ေယာကၡမဆိုးတစ္ေယာက္မွာ ရွိတတ္တဲ့ လကၡဏာရပ္မ်ား

Posted by

လက်ထပ်တယ်ဆိုတာကလည်း အသိုင်းအဝိုင်းနှစ်ခု အပြန်အလှန် ရောယှက်ပြီး ပတ်သတ်ရခြင်းရဲ့ အစ ဖြစ်ပါတယ်။ နှစ်ယောက်ချစ်လို့ ပေါင်းရတယ်ဆိုပေမဲ့ သူ့မိဘ ကိုယ့်မိဘ အပြန်အလှန်ဆက်ဆံရေး တည်ဆောက်ရသလို၊ ယောက္ခထီး၊ ယောက္ခမတွေနဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်ကြရပါသေးတယ်။

အပြန်အလှန် နားလည်မှု ရှိရင်တော့ မိသားစုက စိတ်ချမ်းသာစရာကောင်းမှာပါ။ ဒါပေမဲ့ အခုလို ယောက္ခမဆိုးကို ပိုင်ဆိုင်ထားရင်တော့ လင်မယားချင်းဆက်ဆံရေးကို ထိခိုက်လာနိုင်စေပါတယ်။

သင့်ကို မနှစ်သက်ကြောင်းကို တဖွဖွ ပြောတယ်
လူတစ်ယောက်နဲ့ တစ်ယောက် ကြိုက်နှစ်သက်ပုံခြင်း မတူပါဘူး။ ကိုယ့်သားသမီး ချစ်နှစ်သက်တဲ့သူကို ကိုယ်က လိုက်ကြိုက်ဖို့ မလိုအပ်ပါဘူး။

ဒါပေမဲ့ သင့်ယောက္ခမဖြစ်သူကတော့ သင့်ကို ဘယ်အချက်တွေ မကြိုက်ဘူးဆိုတာကို စကားနဲ့ ပြောရုံသာမက တစ်ခါတစ်လေ ပတ်ဝန်းကျင်ကိုနဲ့ သင့်ကိုပါ တိုက်ရိုက်ပြောသလို လူစုံနီးပါးလောက် လိုက်ပြောနေတာကတော့ တကယ် စိတ်ရှုပ်စရာ ဖြစ်ပါတယ်။ ဒါက သင်တို့ နှစ်ယောက်ကိုပါ အဆင်မပြေမှုကို ခံစားရစေပြီး စိတ်ဖိစီးမှု ခံစားရစေပါတယ်။

တစ်ဖက်သတ်ဆန်တယ်
အတ္တကြီးတဲ့ ယောက္ခမမှန်း သိသာတဲ့အချက်ကတော့ တစ်ဖက်စောင်းနင်း စကားပြောတာပါပဲ။ သူ့ဘက်က လွန်တယ် မှားတယ်လို့ တစ်ခါလေးတောင် မယူဆပဲ သင့်ဘက်ကိုပဲ ပြစ်တင်ပြောဆိုတတ်တာမျိုး ဖြစ်ပါတယ်။ စကားအချေအတင် ဖြစ်တာမျိုး ဖြစ်စေ၊ တစ်ခုခု ပြောရတဲ့အခါမျိုးမှာ ဖြစ်စေ၊ သူ့ဘက်ကတော့ မလျှော့တဲ့သူတွေပေါ့။

အရာရာ ပါတယ်
ကိုယ့်သားသမီးက အိမ်ထောင်ကျသွားပြီဆိုရင် အလုံးစုံ ကိုယ်စီမံစရာ မလိုပါဘူး။ သားသမီး တစ်ယောက် အရွယ်ရောက်လာတည်းက မိဘဆိုတာက လူတစ်ယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို ပေးရတာ ဖြစ်ပါတယ်။

ဒီလို မဟုတ်ဘဲ လင်မယားနှစ်ယောက်ရဲ့ ကိစ္စတွေမှန်သမျှ ဝင်ဝင် မှတ်ချက်ပေးလိုက် သူ့သားသမီးကိစ္စကို သူက အမြဲ လိုက်လုပ်ပေးနေတာမျိုးက အိမ်ထောင်တစ်ခု တည်ဆောက်ထားတဲ့သူတွေအတွက် တကယ် အဆင်မပြေ ဖြစ်စေတာပါ။

ရန်တိုက်တယ်
သင် မရှိတဲ့အချိန်မျိုးတွေမှာ သူ့သားသမီးတွေကို သင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အပြစ်တင်ပြောဆိုနေတတ်ပါတယ်။

တစ်ခါတစ်လေ ဆွေမျိုးတွေကို ဒီလိုမျိုး ပြောပြီး သင့်ကို လူမုန်းများအောင် အခက်တွေ့အောင် လိုက်လုပ်တာမျိုးပါ။ ဒီလို လုပ်ရပ်ကြောင့် သင့်ဘက်က လိုက်ဖြေရှင်းရတာ ရှိသလို သူနဲ့ပါ စကားအချေအတင် ဖြစ်ရပါသေးတယ်။

