မီးပူတိုက်ဖို့ အဆင်မပြေတဲ့အခါ အပြင်သွားဖို့ရှိလာရင် အရမ်းကို အခက်တွေ့ပါတယ်။ တွန့်ကြေနေတဲ့အင်္ကျီနဲ့ အပြင်မသွားချင်ဘူး ဆိုရင်တော့
မီးပူတိုက်စရာမလိုဘဲ အင်္ကျီတွေကို ပြန့်ပြူးသွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
နည်းလမ်း ၁
ဖျန်းလို့ရတဲ့ ဘူးတစ်ခုထဲမှာ ရေအေး ၅၀၀ မီလီလီတာ၊ ချည်သားနူးညံ့စေတဲ့ဆေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း သို့မဟုတ် ၂ ဇွန်းထည့်ပြီး လှုပ်ခါလိုက်ပါ။
လှုပ်ခါပြီးတဲ့အခါ တွန့်ကြေနေတဲ့ အင်္ကျီတွေပေါ်မှာ ဖြန်းလိုက်ပြီး လက်နဲ့ ဆန့်ဆွဲလိုက်ပါ။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့အခါ
အင်္ကျီတွေပေါ်မှာ တွန့်ကြေနေတာတွေ ပျောက်သွားမှာပါ။ ဒီနည်းလမ်းက ချည်သားအင်္ကျီတွေက ပိုးသားလိုပါ နူးညံသွားစေပါတယ်။
နည်းလမ်း ၂
ဖျန်းဘူးထဲမှာ ရေထည့်ပြီး တွန့်ကြေနေတဲ့ အဝတ်အစားတွေကို ဖျန်းလိုက်ပါ။ အဲဒီနောက် အဝတ်အစားတွေကို လက်နဲ့ ပွတ်တိုက်ပြီး ဖြန့်လိုက်ပါ။
ပြီးရင် အဝတ်အစားတွေကို ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံပါ။ ချည်သားဆိုရင် လေကို အပူပေးပြီး မှုတ်လို့ရပါတယ်။ နူးညံ့တဲ့ပိုးသားလို ဆိုရင်တော့ လေအေးနဲ့ မှုတ်ပါ။
နည်းလမ်း ၃
နောက်တစ်နည်းကတော့ ဆံပင်ဖြောင့်စက်နဲ့ပါ။ တွ့န်ကြေနေတဲ့ အဝတ်အစားတွေပေါ်ကို ရေအနည်းငယ် တို့ထားလိုက်ပါ။
ပြီးရင် ဆံပင်ဖြောင့်စက်ကို အပူအနည်းငယ်ပေးပြီး အဝတ်အစားတွေပေါ်မှာ ဖြည်းဖြည်းချင်း မီးပူတိုက်သလို တိုက်လိုက်ပါ။
ဆံပင်ဖြောင့်စက်က အပူချိန်မြင့်သွားတတ်တာကြောင့် အဝတ်အစားတွန့်ရာခေါက်ရာတွေကို ခဏအတွင်း ပြေသွားစေပါတယ်။
ဒါပေမယ့် ပါးလွှာတဲ့ချည်သားတွေဆိုရင်တော့ အဝတ်အစားတွေ မီးကျွမ်းသွားနိုင်ပါတယ်။
နည်းလမ်း ၄
အဝတ်အစားတွေတွန့်ခေါက်နေရင် ရေပူနဲ့ ခဏစိမ်ထားလိုက်ပါ။ ပြီးရင်အဝတ်လှမ်းတဲ့ချိတ်နဲ့ ချိတ်ထားလိုက်ပါ။
