ကလေးမွေးပြီးသွားတဲ့ မိန်းမကို ဘယ်လောက် တန်တယ်ထင်လဲ…?

Posted by

ကလေးမွေးပြီးသွားတဲ့ မိန်းမကဖတ်ကြည့်ပါ ဘယ်လောက်တန်သလဲ လောကကြီးမှာ မိန်းမတော်တော်များများက မိမိရင်သွေးလေးတွေ ကျန်းမာပျော်ရွှင်စွာ မွေးဖွားကြီးပြင်းလာဖို့အတွက်နဲ့ ကိုယ်ဝန်စဆောင်ချိန်ကစပြီး

လုပ်နေကြလုပ်ငန်းတွေ ရပ်ပစ်လိုက်ရတယ် သန္ဓေသားအထိအခိုက်မရှိရအောင် (၉)လကျော်မျှ ဂရုတစိုက်စိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ရင်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနေထိုင်ရတယ်…

ဒါပေမယ့် လူတော်တော်များများက အကောင်းမပြောကြဘူး…။ ခင်ပွန်းသည်တွေ အပါအဝင်ပေါ့။ အလုပ်လုပ်စရာမလိုဘဲ အိမ်မှာကလေးထိန်းရင်း အေးအေးဆေးဆေး နေလို့ရတာကို ပင်ပန်းတယ်လား တဲ့။

အိမ်သူဇနီးမယား တော်တော်များများ ကိုယ့်ယောကျာ်းစီက ဈေးဖိုးမရှိလို့ လက်ဖြန့်တောင်းရတဲ့ အချိန်မှာ ဘယ်လောက် သိမ်ငယ်ရသလဲဆိုတာ ဘယ်သူမှ မခံစားတတ်ဘူး…။

မသိရင်ဘဲ ယောကျာ်းက တစ်အိမ်လုံးအတွက် ရှာကျွေးနေပြီး မိန်းမက ရသမျှပိုက်ဆံ အေးဆေး ထိုင်ဖြုန်းနေတဲ့ပုံပဲ။ အိမ်အလုပ်လုပ်တာ ဝင်ငွေမရှိဘူးတဲ့လား…။

အမေတစ်ယောက်ရဲ့ အလုပ်တာဝန်နဲ့ အလုပ်တန်ကြေးကို တွက်ပြပါရစေ အမေတစ်ယောက်ဆိုတာဖြစ်လာရင် အောက်ကအလုပ်တွေ စပြီးတာဝန်ယူရပြီ

(၁) အိမ်အကူဈေးဝယ်၊ ဟင်းချက်၊ အဝတ်လျှော်၊ သန့်ရှင်းရေး (လခ ၁သိန်း)

(၂) ကလေးထိန်း ထမင်းကျွေး၊ ရေချိုး၊ ကလေးချော့/သိပ်၊ အန္တရာယ်မဖြစ်ရအောင် စောင့်ရှောက် (လခ ၁သိန်း၅သောင်း)

(၃) ဆရာမ စာသင်၊ ပုံပြင်ပြော၊ အပြင်ထွက်လည်၊ မပျက်စီးအောင် ပဲ့ပြင်ဆုံးမ (လခ ၂သိန်း)

၎) အိမ်တော်ထိန်း အိမ်စောင့်၊ တောက်တိုမယ်ရ ခိုင်းသမျှလုပ်၊ ငွေကြေးစီမံ (လခ ၃သိန်း)

(၅) ဆရာဝန် အိမ်သားတွေရဲ့ ကျန်းမာရေးဂရုစိုက် (လခ ၅သိန်း) ( ဒီလခပမာဏတွေက အပြင်မှာလူခေါ်ရင် ပေးရမယ့် ပေါက်ဈေးကို ပျမ်းမျှတွက်ယူပြထားတာပါ။

