ေငြကို… ရွာဖို႔ သုံးမွာလား… သုံးဖို႔ ရွာမွာလား…?

Posted by

ချမ်းသာဖို့ အတွက် ငွေသုံးပါ… နည်း နည်းထူးဆန်းသွားလား သူငယ်ချင်း…? ငါတို့က ချမ်းသာဖို့ ပိုက်ဆံ စုပါပဲ သိခဲ့တာလေ… ဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ… သူငယ်ချင်း ။

သူတို့ ဘဝတွေဟာ ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။ ငါတို့ သာမာန် အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း….ငါတို့တွေဟာ ဆင်းရဲပြီးရင်း ဆင်းရဲနေကြတယ်… ဘာဖြစ်လို့လဲ…?

ငါတို့လို သာမာန် အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ်။ ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေ ပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း.။ Workers spend what they get, Rich men get what they spend တဲ့…။

အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်

သူဌေး = အသုံးစရိတ် to ဝင်ငွေ

ဒါဆို သူဌေးတွေ ဘယ်လို ဘယ်လို ပိုက်ဆံသုံးတာလဲ…? သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံဖို့ အတွက် ပိုက်ဆံ သုံးကြတယ်..သူတို့ ရဲ့ ပိုက်ဆံတွေကို

စီးပွားရေး တိုးတက်ဖို့၊ လုပ်ငန်းတွေ ချဲ့ထွင်ဖို့၊ ပညာသစ်တွေရဖို့ အတွက် သုံးကြတယ်..။ ဒီတော့ သူတို့ သုံးသမျှက သူတို့အတွက် ဝင်ငွေ ပြန်ဖြစ်လာတယ်

များများသုံးလေ များများဝင်ငွေရလေပေါ့..။ ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်း ချမ်းသာတော့တာပဲ..။ သာမာန် အလုပ်သမားတွေ ဘယ်လို ပိုက်ဆံသုံးကြလဲ…?

ရသမျှကို သုံးဖို့ပဲ စဉ်းစားကြတယ်..။ လစာလေး ရပြီဆိုပါစို့… အဝတ်အစားလေး ပြေးဝယ်၊ ဆိုင်ကောင်းလေး ပြေးထိုင်၊ အရက်လေးသောက်၊ ဖုန်းအသစ်လေးကိုင်… သာမာန် အလုပ်သမားတွေဟာ

ဝင်ငွေကို ဘယ်လိုသုံးမလဲပဲ စဉ်းစားတယ် အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေ ရအောင် လုပ်မလဲ မစဉ်းစားကြဘူး… ဒီလိုနဲ့ ဆင်းရဲပြီးရင်း ဆင်းရဲလာတာပေါ့။

သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ်… အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ ရှာတယ်… သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ်.. (များများ သုံး.. များများ ချမ်းသာ)

အလုပ်သမားတွေရဲ့ ဝင်ငွေဟာတော့… သူတို့အတွက် အသုံးစရိတ်ပဲ ဖြစ်သွားတယ်… (များများ သုံး… များများ ဆင်းရဲ)

ဒီမှာ သူငယ်ချင်း… မင်းရဲ ပိုက်ဆံကို ဆင်းရဲဖို့အတွက် သုံးမလား…? ချမ်းသာဖို့ အတွက် သုံးမလား…? ဆင်းရဲဖို့ သုံးမယ်ဆိုရင်တော့… မင်းလိုချင်တာတွေ လျှောက်ဝယ်ပေါ့..။ ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့… ရင်နှီးမြုပ်နှံပေါ့ကွာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Zawgyi(version)

ခ်မ္းသာဖို႔ အတြက္ ေငြသုံးပါ နည္း နည္းထူးဆန္းသြားလား သူငယ္ခ်င္း? ငါတို႔က ခ်မ္းသာဖို႔ ပိုက္ဆံ စုပါပဲ သိခဲ့တာေလ ေဌးဆိုတဲ့ လူတန္းစားေတြကို ၾကည့္လိုက္စမ္းပါ သူငယ္ခ်င္း ။

သူတို႔ ဘဝေတြဟာ ခ်မ္းသာၿပီးရင္း ခ်မ္းသာေနၾကတယ္။ ငါတို႔ သာမာန္ အလုပ္သမားဘဝေတြကို ၾကည့္လိုက္စမ္းပါသူငယ္ခ်င္း.ငါတို႔ေတြဟာ ဆင္းရဲၿပီးရင္း ဆင္းရဲေနၾကတယ္ ဘာျဖစ္လို႔လဲ?

