ကမ္ဘာကြီးပေါ်မှာ ရှားပါးပြီး တွေ့ရခဲလှတဲ့ အနက်ရောင် မျိုးစိတ် သတ္တဝါများ

Posted by

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ပုံမှန်မျိုးစိတ်တူ သတ္တဝါတွေထဲမှာမှ ထူးထူးဆန်းဆန်း အနက်ရောင်ပိုင်ဆိုင်ထားတဲ့ အကောင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလို အနက်ရောင်သတ္တဝါတွေဟာ ပုံမှန်ကနေခွဲထွက်လာပြီး အလွန်ရှားပါးတာကြောင့် ဗဟုသုတရစေရန် ဖတ်ကြည့်လိုက်ပါဦးနော်…

၁။ အနက်ရောင်ကျားသစ်

တစ်ကယ်လို့ သင်ဟာ ရှားရှားပါးပါးအမဲရောင် သတ္တဝါတွေကို စိတ်ဝင်စားတယ်ဆိုရင် အနက်ရောင် ကျားသစ်က တစ်ကယ့်ကို စိတ်ဝင်စားစရာပါ ။ အနက်ရောင် ကျားသစ်တွေတွေဟာဆိုရင် ကမ္ဘာပေါ်က တိုက်ကြီးတွေ မှာ ရှင်သန်ကျက်စားကြပြီး မျိုးစိတ်တွေကလည်း ကွဲပြားကြပါသေးတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ အာရှတိုက်မှာ သစ်နက်( Panther ) ၊ အာဖရိကတိုက်မှာဆိုရင် ကျားသစ် ( Leopard ) နဲ့ အမေရိကတိုက်မှာဆိုရင် ဂျာဂွာ ကျားသစ် ( Jaguar ) ဆိုပြီးတော့ ရှိကြပါတယ်။

၂။ အနက်ရောင် ဒရယ်

ပုံမှန် ဒရယ်တွေကို ကြည့်လိုက်မယ်ဆိုရင် အညိုရင့်ရောင် ( ဒါမှမဟုတ် ) အညိုနုရောင်ပ ရှိတယ်လို့ ထင်ကြမှာပါ။ တစ်ကယ်တမ်းမှာတော့ ဒရယ်မျိုးစိတ်တွေထဲမှာလည်း အနက်ရောင် ဒရယ်ဆိုတာ ရှိပါသေးတယ် ။ ထူးခြားချက်တစ်ခုက ဒီဒရယ်တွေဟာ တစ်ကိုယ်လုံး အမဲရောင် ရှိပေမယ့် အမြီးရဲ့ ထိပ်ဖျားမှာတော့ အဖြူရောင်လေး ဖြစ်နေပါတယ်။

၃။ အနက်ရောင် မြွေ

မြွေတွေရဲ့ မျိုးစိတ်ကို လေ့လာကြည့်မယ်ဆိုရင် မျိုးကွဲ အများကြီးရှိတာကို တွေ့ရမှာ ဖြစ်ပြီး ဒီအထဲမှာ အနက်ရောင် မြွေ မျိုးစိတ်ဟာဆိုရင် ရှားပါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအနက်ရောင် မြွေတွေဟာဆိုရင် လက်တင်အမေရိက မြွေအမျိုးစားထဲမှာ ပါဝင်ပြီး အဆိပ်မပြင်းတဲ့ မြွေမျိုးစိတ်ပဲ ဖြစ်ပါတယ်။ လူတွေ အတွက် အန္တရာယ်မရှိနိုင်ပေမယ့်လည်း သူ့ကို ရန်မူမယ်ဆိုရင်တော့ သားကောင်ကို ဒေါသတကြီး လိုက်ကိုက်တတ်ပါတယ်။

၄။ အနက်ရောင် ပင်ဂွင်း

အခုမြင်နေရတဲ့ အနက်ရောင် ပင်ဂွင်းငှက်လေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ဂျော်ဂျီယာတောင်ပိုင်းက အန္တာတိက ကျွန်းဆွယ်မှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပုံကိုတော့ National Geographic Channel က မှတ်တမ်းတင် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

