“ယံုုၾကည္မူ” ဆိုတာကို အဓိပၸါယ္ ဖြင့္ဆိုလိုက္ေသာအခါ…

Posted by

၁။ အရင်တုန်း က ကျွန်တော် နေထိုင်ခဲ့တဲ့ တောမြို့ လေးမှာ မိုးခေါ် ပွဲ ကျင်းပ ခဲ့ပါတယ်။ အုန်းပွဲ၊ ငှက်ပျောပွဲ စတဲ့ ပွဲတော်တွေ ခမ်းခမ်းနားနား ပြင်ဆင် ထားကြပြီး ရွာသားများ ဟာ

အိုးစည် ဗုံမောင်းတွေနဲ့ ချိန့်ချိန့် သဲသဲ ကျင်းပ ကြပါတယ်။ သတိထားမိတာ တစ်ခုက ရွာသူမ သုံးလေးဦး တို့ဟာ မိုးခေါ်ပွဲမှာ မိုးရွာမှာ ကြောက်လို့ ထီးနဲ့ ခမောက် ယူလာ ကြပါတယ်။

သူတို့ က မိုးခေါ် ရင် မိုး တကယ်ရွာမယ် ဆိုတာ အပြည့်အ၀ ယုံကြည်ထားပုံ ရပါတယ်။ ဒါကို “ သက်ဝင် ယုံကြည်မူ” လို့ခေါ် ပါတယ်။

၂။ ကလေးငယ်ကို အပေါ်သို့ ပစ်လိုက်တယ်။ ပြီးရင် ပြန်ဖမ်းတယ်။ ကလေးက တစ်ဟားဟား ရယ်မော တယ်။ သူ့ အကျမှာ သင့်က သူ့ကို အမိအရ

ဖမ်းထားမယ် ဆိုတာ သူ အပြည့်အ၀ ယုံကြည် တယ်။ ဒါကို “ အားကိုး ယုံကြည်မူ” လို့ခေါ် ပါတယ်။

၃။ ကျွန်တော်တို့ ညတိုင်း စိတ်ချ လက်ချ နဲ့ အိပ်ယာ ဝင်ကြပါတယ်။ ကျွန်တော်တို့ဟာ ပြန်လည်မနိူးလာမှာကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဘူး။ စိတ်ချ လက်ချ အိပ်ပြီး

မနက်ဖန်အတွက် အမြဲတမ်း နိူးစက် ပေးလေ့ ရှိပါတယ်။ ဒါကို “စိတ်ချ ယုံကြည်မူ” လို့ခေါ် ပါတယ်။

၄။ အနာဂတ်ဆိုတာ ဘာမှေ ရရေရာရာ မသိပေမဲ့… ကျွန်တော်တို့ဟာ အနာဂတ်အတွက် စီမံကိန်းတွေ၊ Plan တွေ

အမျိုးမျိုး ရေးဆွဲ ကြပါတယ်။ အမျိုးမျိုး စီစဉ် ကြပါတယ်။ ဒါကို “ မျှော်လင့်ချက် ယုံကြည်မူ” လို့ခေါ် ပါတယ်။

၅။ လူဆိုတာ အသက် တစ်ရာ မနေရပေမဲ့ အမှု တစ်ရာနဲ့ ရင်ဆိုင် ရတတ်ပါတယ်။ လူဘဝဆိုတာ သုခထက် ဒုက္ခက အများကြီး ပိုများတယ် ဆိုတာ လူတိုင်း လက်ခံထားကြပါတယ်။ ဒါပေမဲ့…

လူငယ်တွေဟာ မေတ္တာ သက်ဝင်ကြဆဲ၊ အိမ်ထောင် အတွင်းသို့ တစ်ဝုန်းဝုန်း ခုန်ဆင်းနေကြဆဲ ဖြစ်ပါတယ်။ ဒါဟာ “ ချစ်ခြင်းမေတ္တာ အားထား ယုံကြည်မူ” လို့ခေါ် ပါတယ်။

၆။ မန္တလေးတောင် ကို မနက်တိုင်း တက်တဲ့ ဦးလေးကြီး တစ်ဦးရဲ့ စပို့ရှပ်မှာ ဒီလို ရေးထိုးထားတာ ဖတ်ဖူး ပါတယ်။ “ ကျွန်တော် အသက် ၆၀ မဟုတ်ပါ။ ပျော်ရွှင်စရာ အတိနဲ့ ပြီးတဲ့ ၁၆ နှစ်နဲ့

အတွေ့အကြုံ ပြည့်ဝတဲ့ ၄၄ နှစ် ပူးပေါင်း ထားပါတယ်။ ဒါ စိတ်ထားတတ်တဲ့ ယုံကြည်မူမျိုး ဖြစ်ပါတယ်။ ဒါကို “ စိတ်နေစိတ်ထား ယုံကြည်မူ” လို့ခေါ် ပါတယ်။

Zawgyi(version)

