မိခင်ဖြစ်သူရဲ့နာရေးမှာ အစ်မကြီးအမိရာပီပီ မောင်လေးတွေရှေ့မှာ မျက်ရည်မကျအောင်ထိန်းချုပ်ထားခဲ့တဲ့ မာသထူးဝါး

ဖိုးမူကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကရင်အဆိုတော်မလေး မာသထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက အဖေကိုဆုံးရှုံးထားရတဲ့ မာသထူးဝါးဟာ အခုတစ်ခါမှာလည်း သူမရဲ့မိခင်ကို ဆုံးရှုံးလိုက် ရပြန်ပြီပဲဖြစ်ပါတယ်။

မာသထူးဝါးရဲ့မေမေဟာ ပြီးခဲ့တဲ့ (၂၉) ရက်နေ့ကပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး မာသထူးဝါးတို့ မောင်နှမသုံးယောက်ကို စိတ်ချလက်ချထားရစ်ခဲ့ပြီပဲဖြစ်ပါတယ်။

မာသထူးဝါးကတော့ အဖေလည်းမရှိ၊ အမေလည်းမရှိတော့တာမို့ မောင်လေးနှစ်ယောက်အပေါ် အရင်ကထက်ပိုပြီး တာဝန်ယူစောင့်ရှောက်သွားရတော့မှာမို့ မိခင်ဖြစ်သူရဲ့နာရေးမှာလည်း မောင်လေးတွေပိုပြီး စိတ်မကောင်းမဖြစ်စေဖို့ ချုပ်တည်းထားခဲ့တာကို တွေ့ရပါတယ်။

ပရိသတ်ကြီးအတွက် မာသထူးဝါးရဲ့ လက်ရှိပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

မာသထူးဝါးရဲ့ မေမေ မမိုင် (Naw Nee Thaw Taw) ဟာ ကွယ်လွန်သွားချိန်မှာ အသက် (၄၁) နှစ်သာရှိသေးတာမို့ သားသမီးတွေအားလုံးဟာ အရွယ်မရောက်သေးပဲ ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း မာသထူးဝါးတို့ မောင်နှမတွေရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်နေကြမယ် ထင်ပါတယ်။
credit

Leave a Reply

Your email address will not be published.