၁၅ မိနစ်လောက်ထားပြီးရင်တော့ ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံပေးပါ။ လီနင်နဲ့ချုပ်ထားတဲ့အဝတ်အစားဆိုရင်တော့ အချိန်ပိုကြာတတ်ပါတယ်။
နည်းလမ်း ၅
လျှော်ပြီးသားအဝတ်အစားတွေကို လေပူမှုတ်ပေးပြီး ဖွရင်းခြောက်သွေ့စေတဲ့ လှိမ့်သွေ့စက် သင့်မှာရှိရင်တော့ အဲဒီစက်ထဲကို တွန့်ကြေနေတဲ့ အဝတ်အစားတွေ ထည့်လိုက်ပါ။
ပြီးရင် ရေခဲတုံးနှစ်တုံးထပ်ထည့်ပြီး အပူချိန်မြင့်မြင့်နဲ့ ၁၀မိနစ်ကြာအောင် အခြောက်ခံလိုက်ပါ။
ရေခဲတုံးလေးတွေ အရည်ပျော်သွားရင် ရေနွေးငွေ့တွေထွက်လာပြီး အင်္ကျီမှာ တွန့်ကြေတာတွေ ပျောက်သွားပါတယ်။
ဒါပေမယ့် လှိမ့်သွေ့စက်ကို အသုံးမပြုခင်မှာ သင့်ရဲ့အင်္ကျီက လှိမ့်သွေံစက်ထဲကို အပူချိန်မြင့်မြင့်နဲ့ ထည့်လို့ရလားဆိုတာကို အညွှန်းမှာ အရင်ဖတ်သင့်ပါတယ်။
နည်းလမ်း ၆
ပိတ်စတစ်ခုကို ရေစိုအောင် စွတ်ပြီး ရေတွေပြောင်အောင် ညှစ်လိုက်ပါ။ အဲဒီနောက် တွန့်ကြေတဲ့အဝတ်အစားပေါ်မှာ ရေစွတ်ထားတဲ့ပိတ်စကို မိနစ် ၃၀ ခန့်တင်ထားပါ။
ပြီးရင် အဝတ်ကို ခါလိုက်ပါ။ ၁၅ မိနစ်ခန့်ခြောက်သွေ့အောင် လှန်းထားပြီးရင်တော့ အင်္ကျီပေါ်က တွန့်ခေါက်ရာတွေ ပျောက်သွားပါပြီ။
နည်းလမ်း ၇
မီးပူတိုက်လို့မရတဲ့ နေရာတွေမှာ ရေနွေးအိုးထဲကို ရေနွေးထည့်ပြီး မီးပူတိုက်သလို တိုက်နိုင်ပါတယ်။ ဒါမှမဟုတ် အဝတ်အစားတွေကို
ဆူနေတဲ့ ရေနွေးအိုးနားကို ယူသွားလို့လည်း ရပါတယ်။ ရေနွေးငွေ့တွေကလည်း အင်္ကျီက တွန့်ကြေနေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
နည်းလမ်း ၈
အဝတ်အစား အခြောက်ခံစက်ထဲမှာ အဝတ်အစားတွေနဲ့အတူ ရေခဲတုံးလေးအနည်းငယ် ထည့်ပါ။ အခြောက်ခံစက်ကို အပူချိန်အနည်းငယ်မြင့်ထားပါ။
၅ မိနစ်ခန့် ကြာပြီးရင်တော့ ရေခဲတုံးလေးတွေ ပျော်သွားပြီး အဝတ်အစားတွေကလည်း စိုထိုင်းထိုင်း ဖြစ်သွားပါပြီ။