၁။ အရင္တုန္း က ကြၽန္ေတာ္ ေနထိုင္ခဲ့တဲ့ ေတာၿမိဳ႕ ေလးမွာ မိုးေခၚ ပြဲ က်င္းပ ခဲ့ပါတယ္။ အုန္းပြဲ၊ ငွက္ေပ်ာပြဲ စတဲ့ ပြဲေတာ္ေတြ ခမ္းခမ္းနားနား ျပင္ဆင္ ထားၾကၿပီး ႐ြာသားမ်ား ဟာ

အိုးစည္ ဗုံေမာင္းေတြနဲ႕ ခ်ိန႔္ခ်ိန႔္ သဲသဲ က်င္းပ ၾကပါတယ္။ သတိထားမိတာ တစ္ခုက ႐ြာသူမ သုံးေလးဦး တို႔ဟာ မိုးေခၚပြဲမွာ မိုး႐ြာမွာ ေၾကာက္လို႔ ထီးနဲ႕ ခေမာက္ ယူလာ ၾကပါတယ္။

သူတို႔ က မိုးေခၚ ရင္ မိုး တကယ္႐ြာမယ္ ဆိုတာ အျပည့္အ၀ ယုံၾကည္ထားပုံ ရပါတယ္။ ဒါကို သက္ဝင္ ယုံၾကည္မူ လို႔ေခၚ ပါတယ္။

၂။ ကေလးငယ္ကို အေပၚသို႔ ပစ္လိုက္တယ္။ ၿပီးရင္ ျပန္ဖမ္းတယ္။ ကေလးက တစ္ဟားဟား ရယ္ေမာ တယ္။ သူ႕ အက်မွာ သင့္က သူ႕ကို အမိအရ

ဖမ္းထားမယ္ ဆိုတာ သူ အျပည့္အ၀ ယုံၾကည္ တယ္။ ဒါကို အားကိုး ယုံၾကည္မူ လို႔ေခၚ ပါတယ္။

၃။ ကြၽန္ေတာ္တို႔ ညတိုင္း စိတ္ခ် လက္ခ် နဲ႕ အိပ္ယာ ဝင္ၾကပါတယ္။ ကြၽန္ေတာ္တို႔ဟာ ျပန္လည္မနိူးလာမွာကို ဘယ္တုန္းကမွ မစိုးရိမ္ခဲ့ဘူး။ စိတ္ခ် လက္ခ် အိပ္ၿပီး

မနက္ဖန္အတြက္ အၿမဲတမ္း နိူးစက္ ေပးေလ့ ရွိပါတယ္။ ဒါကို စိတ္ခ် ယုံၾကည္မူ လို႔ေခၚ ပါတယ္။

၄။ အနာဂတ္ဆိုတာ ဘာေမွ ရေရရာရာ မသိေပမဲ့ ကြၽန္ေတာ္တို႔ဟာ အနာဂတ္အတြက္ စီမံကိန္းေတြ၊ Plan ေတြ

အမ်ိဳးမ်ိဳး ေရးဆြဲ ၾကပါတယ္။ အမ်ိဳးမ်ိဳး စီစဥ္ ၾကပါတယ္။ ဒါကို ေမွ်ာ္လင့္ခ်က္ ယုံၾကည္မူ လို႔ေခၚ ပါတယ္။

၅။ လူဆိုတာ အသက္ တစ္ရာ မေနရေပမဲ့ အမႈ တစ္ရာနဲ႕ ရင္ဆိုင္ ရတတ္ပါတယ္။ လူဘဝဆိုတာ သုခထက္ ဒုကၡက အမ်ားႀကီး ပိုမ်ားတယ္ ဆိုတာ လူတိုင္း လက္ခံထားၾကပါတယ္။ ဒါေပမဲ့

လူငယ္ေတြဟာ ေမတၱာ သက္ဝင္ၾကဆဲ၊ အိမ္ေထာင္ အတြင္းသို႔ တစ္ဝုန္းဝုန္း ခုန္ဆင္းေနၾကဆဲ ျဖစ္ပါတယ္။ ဒါဟာ ခ်စ္ျခင္းေမတၱာ အားထား ယုံၾကည္မူ လို႔ေခၚ ပါတယ္။

၆။ မႏၱေလးေတာင္ ကို မနက္တိုင္း တက္တဲ့ ဦးေလးႀကီး တစ္ဦးရဲ႕ စပို႔ရွပ္မွာ ဒီလို ေရးထိုးထားတာ ဖတ္ဖူး ပါတယ္။ ကြၽန္ေတာ္ အသက္ ၆၀ မဟုတ္ပါ။ ေပ်ာ္႐ႊင္စရာ အတိနဲ႕ ၿပီးတဲ့ ၁၆ ႏွစ္နဲ႕

အေတြ႕အႀကဳံ ျပည့္ဝတဲ့ ၄၄ ႏွစ္ ပူးေပါင္း ထားပါတယ္။ ဒါ စိတ္ထားတတ္တဲ့ ယုံၾကည္မူမ်ိဳး ျဖစ္ပါတယ္။ ဒါကို စိတ္ေနစိတ္ထား ယုံၾကည္မူ လို႔ေခၚ ပါတယ္။