နာမည်ကြီးပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်ရှိ မြန်မာနိုင်ငံထုတ် ငါးပြားစေ့အကြောင်း

Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် ပင်လယ်ဓားပြကြီး ကပ္ပတိန် ဂျက်စပဲရိုး Captain Jack Sparrow နဖူးပေါ်မှာတွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကို မိတ်ဆွေတို့ သတိထားမိမှာပါ

အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက် Jack Sparrow piece of eight လို့ခေါ်ပါတယ်။

ဒင်္ဂါးလေး တစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်။ Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီး

ဒင်္ဂါးလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့ သူ့ရန်သူတွေဟာ အဲ့ဒီအဆောင်လေးကို မရမက လိုက်လုပါတယ်။

Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ် ဒါပေမယ့် သူမရခဲ့ပါဘူးနောက်ဆုံးတော့ At World’s End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီး

ရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ် ဒါက piece of eight အကြောင်းပါစကားမစပ် မိတ်ဆွေတို့ သတိထားမိပါသလား သေချာကြည့်ကြည့်ပါ အဲ့သည့် ဒင်္ဂါးလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်

ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါ ဒါနဲ့ internet မှာရှာကြည့်ပါတယ်။

Disney က ဘာပြောထားသလဲဆိုတော့ဒင်္ဂါးလေးက ထိုင်းက ရှေးဟောင်း ဒင်္ဂါးလေးဖြစ်ပြီး ပုတီးစိလေးတွေကတော့ မော်ရိုကိုက ဖြစ်ပါတယ်တဲ့။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယားဒင်္ဂါးတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာသူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ် ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး

မြန်မာ့ငါးပြား မရှိတော့တဲ့အတွက် သူကံဆိုးသွားရတာ ဖြစ်ကြောင်း ပြောပြရင်း ငါးပြားရှင်မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်း တင်ဆက်လိုက်ရပါတယ်။

Credit

Leave a Reply

Your email address will not be published.