ဒီနည်းကတော့ မီးပူတိုက်သလောက်တော့ မထိရောက်ပါဘူး။ ဒါပေမယ့် အဝတ်အစားမှာ တွန့်ကြေတာတွေတော့ ပျောက်သွားပါတယ်။ Credit
Zaw Gyi
မီးပူတိုက္ဖို႔ အဆင္မေျပတဲ့အခါ အျပင္သြားဖို႔ရွိလာရင္ အရမ္းကို အခက္ေတြ႕ပါတယ္။ တြန႔္ေၾကေနတဲ့အက်ႌနဲ႔ အျပင္မသြားခ်င္ဘူး ဆိုရင္ေတာ့
မီးပူတိုက္စရာမလိုဘဲ အက်ႌေတြကို ျပန႔္ျပဴးသြားေစမယ့္ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။
နည္းလမ္း ၁
ဖ်န္းလို႔ရတဲ့ ဘူးတစ္ခုထဲမွာ ေရေအး ၅၀၀ မီလီလီတာ၊ ခ်ည္သားႏူးညံ့ေစတဲ့ေဆး လက္ဖက္ရည္ဇြန္း ၁ ဇြန္း သို႔မဟုတ္ ၂ ဇြန္းထည့္ၿပီး လႈပ္ခါလိုက္ပါ။
လႈပ္ခါၿပီးတဲ့အခါ တြန႔္ေၾကေနတဲ့ အက်ႌေတြေပၚမွာ ျဖန္းလိုက္ၿပီး လက္နဲ႔ ဆန႔္ဆြဲလိုက္ပါ။ စကၠန႔္အနည္းငယ္ ၾကာၿပီးတဲ့အခါ
အက်ႌေတြေပၚမွာ တြန႔္ေၾကေနတာေတြ ေပ်ာက္သြားမွာပါ။ ဒီနည္းလမ္းက ခ်ည္သားအက်ႌေတြက ပိုးသားလိုပါ ႏူးညံသြားေစပါတယ္။
နည္းလမ္း ၂
ဖ်န္းဘူးထဲမွာ ေရထည့္ၿပီး တြန႔္ေၾကေနတဲ့ အဝတ္အစားေတြကို ဖ်န္းလိုက္ပါ။ အဲဒီေနာက္ အဝတ္အစားေတြကို လက္နဲ႔ ပြတ္တိုက္ၿပီး ျဖန႔္လိုက္ပါ။
ၿပီးရင္ အဝတ္အစားေတြကို ဆံပင္ေလမႈတ္စက္နဲ႔ အေျခာက္ခံပါ။ ခ်ည္သားဆိုရင္ ေလကို အပူေပးၿပီး မႈတ္လို႔ရပါတယ္။ ႏူးညံ့တဲ့ပိုးသားလို ဆိုရင္ေတာ့ ေလေအးနဲ႔ မႈတ္ပါ။
နည္းလမ္း ၃
ေနာက္တစ္နည္းကေတာ့ ဆံပင္ေျဖာင့္စက္နဲ႔ပါ။ တြ႕န္ေၾကေနတဲ့ အဝတ္အစားေတြေပၚကို ေရအနည္းငယ္ တို႔ထားလိုက္ပါ။
ၿပီးရင္ ဆံပင္ေျဖာင့္စက္ကို အပူအနည္းငယ္ေပးၿပီး အဝတ္အစားေတြေပၚမွာ ျဖည္းျဖည္းခ်င္း မီးပူတိုက္သလို တိုက္လိုက္ပါ။
ဆံပင္ေျဖာင့္စက္က အပူခ်ိန္ျမင့္သြားတတ္တာေၾကာင့္ အဝတ္အစားတြန႔္ရာေခါက္ရာေတြကို ခဏအတြင္း ေျပသြားေစပါတယ္။
ဒါေပမယ့္ ပါးလႊာတဲ့ခ်ည္သားေတြဆိုရင္ေတာ့ အဝတ္အစားေတြ မီးကြၽမ္းသြားႏိုင္ပါတယ္။
နည္းလမ္း ၄
အဝတ္အစားေတြတြန႔္ေခါက္ေနရင္ ေရပူနဲ႔ ခဏစိမ္ထားလိုက္ပါ။ ၿပီးရင္အဝတ္လွမ္းတဲ့ခ်ိတ္နဲ႔ ခ်ိတ္ထားလိုက္ပါ။
