မျက်စိတစ်လုံးသာပါတဲ့ နွားလေးကို မွေးမြူလိုက်မိသောအခါ

Posted by

အိန္ဒိယမှာရှိတဲ့ West Bengal က ရွာတစ်ရွာမှာ ထူးဆန်းစွာ မျက်လုံးတစ်လုံးတည်းသာပါပြီး နှာခေါင်းမရှိတဲ့ နွားငယ်လေးကို မွေးမြူခဲ့ပါတယ်။ အဲ့ဒီပါတဲ့ မျက်လုံးဟာဆိုရင်လည်း ခေါင်းရဲ့မျက်နှာ တည့်တည့်မှာ ရှိနေခဲ့ကာ နှာခေါင်းမပါပါဘူး။ အဲ့ကောင်လေးကို မွေးတဲ့ နွားမကြီးကတော့ လျှာဖြင့်လျက်နေခဲ့ကာ မိခင်စိတ်ဓာတ်ကို တွေ့ရှိခဲ့ရပါတယ်။

ရွာထဲကလူတစ်ယောက်က ” လည်ပင်ထိတော့ အဆင်ပြေပါတယ်ခေါင်းကျမှာသာ အထူးအဆန်းဖြစ်နေခဲ့တာ ” ဆိုပြီး အံ့ဩစွာ ပြောခဲ့ပါတယ်။နောက်မိန်းမတစ်ယောက်ကလည်း”ကျွန်မဝမှာ ဒီလိုမျိုး အထူးအဆန်း တိရစ္ဆာန်မွေးတာကို တစ်ခါမှလည်း မကြားဖူးသလို မြင်လည်း မမြင်ခဲ့ဖူးပါဘူး ” ဆိုပြီး ပြောပြခဲ့ပါတယ်။

အမည်မဖော်လိုသူ ပိုင်ရှင်ကတော့ ” တခြားအနီးအနားက ရွာကလူတွေကတော့ ကျွန်တော်တို့ဆိလာပြီး အဲ့နွားလေးက အလုပ်လုပ်နိုင်လားဆိုပြီးလာမေးခဲ့ကြပါတယ်ကျွန်တော်တို့ကတော့ ဒါဟာ God ရဲ့ထူးခြားတဲ့အရာပါပဲ ပြီးတော့ ဒါဟာ Lord Brahma ပဲဖြစ်မှာပါ ” လို့ပြောခဲ့ပါတယ်။ Lord Brahma ကတော့ ဟိန္ဒူနတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်။

အဲ့လိုမျိုးထူးခြားစွာ မွေးမြူလာပြီးနောက် ပိုင်ရှင်ရဲ့အိမ်ဟာ စီးပွားရေးကောင်းမွန်လာပြီး အစစအရာရာ အဆင်ပြေချောမွတ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း နွားလေးဟာ ရက်အနည်းငယ်သာ အ သက်ရှင်ခဲ့ပြီး သေဆုံးခဲ့ပါတယ်။ နှာခေါင်းမပါပဲ ဘယ်လို သက်ရှိက အသက်ရှူလဲဆိုတာ စဉ်းစားလိုကိုမရပါဘူး။

သိပ္ပံလောကမှာလည်း ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေများစွာကိုတွေ့ရှိတာ ပရိသတ်ကြီးလည်း သိမှာပါ။ ခုဆိုရင်လည်း မျက်စိတစ်လုံးထဲပါတဲ့ နွားလေးတစ်ကောင်ကို မှတ်တမ်းတင်ခဲ့ကြပြန်ပါပြီ။
credit