မျက်နှာပေါ်က အရေးအကြောင်းများပေါ်မလာအောင် နှစ်ပေါင်း ၄၀ လုံးလုံး မရယ်မပြုံးဘဲ ဘဝကိုဖြတ်သန်းလာခဲ့တဲ့ အမျိုးသမီး

Tess Christian အမည်ရှိဗြိတိန်အမျိုးသမီးတစ်ဦးဟာ သူမအသက်ကြီးလာသမျှကာလပတ်လုံး မရယ်မပြုံးခြင်းဖြင့် နှစ်ပေါင်း ၄၀ ကျော်အထိ ဖြတ်သန်းလာခဲ့ပါတယ်။

“ ကျွန်မ မျက်နှာပေါ်က ကြွက်သားတွေကိုထိန်းချုပ်ဖို့ ကျွန်မကိုယ်ကျွန်မ လေ့ကျင့်သင်ကြားခဲ့ပြီးပြီမို့ ကျွန်မမှာအရေးအကြောင်းတွေမရှိဘူး၊

လူတိုင်းက botoxထိုးတာလားလို့မေးကြတယ် ၊ ကျွန်မ botox မထိုးပါဘူး၊ အမှန်က ကျွန်မဆယ်ကျော်သက်အရွယ်ကတည်းက မရယ်မပြုံးခဲ့တဲ့အကျိုးကြောင့်ပါ၊

ကျွန်မရဲ့ပေးဆပ်မှုက အရာထင်လာပြီ ၊ ကျွန်မမှာ အရေအကြောင်း တစ်ကြောင်းလေးတောင်မရှိဘူး” ဟု Tess က ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့သောအပြုအမူကြောင့် သူမရဲ့သူငယ်ချင်းတွေက သူမကို Mona Lisa ဆိုတဲ့နာမည်ပြောင်နဲ့ခေါ်ခဲ့ကြပါသေးတယ်။သူမဟာ တင်းကျပ်တဲ့ကက်သလစ်ကျောင်းတွင်ဆယ်ကျော်သက်တစ်ဦးဖြစ်ခဲ့စဉ်က ၎င်းဟာ ကျောင်းသားများအား ပြုံးပျော်ရန်စိတ်ဓာတ်ကျစေခဲ့တာကြောင့် သူမဟာ ပြုံးမယ့်အစား သူမဘယ်လိုရုပ်တည်ရမလဲဆိုတာကို သင်ယူခဲ့ပါတယ်။

ထို့ကြောင့် Tess ဟာ သူမဘဝရဲ့ နောက်ပိုင်းနှင့် အကျိုးသက်ရောက်မှုများစွာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ Tess ဟာ သူမပြုံးလိုက်လို့ ဖြစ်ပေါ်လာတဲ့သူမရဲ့ရုပ်ရည်ကို သဘောမကျတာကြောင့် သူမရဲ့ကိုယ်ပိုင်နည်းလမ်းကိုရှာဖွေဖို့ ရှေးဟောလိဝုဒ်သသင်္ကေတတွေကိုပါ လေ့လာခဲ့ပါတယ်။

သူမဟာ သူမရဲ့အပြုံး (သို့) ရယ်သံကို နေ့စဉ်ထိန်းထားရန် အစပိုင်းမှာမလွယ်ကူခဲ့သလို သူမရဲ့မျက်နှာကြွက်သားတွေတောင့်တင်းလာအောင်လည်း သင်ယူခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာ သူမဟာ သူမပါးစပ်ရဲ့ထောင့်နှစ်ဖက်တွေကိုသာ မြှင့်တင်လိုက်ခြင်းဖြင့်သာ ပြုံးရယ်ခဲ့ပါတယ်။

သို့သော်လည်း သူမရဲ့လူနေမှုဘ၀ပုံစံဟာ အဆင်ပြေနေခဲ့ပုံရပါတယ်။ “ ကျွန်မရဲ့နှုတ်ခမ်းထောင့်တွေကဘဲ အနည်းငယ်အပေါ်တက်သွားနိုင်တယ် ၊ ဒါမဲ့ ကျွန်မအရင်တုန်းကလို မရယ်ခဲ့ဘူး၊ သူငယ်ချင်းတွေက သိကြတယ် ၊

ဒါမဲ့ ကျွန်မနဲ့အတူရှိနေတာကို သဘောကျကြသလို ပြဿနာလည်းမရှိခဲ့ဘူး” ဟုလည်း Tess က ပြောကြားခဲ့ပါတယ်။ Tess က သူမရဲ့နည်းလမ်းဟာ အကျိုးထိရောက်မှုရှိပြီး သူမအား အလှကုန်ပစ္စည်းများဝယ်ယူဖို့ မလိုအပ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ကျွမ်းကျင်သူအချို့က ဤလှည့်ကွက်ဟာ အလုပ်ဖြစ်နိုင်သည်ဟုထင်ကြေးပေးသော်လည်း တကယ်တမ်း ပြုံးရယ်ခြင်းဟာ သင့်ရဲ့စိတ်ကျန်းမာရေးကို များစွာအကျိုးသက်ရောက်စေပြီး သင့်ရဲ့အလုံးစုံကျန်းမာရေးကိုပါ တိုးတက်စေပါတယ်။

ဒါ့အပြင် ပြုံးရယ်ခြင်းက သင့်ကို ငယ်ရွယ်နုပျိုပြီး ပိုမိုဆွဲဆောင်မှုရှိစေနိုင်ပါတယ်ဗျ။ ကဲ အလှကြိုက်တဲ့စာဖတ်သူတွေလည်း ငွေကုန်သက်သာပြီးအရေအကြောင်းလျော့ပါးလာစေရင်တော့ Tess ရဲ့နည်းလမ်းလို မရယ်မပြုံးဘဲ စမ်းကြည့်နိုင်ပါတယ်နော်။
credit

Leave a Reply

Your email address will not be published.