ရည်စားမရှိသူများ ၊ တစ်ယောက်တည်း အားငယ်နေတဲ့ အချိန်မျိုးတွင် ဖမ်းဆုပ်ထားနိုင်မည့် လက်တစ်ဖက်ကို တီထွင်ပေးခဲ့သည့် လူငယ်လေး

ဂျပန်နိုင်ငံသည် နည်းပညာများကို တိုးတက် တီထွင်ရာ၌ အခြားသူများထက် ရှေးကျသော နိုင်ငံ တစ်နိုင်ငံပင် ဖြစ်သည်။

ယခုတွင်လည်း ဂျပန်နိုင်ငံမှ လူငယ်လေးတစ်ဦးဟာ ရည်စားမရှိသူများကို ရည်ရွယ်၍ စက်ရုပ်လက်တစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။

ထိုစက်ရုပ်လက်ကလေးကို ဆုပ်ကိုင်ထားမည်ဆိုလျှင် လူအစစ်တစ်ဦးက အမှန်တကယ် ကိုင်ထားသကဲ့သို့ ခံစားရမှာ ဖြစ်ပါတယ်။

စက်ရုံလက်လေးတွင် အာရုံခံ ကိရိယာလေးကိုလည်း တပ်ဆင်ထားပေးပြီး တစ်ယောက်တည်း အားငယ်နေတဲ့ အချိန်မျိုးတွင်

လက်လေးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်ထားပေးမှာဖြစ်ပါတယ်။ ထိုလက်ကလေးဟာ ရည်စားမရှိသူများကို

အားငယ်စရာ မလိုတော့ဘဲ စက်ရုပ်လက်ကလေးကို ကိုင်ထားရုံဖြင့် ချစ်သူတစ်ဦးက လာကိုင်ထားပေးသလို ခံစားနေရမှာပဲဖြစ်ပါတယ်။

ရည်စားမရှိတဲ့ သူငယ်ချင်းများအတွက် အမှန်တကယ် အဖော်ပြုပေးမယ့် စက်ရုပ်လက်ကလေးပင် ဖြစ်ပါတယ်။

Credit
zawgyi








Credit

Leave a Reply

Your email address will not be published.