ဖုန်းဓာတ်ခဲကို ရက်ပေါင်းများစွာ ကြာရှည်ခံစေမယ့် နည်းလမ်း (၁၀)မျိုး

ယနေ့ခေတ်မှာ ဖုန်းမရှိဘဲ ဘဝကိုဖြတ်သန်းဖို့ အတော်ကို ခက်ခဲပါတယ်။ သတင်း၊ အလုပ်၊ စာအုပ်၊ ရုပ်ရှင်၊ သီချင်း၊ ဂိမ်းတွေနဲ့ ဗဟုသုတတွေကို ဖုန်းက ယူဆောင်ပေးပါတယ်။

ဒါပေမယ့် ဖုန်းအားက တစ်ရက်တောင် မခံဘဲ မြန်မြန် ကုန်သွားတတ်ပါတယ်။ အောက်က အချက်လေးတွေကြောင့် သင့်ဖုန်းအားက မြန်မြန်ကုန်နေရတာပါ။

1. ဖုန်းအားသွင်းပေါက်ကို သန့်ရှင်းရေးလုပ်ပါ။

သင့်ဖုန်းကို သန့်ရှင်းရေး အမြဲလုပ်ဖြစ်ပါသလား။ ဖုန်းရဲ့မှန်ကို သန့်ရှင်းရေးလုပ်ရရုံတင် မဟုတ်ပါဘူး။ အားသွင်းပေါက်ကိုလည်း သန့်ရှင်းရေး လုပ်သင့်ပါတယ်။

အိတ်ကပ်ထဲက ဖုန်တွေက ဖုန်းအားသွင်းပေါက်ထဲကို ဝင်နေနိုင်ပါတယ်။ သွားကြားထိုးတံ သို့မဟုတ် နားသန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းလေးနဲ့ ဖုန်းအားသွင်းပေါက်ကို သန့်ရှင်းရေး လုပ်သင့်ပါတယ်။

2. အရောင်တောက်တဲ့ wallpaper တွေကို မထားပါနဲ့

ဖုန်းအဝင် call တွေ၊ meaasage တွေကို စစ်တဲ့အခါ သင်က ဖုန်းရဲ့အဓိက မှန်သားပြင်ကိုပဲ ကြည့်တာပါ။ အရောင်တောက်နေတဲ့ wallpaper တွေက ဖုန်းအားတွေကို စားပစ်ပါတယ်။

အဖြူရောင်နဲ့ အနက်ရောင်ပါတဲ့ wallpaper လေးပဲ ထားပါ။ ဒီနည်းလမ်းက ဖုန်းအားချွေတာတဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။

3. သင်က ဖုန်းကို လက်ထဲမှာ အမြဲမကိုင်ထားသင့်ပါ။
ရာသီဥတုပူတဲ့အခါ ဖုန်းကို လက်ထဲမှာ အမြဲမကိုင်ပါနဲ့။ ရာသီဥတုပူရင် ဖုန်းကလည်း ပူလာပါတယ်။ သင့်လက်က အပူချိန်က ဖုန်းဘက်ထရီကို ပိုပူစေပြီး အားမြန်မြန် ကုန်လွယ်စေပါတယ်။

4. Auto-rotate screen ကို မဖွင့်ထားပါနဲ့။မလို အပ်ရင် Auto-rotate screen ကို ပိတ်ထားပါ။

5. Background program တွေက အလုပ်လုပ်နေတယ်။

Instagram, messenger နဲ့ တခြား app တွေကို သုံးပြီးတဲ့အခါ လူတွေက ပိတ်ဖို့ မေ့နေတတ်ပါတယ်။ အဲဒီအခါ ဒီ program တွေ အလုပ်လုပ်ဖို့ စွမ်းအင်ကို သုံးနေရတာဖြစ်လို့ အားကုန်လွယ်ပါတယ်။

6. Screen ကို အလင်းဆုံးဖြစ်အောင် မထားပါနဲ့။

ဖုန်းမှာ screen ရဲ့ အလင်းကို 30% ကနေ 40% အထိပဲ ထားပါ။ ဒီအလင်းရောင်နဲ့ ဆိုရင် ဖုန်းကို ကြည့်လို့ရနေပါပြီ။ ဖုန်းအားလည်း ချွေတာရာ ရောက်ပါတယ်။

အပြင်ထွက်တဲ့အခါ ဖုန်းအလင်းကို အမြင့်ဆုံးမထားပါနဲ့။ Auto brightness function က သင့်ဖုန်းကို နေရောင်ထဲမှာ ကြည့်လို့ရအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ 15 မိနစ်ကြာရင် ပိတ်သွားပါလိမ့်မယ်။

7. Vibrate မလုပ်ထားပါနဲ့။

ဖုန်းကို vibrate လုပ်ထားခြင်းက ဖုန်းအားကို ကုန်စေပါတယ်။ လိုအပ်မှသာ vibrate လုပ်ပါ။ Sound ဖြစ်ဖြစ်၊ silent ဖြစ်ဖြစ် လုပ်ထားပါ။

8. Time out လုပ်ထားပါ။

ဖုန်းမှာ Auto time out ကို လုပ်ထားပါ၊ ဖုန်းအားလည်း သက်သာစေပါတယ်။ ဖုန်းပိတ်ဖို့ မေ့နေရင်လည်း အလိုအလျောက် ပိတ်သွားပါလိမ့်မယ်။

9. GPS, bluetooth နဲ့ wi-fi တွေကို မဖွင့်ထားသင့်။

GPS, bluetooth နဲ့ wi-fi တွေကို ဖွင့်ထားခြင်းက ဖုန်းအားကို မြန်မြန် ကုန်စေပါတယ်။ သုံးဖို့မလိုရင် ပိတ်ထားပါ။

10. ဖုန်းကို power off လုပ်ပါ။

ဖုန်းရဲ့ ဓာတ်ခဲကို ကြာကြာ ခံစေချင်ရင် ညအခါမှာ ဖုန်းပိတ်အိပ်ပါ။ ဖုန်းရဲ့ ဓာတ်ခဲလည်း အနားရဆေးဆေးသွားပါတယ်။

Credit

Leave a Reply

Your email address will not be published.