ပထမကာလ… သန္ဓေစယူချိန်တာဝန် ကိုယ်ဝန်ဆောင်ပေး၊ သန္ဓေသားစောင့်ရှောက်၊ မွေးဖွားဖို့ ကြိုတင်ပြင်ဆင်၊ အနာဂတ်အတွက် စီမံခန့်ခွဲ အချိန် (၁၀)လ။

ဒုတိယကာလ… မွေးဖွားချိန်မှ ကလေးနို့ပြတ်ချိန်ထိတာဝန် နို့တိုက်မိခင်၊ သန့်ရှင်းရေးသမား၊ ဆရာဝန် အချိန် (၅)နှစ်။

တတိယကာလ…ကလေးပညာစသင်ချိန်မှ ဘွဲ့ရချိန်ထိ တာဝန် ကျောင်းပို့/ကြို၊ ဆရာမ၊ လုံခြုံရေး အချိန် (၁၅)နှစ်။

စတုတ္ထကာလ… ကလေးအရွယ်ရောက်ပြီး စီးပွားရှာချိန်မှ ကျင်ယာဖက်ရချိန်ထိတာဝန် ဘဏ်တိုက်၊ အောင်သွယ် အချိန် (၁၀)နှစ်။

နောက်ဆုံးကာလ မြေးရချိန်မှ အသက်သေးဆုံးချိန်ထိ တာဝန် ကလေးထိန်း၊ အိမ်စောင့် အချိန် မသေခင်အထိ ဒါတွေက အမေတစ်ယောက်ဖြစ်ပြီး လုပ်ရမယ့်တာဝန်တွေနော်။

လခတွေတော့ မပေါင်းပြတော့ဘူး အပြင်ကလူခေါ်ပြီး လုပ်ခိုင်းမယ်ဆိုရင် ခန့်မှန်းကြည့်ယုံနဲ့တင် ဒီတာဝန်အားလုံးအတွက် သိန်းပေါင်းမြောက်များစွာ ပေးရမယ်ဆိုတာ ပြောစရာမလိုတော့ဘူး…။

အပြင်ကဝန်ထမ်းဆိုရင် လခမှန်မှန်ပေးတောင် ကာလအားလုံးအတွက် အားလပ်ရက်မရှိ bonus မရှိဘဲ သေတဲ့အထိလုပ်ရမယ်ဆို အမေတစ်ယောက်လို လခတစ်ပြားမှမရတာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ မညည်းမညူလုပ်နိုင်တဲ့သူရှိမှာမဟုတ်ဘူး…။

ဒါကြောင့် ဒီဥပမာလေးနဲ့ တွက်ချက်ပြထားတာကို ကြည့်မိရင် ဘယ်သူမှမလုပ်နိုင်တဲ့ အလုပ်တွေကို ပိုက်ဆံမရတောင် ပြုံးပြုံးကြီးလုပ်နိုင်တဲ့ ကိုယ့်ရဲ့တန်ဖိုးကြီးလှတဲ့ အိမ်သူသက်ထား ချစ်ဇနီးမယား နောင်မိခင်လောင်းအတွက် ဂုဏ်ယူမိကြမယ်လို့ မျှော်လင့်ရပါတယ်။

အိမ်ထောင်ပြုထားကြတဲ့ အမျိုးကောင်းသားအပေါင်းတို့ ကိုယ်လက်ထပ်ယူထားတဲ့ မိန်းမကို တန်ဖိုးထားကြပါ သူက သင့်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး သင့်နောက်လိုက်ကာ သင့်အတွက် ပေးဆက်ခဲ့သူပါ

သူ့ကိုချစ်ခင်ပါ ကြင်နာပါ ။ သူကြိုးစားအားထုတ်ခဲ့သမျှကို အကောင်းမမြင်နိုင်တောင် လုပ်ခဲ့သမျှတိုင်းအတွက် နောက်ဆုံးမှာ စကားတစ်ခွန်းလေးနဲ့ပဲ အားပေးလိုက်ပါ။

