တစ်ပိသာ ကို ၁၈၀,၀၀၀ ကျပ်ထိ ဈေးပေါက် တဲ့ “ကျောက်ကြမ်းပိုး”

ကချင်ပြည်နယ်ပူတာအို ဒေသထွက် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်းများကို တရုတ်နိုင်ငံက ဈေးကောင်းပေး ဝယ်နေသဖြင့် ရှာဖွေသူ များပြားလျက် ရှိကြောင်း

သတင်း ရရှိသည်။ယင်းဈေးကောင်းပေး ဝယ်မှုကို လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး ကျောက်ဂျပိုးများ ဖမ်းရလွယ်ကူသည့်

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မေလိခမြစ်ကမ်းနှင့် ကျောက်ခဲ ပေါများသည့် တခြားချောင်းကြီးများတွင် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း

သိရသည်။ကျောက်ဂျပိုး ကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းများတွင် ပိုက်စိပ်မယ်များဖြင့် လည်းကောင်း ဖမ်းယူနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ ဈေးပိုရကြောင်း၊ဒေသခံများ အတွက် ဝင်ငွေတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။ ပူတာအိုဒေသခံ ဦးအားဖုန်က

“ကျွန်တော်တို့က အရင်က ဒီအကောင်ကို ငရုတ်သီးထောင်းစားတယ်။ အနံ့ပြင်းပြင်းရှိတယ်။ အရသာက ပုရစ်ထက် အဆိမ့်ပိုတယ်။အရှင်က အသေထက်ပိုပြီး အလေးချိန်ရှိတယ်။

တွေ့ရတာက နိုဝင်ဘာ ကနေ နွေဦးကာလ အထိ တွေ့ရတတ်။မတ်လကုန်ရင်တော့ ချောင်းရေတွေလည်း တက်ပြီ။ မိုးလည်း ရွာပြီ ဆိုတော့ မတွေ့ရတော့ဘူး” ဟု ပြောကြားသည်။

ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသ ဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့် လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊

မြစ်ချောင်းအနီးတစ်ဝိုက် တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်များ တွေ့ရှိမှု နည်းလာရကြောင်း သိရသည်။

သတ္တုတွင်းအလုပ်သမားများ အတွက် အရမ်းကောင်းပြီး အကျိုးများရှိပါတယ်။ အဆိပ်အငွေ့ပြေဆေးပါ။ စားလို့ အရမ်း အရသာ ရှိပါတယ်။

မီးကင်ပြီးဖြစ်ဖြစ် ချက်ပြုတ်ပြီးဖြစ်ဖြစ် အစိမ်းပဲဖြစ်ဖြစ်ငါးရုပ်သီးထောင်းစားလို့ ရပါတယ်။

ကျောက်ဖရုံသီးဟင်းရည် ဝက်သားဟင်းချက်တွေမှာ ထည့်ရင် အရသာလဲရှိ အနံ့အမွှေးလဲကောင်း ဆေးလဲဖြစ်ပါတယ်နော် ။

သတိပြုရမှာက သူ့ရဲ့ဖင်ပေါက်ကနေ ပန်းထွက်လာတဲ့ အရည်ကို အရမ်းသတိထားရပါမယ်နော်…

မျက်စိထဲဝင်လို့မရဘူး…နော် မျက်စိ ကွယ်သွားနိုင်လို့ ပါနော် ။သတ္တုတွင်း ကျင်းလုပ်သားများအတွက် အဆိပ်ပြေဆေးအဖြစ် စားသုံးပေးနေရလို့ ဈေးကောင်းပေးဝယ်နေရတာပါ ။Credit

Leave a Reply

Your email address will not be published.