ငါတို႔လို သာမာန္ အလုပ္သမားေတြရဲ႕ ဝင္ေငြဟာ ငါတို႔ရဲ႕ အသုံးစရိတ္ျဖစ္သြားတယ္။ ဒါေပမဲ့ သူေဌးေတြရဲ႕ အသုံးစရိတ္ဟာ သူတို႔ရဲ႕ ဝင္ေငြ ျပန္ျဖစ္သြားလို႔ပဲ သူငယ္ခ်င္း.။ Workers spend what they get, Rich men get what they spend တဲ့။

အလုပ္သမား= ဝင္ေငြ to အသုံးစရိတ္

သူေဌး = အသုံးစရိတ္ to ဝင္ေငြ

ဒါဆို သူေဌးေတြ ဘယ္လို ဘယ္လို ပိုက္ဆံသုံးတာလဲ? သူေဌးေတြဟာ investment spending လို႔ေခၚတဲ့ ရင္ႏွီးျမဳပ္ႏွံဖို႔ အတြက္ ပိုက္ဆံ သုံးၾကတယ္..သူတို႔ ရဲ႕ ပိုက္ဆံေတြကို

စီးပြားေရး တိုးတက္ဖို႔၊ လုပ္ငန္းေတြ ခ်ဲ့ထြင္ဖို႔၊ ပညာသစ္ေတြရဖို႔ အတြက္ သုံးၾကတယ္..။ ဒီေတာ့ သူတို႔ သုံးသမွ်က သူတို႔အတြက္ ဝင္ေငြ ျပန္ျဖစ္လာတယ္

မ်ားမ်ားသုံးေလ မ်ားမ်ားဝင္ေငြရေလေပါ့..။ ဒီလိုနဲ႕ သူတို႔ဟာ ခ်မ္းသာၿပီးရင္း ခ်မ္းသာေတာ့တာပဲ..။ သာမာန္ အလုပ္သမားေတြ ဘယ္လို ပိုက္ဆံသုံးၾကလဲ?

ရသမွ်ကို သုံးဖို႔ပဲ စဥ္းစားၾကတယ္..။ လစာေလး ရၿပီဆိုပါစို႔ အဝတ္အစားေလး ေျပးဝယ္၊ ဆိုင္ေကာင္းေလး ေျပးထိုင္၊ အရက္ေလးေသာက္၊ ဖုန္းအသစ္ေလးကိုင္ သာမာန္ အလုပ္သမားေတြဟာ

ဝင္ေငြကို ဘယ္လိုသုံးမလဲပဲ စဥ္းစားတယ္ အသုံးစရိတ္ကေန ဘယ္လိုဝင္ေငြ ရေအာင္ လုပ္မလဲ မစဥ္းစားၾကဘူး ဒီလိုနဲ႕ ဆင္းရဲၿပီးရင္း ဆင္းရဲလာတာေပါ့။

သူေဌးေတြဟာ ပိုက္ဆံရွာဖို႔ သုံးတယ္ အလုပ္သမားေတြဟာ ပိုက္ဆံသုံးဖို႔ ရွာတယ္ သူေဌးေတြရဲ႕ အသုံးစရိတ္ဟာ သူတို႔အတြက္ ဝင္ေငြျပန္ျဖစ္တယ္.. (မ်ားမ်ား သုံး.. မ်ားမ်ား ခ်မ္းသာ)

အလုပ္သမားေတြရဲ႕ ဝင္ေငြဟာေတာ့ သူတို႔အတြက္ အသုံးစရိတ္ပဲ ျဖစ္သြားတယ္ (မ်ားမ်ား သုံး မ်ားမ်ား ဆင္းရဲ)

ဒီမွာ သူငယ္ခ်င္း မင္းရဲ ပိုက္ဆံကို ဆင္းရဲဖို႔အတြက္ သုံးမလား? ခ်မ္းသာဖို႔ အတြက္ သုံးမလား? ဆင္းရဲဖို႔ သုံးမယ္ဆိုရင္ေတာ့ မင္းလိုခ်င္တာေတြ ေလွ်ာက္ဝယ္ေပါ့..။ ခ်မ္းသာဖို႔ သုံးမယ္ဆိုရင္ေတာ့ ရင္ႏွီးျမဳပ္ႏွံေပါ့ကြာ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။