ချစ်ကိုယ့်အတွက် ပေးဆက်ခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးပါ… ချစ်ပင်ပန်းသွားပြီ။

Zawgyi(version)

ကလေးမွေးပြီးသွားတဲ့ မိန်းမကဖတ်ကြည့်ပါ ဘယ်လောက်တန်သလဲ လောကကြီးမှာ မိန်းမတော်တော်များများက မိမိရင်သွေးလေးတွေ ကျန်းမာပျော်ရွှင်စွာ မွေးဖွားကြီးပြင်းလာဖို့အတွက်နဲ့ ကိုယ်ဝန်စဆောင်ချိန်ကစပြီး

လုပ်နေကြလုပ်ငန်းတွေ ရပ်ပစ်လိုက်ရတယ် သန္ဓေသားအထိအခိုက်မရှိရအောင် (၉)လကျော်မျှ ဂရုတစိုက်စိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ရင်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနေထိုင်ရတယ်

ဒါပေမယ့် လူတော်တော်များများက အကောင်းမပြောကြဘူး။ ခင်ပွန်းသည်တွေ အပါအဝင်ပေါ့။ အလုပ္လုပ္စရာမလိုဘဲ အိမ်မှာကလေးထိန်းရင်း အေးအေးဆေးဆေး နေလို့ရတာကို ပင်ပန်းတယ်လား တဲ့။

အိမ်သူဇနီးမယား တော်တော်များများ ကိုယ့်ယောကျာ်းစီက ဈေးဖိုးမရှိလို့ လက်ဖြန့်တောင်းရတဲ့ အချိန်မှာ ဘယ်လောက် သိမ်ငယ်ရသလဲဆိုတာ ဘယ်သူမွ မခံစားတတ္ဘူး။

မသိရင်ဘဲ ယောကျာ်းက တစ်အိမ်လုံးအတွက် ရှာကျွေးနေပြီး မိန်းမက ရသမျှပိုက်ဆံ အေးဆေး ထိုင်ဖြုန်းနေတဲ့ပုံပဲ။ အိမ်အလုပ်လုပ်တာ ဝင်ငွေမရှိဘူးတဲ့လား။

အမေတစ်ယောက်ရဲ့ အလုပ်တာဝန်နဲ့ အလုပ်တန်ကြေးကို တွက်ပြပါရစေ အမေတစ်ယောက်ဆိုတာဖြစ်လာရင် အောက်ကအလုပ်တွေ စပြီးတာဝန်ယူရပြီ

(၁) အိမ်အကူဈေးဝယ်၊ ဟင်းချက်၊ အဝတ်လျှော်၊ သန့်ရှင်းရေး (လခ ၁သိန်း)

(၂) ကလေးထိန်း ထမင်းကျွေး၊ ရေချိုး၊ ကလေးချော့/သိပ်၊ အန္တရာယ်မဖြစ်ရအောင် စောင့်ရှောက် (လခ ၁သိန်း၅သောင်း)

(၃) ဆရာမ စာသင်၊ ပုံပြင်ပြော၊ အပြင်ထွက်လည်၊ မပျက်စီးအောင် ပဲ့ပြင်ဆုံးမ (လခ ၂သိန်း)

၎) အိမ်တော်ထိန်း အိမ်စောင့်၊ တောက်တိုမယ်ရ ခိုင်းသမျှလုပ်၊ ငွေကြေးစီမံ (လခ ၃သိန်း)

(၅) ဆရာဝန် အိမ်သားတွေရဲ့ ကျန်းမာရေးဂရုစိုက် (လခ ၅သိန်း) ( ဒီလခပမာဏေတြက အပြင်မှာလူခေါ်ရင် ပေးရမယ့် ပေါက်ဈေးကို ပျမ်းမျှတွက်ယူပြထားတာပါ။

ပထမကာလ သန္ဓေစယူချိန်တာဝန် ကိုယ်ဝန်ဆောင်ပေး၊ သန္ဓေသားစောင့်ရှောက်၊ မွေးဖွားဖို့ ကြိုတင်ပြင်ဆင်၊ အနာဂတ်အတွက် စီမံခန့်ခွဲ အချိန် (၁၀)လ။

