သားဖြစ်သူရဲ့ ငွေ ၂ သိန်းကျော်တန်ဖိုးရှိတဲ့ ငါးကို ကြော်စားခဲ့တဲ့ဖခင်

ကိုယ်တန်ဖိုးထားပြီး အချိန်အတော်ကြာမွေးထားရတဲ့ငါးကို မိသားစုဝင်တစ်ယောက်က ကြော်စားပစ်လိုက်တယ်ဆိုတဲ့ ခံစားချက်ကို ငါးမွေးသူတွေပဲ နားလည်တတ်မှာပါ ။

ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ Bayu အမည်ရှိတဲ့အမျိုးသားဟာ

သူ့ရဲ့အဖြစ်အပျက်ကို Instagram ပေါ်မှာပြန်လည်ဝေမျှခဲ့ပါတယ် ။

အဖြစ်အပျက်ကတော့ Bayu ဟာ အသက် 4နှစ်အရွယ် Arowana အမျိုးအစားငါးကို

800,000 rupiahs (မြန်မာငွေ 8သောင်းကျော်) တန်ဖိုးရှိတဲ့ ငါးတစ်ကောင်ကို

ဝယ်ယူပြီးနောက် သူနဲ့အတူ 2နှစ်ခန့် မွေးထားခဲ့ပါတယ် ။ သို့ပေမဲ့လည်း တစ်ရက်မှာတော့

Bayu ဟာ သူ၏ ငါးကန်ဟာအတော်လေးသေးနေလို့ဆိုပြီး ငါးကို သူ၏မိဘအိမ်ဆီသို့ယူဆောင်ပြီး

ငါးကန်အကျယ်လေးမှာ ပြောင်းရွှေ့ပေးခဲ့ပါတယ် ။ Bayu ရဲ့ဖခင်ဖြစ်သူမှာတော့ ငါးကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး ။

Arowana ငါးဟာ ပုံမှန်ဆိုရင် ပုရစ်ကောင် နှင့် ကင်းခြေများ တို့ကို စားလေ့ရှိပေမဲ့လည်း Bayu ရဲ့ဖခင်ဟာ ငါးကို အိမ်မြောင်တွေသာအမြဲကျွေးခဲ့ပါတယ် ။

ထို့ကြောင့် ငါးရဲ့ကျန်းမာရေးအခြေအနေဟာ ဆိုးဝါးလာခဲ့ပြီး နောက်ပိုင်း ငါးလေးရဲ့မျက်လုံးဟာ မမြင်ရတော့ပါဘူး ။

ငါးရဲ့မျက်လုံး ပြန်မြင်အောင် Bayu ဟာ ငါးကိုဆေးခန်းသို့ခေါ်ဆောင်သွားခဲ့ပါသေးတယ် ။

တစ်ရက်မှာတော့ Bayu ရဲ့ညီငယ်တစ်ယောက်ဟာ ဖခင်ဖြစ်သူက အဆိုပါငါးလေးကိုကြော်စားနေတဲ့ ဓာတ်ပုံကိုပို့လာခဲ့ပါတယ် ။

အဆိုပါဓာတ်ပုံကို မြင်လိုက်ချိန်မှာ Bayu ဟာ အတော်စိတ်ဆိုးဒေါသထွက်ခဲ့ပေမဲ့လည်း ငါးလေးသေသွားပြီဆိုတာကိုလက်ခံခဲ့ရပါတော့တယ် ။

အဆိုပါ ငါးကြော်ကိုတော့ သူ၏ဖခင်တစ်ဦးတည်းကသာ စားခဲ့ပါတယ် ။ ယခုချိန်မှာတော့ အဆိုပါငါး၏ပေါက်ဈေးမှာ

မြန်မာငွေ 2သိန်းကျော်ခန့်ရှိနေပြီဖြစ်ပြီး Bayu ကတော့ ပြန်ရောင်းဖို့မွေးမြူ ခဲ့တာမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။
credit

Leave a Reply

Your email address will not be published.