၅။ အနက်ရောင် အိမ်မြှောင်

ရုတ်တရက် ကြည့်လိုက်ရင် အရုပ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းကတော့ အနက်ရောင် အိမ်မြှောင် မျိုးစိတ်တွေပဲ ဖြစ်ပါတယ်။ ဒီအနက်ရောင် အိမ်မြှောင် မျိုးစိတ်တွေဟာဆိုရင် သာမန် အိမ်မြှောင်တစ်ကောင်ရဲ့ အရွယ်အစားလောက်သာ ရှိပြီး သူတို့ရဲ့ ခန္တာကိုယ် အရောင်ဟာ နေရောင်ခြည်ရဲ့ အပူပမာဏကို လုံလုံလောက် စုပ်ယူနိုင်ဖို့အတွက် အကူအညီ ဖြစ်စေပါတယ်။

၆။ အနက်ရောင် ခြင်္သေ့

ဒါကိုတော့ လူအတော်များများက အထင်မှားပြီး သိနေကြတာပါ။ တစ်ကယ်ကတော့ အနက်ရောင် ခြင်္သေ့ဆိုတာ မရှိပါဘူး ။ Online မှာ များသောအားဖြင့် တွေ့နေရတဲ့ အနက်ရောင် ခြင်္သေ့တွေဟာဆိုရင် Photoshop နဲ့ အရောင်ပြောင်းပြီး ပြုပြင်ဖန်တီးထားကြတာတွေပဲ ဖြစ်ပါတယ်

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာကြီးပေါ်မှာ အလွန်တွေ့ရခဲပြီး ရှားပါးလှတဲ့ အနက်ရောင် မျိုးစိတ် သတ္တဝါတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Zawgyi(verion)

ပရိသတ္ႀကီးကို အခုတစ္ေခါက္မွာ ေျပာျပေပးခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ ပုံမွန္မ်ိဳးစိတ္တူ သတၱဝါေတြထဲမွာမွ ထူးထူးဆန္းဆန္း အနက္ေရာင္ပိုင္ဆိုင္ထားတဲ့ အေကာင္ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီလို အနက္ေရာင္သတၱဝါေတြဟာ ပုံမွန္ကေနခြဲထြက္လာၿပီး အလြန္ရွားပါးတာေၾကာင့္ ဗဟုသုတရေစရန္ ဖတ္ၾကည့္လိုက္ပါဦးေနာ္

၁။ အနက္ေရာင္က်ားသစ္

တစ္ကယ္လို႔ သင္ဟာ ရွားရွားပါးပါးအမဲေရာင္ သတၱဝါေတြကို စိတ္ဝင္စားတယ္ဆိုရင္ အနက္ေရာင္ က်ားသစ္က တစ္ကယ့္ကို စိတ္ဝင္စားစရာပါ ။ အနက္ေရာင္ က်ားသစ္ေတြေတြဟာဆိုရင္ ကမၻာေပၚက တိုက္ႀကီးေတြ မွာ ရွင္သန္က်က္စားၾကၿပီး မ်ိဳးစိတ္ေတြကလည္း ကြဲျပားၾကပါေသးတယ္။ ဥပမာ ေျပာရမယ္ဆိုရင္ေတာ့ အာရွတိုက္မွာ သစ္နက္( Panther ) ၊ အာဖရိကတိုက္မွာဆိုရင္ က်ားသစ္ ( Leopard ) နဲ႕ အေမရိကတိုက္မွာဆိုရင္ ဂ်ာဂြာ က်ားသစ္ ( Jaguar ) ဆိုၿပီးေတာ့ ရွိၾကပါတယ္။

၂။ အနက္ေရာင္ ဒရယ္

ပုံမွန္ ဒရယ္ေတြကို ၾကည့္လိုက္မယ္ဆိုရင္ အညိုရင့္ေရာင္ ( ဒါမွမဟုတ္ ) အညိုႏုေရာင္ပ ရွိတယ္လို႔ ထင္ၾကမွာပါ။ တစ္ကယ္တမ္းမွာေတာ့ ဒရယ္မ်ိဳးစိတ္ေတြထဲမွာလည္း အနက္ေရာင္ ဒရယ္ဆိုတာ ရွိပါေသးတယ္ ။ ထူးျခားခ်က္တစ္ခုက ဒီဒရယ္ေတြဟာ တစ္ကိုယ္လုံး အမဲေရာင္ ရွိေပမယ့္ အၿမီးရဲ႕ ထိပ္ဖ်ားမွာေတာ့ အျဖဴေရာင္ေလး ျဖစ္ေနပါတယ္။