၁၅ မိနစ္ေလာက္ထားၿပီးရင္ေတာ့ ဆံပင္ေလမႈတ္စက္နဲ႔ အေျခာက္ခံေပးပါ။ လီနင္နဲ႔ခ်ဳပ္ထားတဲ့အဝတ္အစားဆိုရင္ေတာ့ အခ်ိန္ပိုၾကာတတ္ပါတယ္။
နည္းလမ္း ၅
ေလွ်ာ္ၿပီးသားအဝတ္အစားေတြကို ေလပူမႈတ္ေပးၿပီး ဖြရင္းေျခာက္ေသြ႕ေစတဲ့ လွိမ့္ေသြ႕စက္ သင့္မွာရွိရင္ေတာ့ အဲဒီစက္ထဲကို တြန႔္ေၾကေနတဲ့ အဝတ္အစားေတြ ထည့္လိုက္ပါ။
ၿပီးရင္ ေရခဲတုံးႏွစ္တုံးထပ္ထည့္ၿပီး အပူခ်ိန္ျမင့္ျမင့္နဲ႔ ၁၀မိနစ္ၾကာေအာင္ အေျခာက္ခံလိုက္ပါ။
ေရခဲတုံးေလးေတြ အရည္ေပ်ာ္သြားရင္ ေရေႏြးေငြ႕ေတြထြက္လာၿပီး အက်ႌမွာ တြန႔္ေၾကတာေတြ ေပ်ာက္သြားပါတယ္။
ဒါေပမယ့္ လွိမ့္ေသြ႕စက္ကို အသုံးမျပဳခင္မွာ သင့္ရဲ႕အက်ႌက လွိမ့္ေသြံစက္ထဲကို အပူခ်ိန္ျမင့္ျမင့္နဲ႔ ထည့္လို႔ရလားဆိုတာကို အၫႊန္းမွာ အရင္ဖတ္သင့္ပါတယ္။
နည္းလမ္း ၆
ပိတ္စတစ္ခုကို ေရစိုေအာင္ စြတ္ၿပီး ေရေတြေျပာင္ေအာင္ ညႇစ္လိုက္ပါ။ အဲဒီေနာက္ တြန႔္ေၾကတဲ့အဝတ္အစားေပၚမွာ ေရစြတ္ထားတဲ့ပိတ္စကို မိနစ္ ၃၀ ခန႔္တင္ထားပါ။
ၿပီးရင္ အဝတ္ကို ခါလိုက္ပါ။ ၁၅ မိနစ္ခန႔္ေျခာက္ေသြ႕ေအာင္ လွန္းထားၿပီးရင္ေတာ့ အက်ႌေပၚက တြန႔္ေခါက္ရာေတြ ေပ်ာက္သြားပါၿပီ။
နည္းလမ္း ၇
မီးပူတိုက္လို႔မရတဲ့ ေနရာေတြမွာ ေရေႏြးအိုးထဲကို ေရေႏြးထည့္ၿပီး မီးပူတိုက္သလို တိုက္ႏိုင္ပါတယ္။ ဒါမွမဟုတ္ အဝတ္အစားေတြကို
ဆူေနတဲ့ ေရေႏြးအိုးနားကို ယူသြားလို႔လည္း ရပါတယ္။ ေရေႏြးေငြ႕ေတြကလည္း အက်ႌက တြန႔္ေၾကေနတာေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။
နည္းလမ္း ၈
အဝတ္အစား အေျခာက္ခံစက္ထဲမွာ အဝတ္အစားေတြနဲ႔အတူ ေရခဲတုံးေလးအနည္းငယ္ ထည့္ပါ။ အေျခာက္ခံစက္ကို အပူခ်ိန္အနည္းငယ္ျမင့္ထားပါ။
၅ မိနစ္ခန႔္ ၾကာၿပီးရင္ေတာ့ ေရခဲတုံးေလးေတြ ေပ်ာ္သြားၿပီး အဝတ္အစားေတြကလည္း စိုထိုင္းထိုင္း ျဖစ္သြားပါၿပီ။
ဒီနည္းကေတာ့ မီးပူတိုက္သေလာက္ေတာ့ မထိေရာက္ပါဘူး။ ဒါေပမယ့္ အဝတ္အစားမွာ တြန႔္ေၾကတာေတြေတာ့ ေပ်ာက္သြားပါတယ္။ Credit