လူသိနည်းလှတဲ့လှေကားအဆံလူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာမျှဝေပါတယ်။
ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့စကားမျိုးလိုပါပဲ။
အိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။
ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။
လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။မ တပ်သည်လည်း ရှိပါတယ်။အဘယ်ကြောင့်ဆိုသော်ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ]
တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။
ပထမထစ်က လာဘဒုတိယထစ္က သုခတတိယထစ်ကမရဏ
လာဘက လာတ်လာဘ ပေါများခြင်း။သုခက ကြွယ်ဝချမ်းသာခြင်း။မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့
လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်
သုခက ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်
မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ်စသည်ဖြင့်တပ်ဆင်ကြပါတယ်။
အိမ်အနေအထားမင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။
တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့သတ်မှလုပ်ဆောင်ကြပါတယ်။
၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊
၂ထစ် လာတ်လာဘ ပေါများခြင်း၊
၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။
တစ်ကျောင်း တစ်ဂါထာတစ်ရွာ တစ်ပုဒ် ဆန်းဆိုသလိုဒေသအလိုက်ကွဲလွဲကြတာရှိကြပါတယ်။
အိမ်လှေခါးကို ၃ထစ်ထားသော်ဒုက်ခံ မရဏံ ကြုံ စေပြန်၏။
တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။
ရှစ်ထစ်ထားလျှင်မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။
ကိုးထစ်ထားလျှင်လာဘ်လာဘ ပေါကြွယ်ဝတက်၏။
၁၂ထစ်ထားသော်ကျမ္မာရေးကောင်းမွန်စေ၍ရန်သူမျိုးငါးပါးမှကင်းစေ၏။
တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။
credit