အပြစ်မြင်တယ်
ဘာလုပ်လုပ် ဘာကိုင်ကိုင် လိုက်ကြည့်ပြီး ပြောတတ်ကြတဲ့သူမျိုးတွေပါ။ တကယ်တမ်းက လူတိုင်းက သူ့ပုံစံနဲ့သူ လုပ်ကိုင်ပြီး လည်ပတ်ကြတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် အံဝင်ခွင်ကျ ဖြစ်လည်း တစ်ခြားတစ်ယောက်နဲ့ အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်တာပါ။ လင်မယားနှစ်ယောက် အဆင်ပြေနေလည်း သူကတော့ အမြင်မကြည်ပဲ အပြစ်လိုက်ပြောတကလည်း အဆင်မပြေ ဖြစ်စေပါတယ်။

ခွဲခြားဆက်ဆံတယ်
လူနှစ်ယောက် အိမ်ထောင်ပြုလိုက်ကတည်းက မိသားစုတစ်ခု ထပ်တိုးခြင်းပါ။ ဒါကို ကိုယ့်သားသမီးရဲ့ လက်တွဲဖော်ကို အပြင်လူတစ်ယောက်လို အမြဲ သဘောထားနေပြီး သင့်ကို ဘယ်ကိစ္စမှာဖြစ်ဖြစ် ဝင်ခွင့် ပါဝင်ခွင့် မပေးပဲ သူတို့သားသမီးကိုပဲ ပြောဆိုတာမျိုးက သင့်ကို မိသားစုလို မသတ်မှတ်တာမျိုး ဖြစ်ပါတယ်။ မိသားစုကို မိသားစုလို သဘောမထားနိုင်တာကတော့ အတော်ဆိုးတဲ့အရာတစ်ခု ဖြစ်ပါတယ်။

ယောက္ခမဆိုး ပိုင်ဆိုင်ထားရတာလည်း တကယ့်ကို အဆင်မပြေမှု တစ်ခုပါပဲနော်။

Zawgyi(version)

လက္ထပ္တယ္ဆိုတာကလည္း အသိုင္းအဝိုင္းႏွစ္ခု အျပန္အလွန္ ေရာယွက္ၿပီး ပတ္သတ္ရျခင္းရဲ႕ အစ ျဖစ္ပါတယ္။ ႏွစ္ေယာက္ခ်စ္လို႔ ေပါင္းရတယ္ဆိုေပမဲ့ သူ႕မိဘ ကိုယ့္မိဘ အျပန္အလွန္ဆက္ဆံေရး တည္ေဆာက္ရသလို၊ ေယာကၡထီး၊ ေယာကၡမေတြနဲ႕ ဆက္ဆံေရး ေကာင္းေအာင္ တည္ေဆာက္ၾကရပါေသးတယ္။

အျပန္အလွန္ နားလည္မႈ ရွိရင္ေတာ့ မိသားစုက စိတ္ခ်မ္းသာစရာေကာင္းမွာပါ။ ဒါေပမဲ့ အခုလို ေယာကၡမဆိုးကို ပိုင္ဆိုင္ထားရင္ေတာ့ လင္မယားခ်င္းဆက္ဆံေရးကို ထိခိုက္လာနိုင္ေစပါတယ္။

သင့္ကို မႏွစ္သက္ေၾကာင္းကို တဖြဖြ ေျပာတယ္
လူတစ္ေယာက္နဲ႕ တစ္ေယာက္ ႀကိဳက္ႏွစ္သက္ပုံျခင္း မတူပါဘူး။ ကိုယ့္သားသမီး ခ်စ္ႏွစ္သက္တဲ့သူကို ကိုယ္က လိုက္ႀကိဳက္ဖို႔ မလိုအပ္ပါဘူး။

ဒါေပမဲ့ သင့္ေယာကၡမျဖစ္သူကေတာ့ သင့္ကို ဘယ္အခ်က္ေတြ မႀကိဳက္ဘူးဆိုတာကို စကားနဲ႕ ေျပာ႐ုံသာမက တစ္ခါတစ္ေလ ပတ္ဝန္းက်င္ကိုနဲ႕ သင့္ကိုပါ တိုက္ရိုက္ေျပာသလို လူစုံနီးပါးေလာက္ လိုက္ေျပာေနတာကေတာ့ တကယ္ စိတ္ရႈပ္စရာ ျဖစ္ပါတယ္။ ဒါက သင္တို႔ ႏွစ္ေယာက္ကိုပါ အဆင္မေျပမႈကို ခံစားရေစၿပီး စိတ္ဖိစီးမႈ ခံစားရေစပါတယ္။

