သော့ပြင်သမားတစ်ဦးကပေးတဲ့ ဘဝသင်ခန်းစာ

မိမိရဲ့ အချိန်ကို မရောင်းပါနဲ့…..

တစ်ခါက သော့ ဖွင့်/ပြင် တဲ့သူတစ်ယောက်ရှိတယ် လူတွေ အပြင်သွားလို့ အိမ်ထဲသော့ကျန်ခဲ့ပြီး ဖွင့်မရတဲ့အခါကျရင် ဖွင့်ပေးတာ ။

သော့ပျက် ရင်လဲ ပြင်တယ်ပေါ့ ။ သူ စလုပ်တုန်းက သော့ တစ်ခါဖွင့် ရင် ၅ သောင်း ယူတယ် ။ သော့တစ်ခု ဖွင့်ဖို့ အချိန် က မိနစ် ၉၀ ၊ ၁၀၀ လောက် ကြာတာပေါ့ ။

တစ်ခါ ဖွင့် ပေးနိုင်ရင် ၅ သောင်း ရတယ် ။ လုပ်ရင်း လုပ်ရင်းနဲ့ အချိန်ကြာလာ လို့သူ ကျွမ်းကျင်သွားတဲ့ အခါကျတော့ သော့တစ်ခါ ဖွင့်ဖို့ကို မိနစ် ၉၀ လောက် အချိန် မယူတော့ဘူး ။ ၁၀ မိနစ်ဆိုရပြီ ။ တစ်ခါ ဖွင့်ရင် လဲ ၅ သောင်း ပဲ ။

ဒါပေမဲ့ ပြဿနာက ဘယ်လိုလဲ ဆိုတော့ Customer တွေက မိနစ် ၉၀ လောက် အချိန်ယူ ဖွင့်တုန်းက ကျတော့ ၅ သောင်းပေးရမှာ မနှမျောဘူး ။

အခု ၁၀ မိနစ် နဲ့လဲ ဖွင့်ရော…. ဟိုလှည့် ဒီလှည့် နဲ့ ခနလေး လုပ်ပြီး ၅ သောင်း တောင်းတာ မများဘူးလား…… ဆိုတာမျိုးတွေ ဖြစ်လာတယ် ။

အဲ့အခါ သူက ပြောတယ် … ”ကျနော်က အချိန် နဲ့Charge လုပ်တာ မဟုတ်ဘူး… ကျွမ်းကျင်မှု ကို Charge လုပ်တာပါ” လို့ ဆိုပြီး….

အဲ့တော့ ဆိုလိုတာက ကျွန်တော်တို့ အချိန်ကိုရောင်းပြီး လုပ်ငန်းခွင်ထဲ စဝင်ကြတာတော့ မှန်ပါတယ် ။ ဒါပေမဲ့ အမြဲတမ်းကြီးတော့ မဖြစ်စေချင်ပါဘူး ။

အနာဂတ် မှာ ကိုယ့်ရဲ့ အချိန်ထက် ကိုယ့် ကျွမ်းကျင်မှု ကိုယ့် အတွေ့အကြုံတွေ နဲ့သာ ကိုယ့် တန်ဖိုးကို တည်ဆောက်ပါ လို့ အကြံပြုပါတယ် ။ ။
credit

Leave a Reply

Your email address will not be published.