၃။ အနက္ေရာင္ ေႁမြ

ေႁမြေတြရဲ႕ မ်ိဳးစိတ္ကို ေလ့လာၾကည့္မယ္ဆိုရင္ မ်ိဳးကြဲ အမ်ားႀကီးရွိတာကို ေတြ႕ရမွာ ျဖစ္ၿပီး ဒီအထဲမွာ အနက္ေရာင္ ေႁမြ မ်ိဳးစိတ္ဟာဆိုရင္ ရွားပါးမ်ိဳးစိတ္ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီအနက္ေရာင္ ေႁမြေတြဟာဆိုရင္ လက္တင္အေမရိက ေႁမြအမ်ိဳးစားထဲမွာ ပါဝင္ၿပီး အဆိပ္မျပင္းတဲ့ ေႁမြမ်ိဳးစိတ္ပဲ ျဖစ္ပါတယ္။ လူေတြ အတြက္ အႏၱရာယ္မရွိနိုင္ေပမယ့္လည္း သူ႕ကို ရန္မူမယ္ဆိုရင္ေတာ့ သားေကာင္ကို ေဒါသတႀကီး လိုက္ကိုက္တတ္ပါတယ္။

၄။ အနက္ေရာင္ ပင္ဂြင္း

အခုျမင္ေနရတဲ့ အနက္ေရာင္ ပင္ဂြင္းငွက္ေလးကေတာ့ ၂၀၁၀ ခုႏွစ္တုန္းက ေဂ်ာ္ဂ်ီယာေတာင္ပိုင္းက အႏၱာတိက ကြၽန္းဆြယ္မွာ ေတြ႕ရွိခဲ့တာပဲ ျဖစ္ပါတယ္။ ပုံကိုေတာ့ National Geographic Channel က မွတ္တမ္းတင္ ရိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္။

၅။ အနက္ေရာင္ အိမ္ျမႇောင္

႐ုတ္တရက္ ၾကည့္လိုက္ရင္ အ႐ုပ္လို႔ ထင္ရေပမယ့္ တစ္ကယ္တမ္းကေတာ့ အနက္ေရာင္ အိမ္ျမႇောင္ မ်ိဳးစိတ္ေတြပဲ ျဖစ္ပါတယ္။ ဒီအနက္ေရာင္ အိမ္ျမႇောင္ မ်ိဳးစိတ္ေတြဟာဆိုရင္ သာမန္ အိမ္ျမႇောင္တစ္ေကာင္ရဲ႕ အ႐ြယ္အစားေလာက္သာ ရွိၿပီး သူတို႔ရဲ႕ ခႏၱာကိုယ္ အေရာင္ဟာ ေနေရာင္ျခည္ရဲ႕ အပူပမာဏကို လုံလုံေလာက္ စုပ္ယူနိုင္ဖို႔အတြက္ အကူအညီ ျဖစ္ေစပါတယ္။

၆။ အနက္ေရာင္ ျခေသၤ့

ဒါကိုေတာ့ လူအေတာ္မ်ားမ်ားက အထင္မွားၿပီး သိေနၾကတာပါ။ တစ္ကယ္ကေတာ့ အနက္ေရာင္ ျခေသၤ့ဆိုတာ မရွိပါဘူး ။ Online မွာ မ်ားေသာအားျဖင့္ ေတြ႕ေနရတဲ့ အနက္ေရာင္ ျခေသၤ့ေတြဟာဆိုရင္ Photoshop နဲ႕ အေရာင္ေျပာင္းၿပီး ျပဳျပင္ဖန္တီးထားၾကတာေတြပဲ ျဖစ္ပါတယ္

အခုေဖာ္ျပေပးထားတာေတြကေတာ့ ကမၻာႀကီးေပၚမွာ အလြန္ေတြ႕ရခဲၿပီး ရွားပါးလွတဲ့ အနက္ေရာင္ မ်ိဳးစိတ္ သတၱဝါေတြ အေၾကာင္းကို ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။