ဒုတိယကာလ မွေးဖွားချိန်မှ ကလေးနို့ပြတ်ချိန်ထိတာဝန် နို့တိုက်မိခင်၊ သန့်ရှင်းရေးသမား၊ ဆရာဝန် အချိန် (၅)နှစ်။

တတိယကာလကလေးပညာစသင်ချိန်မှ ဘွဲ့ရချိန်ထိ တာဝန် ကျောင်းပို့/ကြို၊ ဆရာမ၊ လုံခြုံရေး အချိန် (၁၅)နှစ်။

စတုတ္ထကာလ ကလေးအရွယ်ရောက်ပြီး စီးပွားရှာချိန်မှ ကျင်ယာဖက်ရချိန်ထိတာဝန် ဘဏ်တိုက်၊ အောင်သွယ် အချိန် (၁၀)နှစ်။

နောက်ဆုံးကာလ မြေးရချိန်မှ အသက်သေးဆုံးချိန်ထိ တာဝန် ကလေးထိန်း၊ အိမ်စောင့် အချိန် မသေခင်အထိ ဒါတွေက အမေတစ်ယောက်ဖြစ်ပြီး လုပ်ရမယ့်တာဝန်တွေနော်။

လခေတြေတာ့ မပေါင်းပြတော့ဘူး အပြင်ကလူခေါ်ပြီး လုပ်ခိုင်းမယ်ဆိုရင် ခန့်မှန်းကြည့်ယုံနဲ့တင် ဒီတာဝန်အားလုံးအတွက် သိန်းပေါင်းမြောက်များစွာ ပေးရမယ်ဆိုတာ ပြောစရာမလိုတော့ဘူး။

အပြင်ကဝန်ထမ်းဆိုရင် လခမှန်မှန်ပေးတောင် ကာလအားလုံးအတွက် အားလပ်ရက်မရှိ bonus မရွိဘဲ သေတဲ့အထိလုပ်ရမယ်ဆို အမေတစ်ယောက်လို လခတစ်ပြားမှမရတာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ မညည်းမညူလုပ်နိုင်တဲ့သူရှိမှာမဟုတ်ဘူး။

ဒါကြောင့် ဒီဥပမာလေးနဲ့ တွက်ချက်ပြထားတာကို ကြည့်မိရင် ဘယ်သူမှမလုပ်နိုင်တဲ့ အလုပ်တွေကို ပိုက်ဆံမရတောင် ပြုံးပြုံးကြီးလုပ်နိုင်တဲ့ ကိုယ့်ရဲ့တန်ဖိုးကြီးလှတဲ့ အိမ်သူသက္ထား ခ်စ္ဇနီးမယား နောင်မိခင်လောင်းအတွက် ဂုဏ်ယူမိကြမယ်လို့ မျှော်လင့်ရပါတယ်။

အိမ်ထောင်ပြုထားကြတဲ့ အမျိုးကောင်းသားအပေါင်းတို့ ကိုယ်လက်ထပ်ယူထားတဲ့ မိန်းမကို တန်ဖိုးထားကြပါ သူက သင့်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး သင့်နောက်လိုက်ကာ သင့်အတွက် ပေးဆက်ခဲ့သူပါ

သူ့ကိုချစ်ခင်ပါ ကြင်နာပါ ။ သူကြိုးစားအားထုတ်ခဲ့သမျှကို အကောင်းမမြင်နိုင်တောင် လုပ်ခဲ့သမျှတိုင်းအတွက် နောက်ဆုံးမှာ စကားတစ်ခွန်းလေးနဲ့ပဲ အားပေးလိုက်ပါ။

ချစ်ကိုယ့်အတွက် ပေးဆက်ခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးပါ ချစ်ပင်ပန်းသွားပြီ။