ပန်းတွေဝေနေအောင် ပွင့်နေဖို့ အားဆေး စပ်နည်း
အမြစ်၊အပွင့်၊အသီး အတွက် 1: 1: 1 အချိုး အားဆေးလေးပါ
1-ပါတ်အတွင်းသိသာလာ ပါလိမ့်မည် အထူးသဖြင့် အပင်မှအပွင့် အပွင့်မှအသီးအတွက် အထူးကောင်းမွန်ပါတယ်ရှင့်
လိုအပ်သောကုန်ကြမ်းများ
နိို့ -200 cc တဘူး ၊ပုဇွန် ငါးပိ တဇွန်း ၊အချိုမှုန့်တဇွန်းတို့ပါဘဲ။
ပြုလုပ်ပုံ
ခွက်တခု ထဲရေနွေး နွေး-2 ဇွန်းခန့်ထည့်ပါ ပုဇွန်ငါးပိ တဇွန်းထပ်ထည့် ပြီးပျော်သွားအောင်မွှေပါ
နောက်ထပ် အချို မုန့်တဇွန်း ထပ်ထည့်ကာ ကျေအောင်မွှေပြီး နို့200cc ထပ်ထည့် အားလုံးသမ အောင်မွှေပါ။
အသင့် သုံး 1:1:1 အားဆေးလေးရပါပြီ
သုံးစွဲရန်
အသင့် သုံးဆေး 1-ဇွန်း၊ရေ တလီတာပါ
20-လီတာ ဆေးဖျန်းပုံးအတွက် 20ဇွန်းပါ ရှင် ။တပါတ်အတွင်းသိသာ ပါလိမ့်မယ်။ မပျင်မရိဘူးဆိုရင်တော့ တပါတ်တကြိမ် ဖျန်းနိုင်ပါတယ်
အပင်သေး ငရုပ်ခရမ်းချဉ်အစရှိသည်တ်ု့ကို အပင် ထိပ်မှစတင် ပက်ဖျန်းပါ ။ဆေးများကိုစိုရွဲအောင်ဖျန်းပါကပိုမိုထိရောက်ပါတယ်
အရွက် အပွင့်ကကျလာသော ဆေးရည် သည် ပင်ခြေ အနီးနား ကျ ရောက်ပြီး အစာရှာ အမြစ်မှစုပ်ယူ စားသောက်ကာ ပင်စည် မှအကိုင်းအလက် အရွက်
ထိုမှအပွင့်အားကောင်းအသီးတင်အရသာရှိအလုံးလှအထွက်တိုးစေမှာပါ ခုလုပ်ခုသုံးပါ။သုံးမကုန်သောဆေးကိုအဖုံးပိတ်အရိပ်ထဲထားပါ ။6-လခန့်သိမ်းဆည်းထားနိုင်ပါတယ်။
credit