တစ္ဖက္သတ္ဆန္တယ္
အတၱႀကီးတဲ့ ေယာကၡမမွန္း သိသာတဲ့အခ်က္ကေတာ့ တစ္ဖက္ေစာင္းနင္း စကားေျပာတာပါပဲ။ သူ႕ဘက္က လြန္တယ္ မွားတယ္လို႔ တစ္ခါေလးေတာင္ မယူဆပဲ သင့္ဘက္ကိုပဲ ျပစ္တင္ေျပာဆိုတတ္တာမ်ိဳး ျဖစ္ပါတယ္။ စကားအေခ်အတင္ ျဖစ္တာမ်ိဳး ျဖစ္ေစ၊ တစ္ခုခု ေျပာရတဲ့အခါမ်ိဳးမွာ ျဖစ္ေစ၊ သူ႕ဘက္ကေတာ့ မေလွ်ာ့တဲ့သူေတြေပါ့။

အရာရာ ပါတယ္
ကိုယ့္သားသမီးက အိမ္ေထာင္က်သြားၿပီဆိုရင္ အလုံးစုံ ကိုယ္စီမံစရာ မလိုပါဘူး။ သားသမီး တစ္ေယာက္ အ႐ြယ္ေရာက္လာတည္းက မိဘဆိုတာက လူတစ္ေယာက္ရဲ႕ လြတ္လပ္ပိုင္ခြင့္ကို ေပးရတာ ျဖစ္ပါတယ္။

ဒီလို မဟုတ္ဘဲ လင္မယားႏွစ္ေယာက္ရဲ႕ ကိစၥေတြမွန္သမွ် ဝင္ဝင္ မွတ္ခ်က္ေပးလိုက္ သူ႕သားသမီးကိစၥကို သူက အၿမဲ လိုက္လုပ္ေပးေနတာမ်ိဳးက အိမ္ေထာင္တစ္ခု တည္ေဆာက္ထားတဲ့သူေတြအတြက္ တကယ္ အဆင္မေျပ ျဖစ္ေစတာပါ။

ရန္တိုက္တယ္
သင္ မရွိတဲ့အခ်ိန္မ်ိဳးေတြမွာ သူ႕သားသမီးေတြကို သင္နဲ႕ ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို အျပစ္တင္ေျပာဆိုေနတတ္ပါတယ္။

တစ္ခါတစ္ေလ ေဆြမ်ိဳးေတြကို ဒီလိုမ်ိဳး ေျပာၿပီး သင့္ကို လူမုန္းမ်ားေအာင္ အခက္ေတြ႕ေအာင္ လိုက္လုပ္တာမ်ိဳးပါ။ ဒီလို လုပ္ရပ္ေၾကာင့္ သင့္ဘက္က လိုက္ေျဖရွင္းရတာ ရွိသလို သူနဲ႕ပါ စကားအေခ်အတင္ ျဖစ္ရပါေသးတယ္။

အျပစ္ျမင္တယ္
ဘာလုပ္လုပ္ ဘာကိုင္ကိုင္ လိုက္ၾကည့္ၿပီး ေျပာတတ္ၾကတဲ့သူမ်ိဳးေတြပါ။ တကယ္တမ္းက လူတိုင္းက သူ႕ပုံစံနဲ႕သူ လုပ္ကိုင္ၿပီး လည္ပတ္ၾကတာပါ။ လူတစ္ေယာက္နဲ႕ တစ္ေယာက္ အံဝင္ခြင္က် ျဖစ္လည္း တစ္ျခားတစ္ေယာက္နဲ႕ အံဝင္ခြင္က် ျဖစ္ခ်င္မွ ျဖစ္တာပါ။ လင္မယားႏွစ္ေယာက္ အဆင္ေျပေနလည္း သူကေတာ့ အျမင္မၾကည္ပဲ အျပစ္လိုက္ေျပာတကလည္း အဆင္မေျပ ျဖစ္ေစပါတယ္။

ခြဲျခားဆက္ဆံတယ္
လူႏွစ္ေယာက္ အိမ္ေထာင္ျပဳလိုက္ကတည္းက မိသားစုတစ္ခု ထပ္တိုးျခင္းပါ။ ဒါကို ကိုယ့္သားသမီးရဲ႕ လက္တြဲေဖာ္ကို အျပင္လူတစ္ေယာက္လို အၿမဲ သေဘာထားေနၿပီး သင့္ကို ဘယ္ကိစၥမွာျဖစ္ျဖစ္ ဝင္ခြင့္ ပါဝင္ခြင့္ မေပးပဲ သူတို႔သားသမီးကိုပဲ ေျပာဆိုတာမ်ိဳးက သင့္ကို မိသားစုလို မသတ္မွတ္တာမ်ိဳး ျဖစ္ပါတယ္။ မိသားစုကို မိသားစုလို သေဘာမထားနိုင္တာကေတာ့ အေတာ္ဆိုးတဲ့အရာတစ္ခု ျဖစ္ပါတယ္။

ေယာကၡမဆိုး ပိုင္ဆိုင္ထားရတာလည္း တကယ့္ကို အဆင္မေျပမႈ တစ္ခုပါပဲေနာ္။