတည်းက သူ့ကိုယ်သူ အားငယ်ပြီး အခြားသောသူများနှင့် ယှဉ်လျှင် အမြဲအရှုံးသမားတစ်ယောက်လို ခံစားနေရကာ
ဝေဖန်ကဲ့ရဲ့မည်ကိုလည်း ကြောက်၍ အမြဲတမ်းရှောင်နေတတ်သည်။ ထို့ကြောင့် အဲလီသည် လူသူနှင့်ကင်းဝေးရန်

၃၀ကီလိုမီတာ ကွာဝေးသော တောအုပ်ဆီသို့ သွားရောက်ခဲ့ပြီး ရွာထဲရှိ ကေလးမ်ား၏ သူ့ကိုကြည့်သော အထင်သေးအကြည့်တွေနှင့်
လှောင်ပြောင်ခြင်းများကို မခံချင်၍ သစ်ပင်ပေါ်သို့ အမြဲတက်နေလျက်ရှိသည်။ အဲလီသည် လူသူများနှင့် တွေ့ရမည်ကို ကြောက်ရွံ့၍
တစ်ချိန်လုံး ပုန်းရှောင်နေခြင်းများကြောင့် သူငယ်ချင်းလည်း မရှိခဲ့ပါ။ထို့အပြင် လူအမ်ားမွ အဲလစ္ကို Forest Boy ဟုပင် ခေါ်ဆိုကြသေးသည်။