အိမ်နောက်ဖေးမှာ ‘Hobbit House’ ကိုတည်ဆောက်ပြီး ကလေးဘဝက အိပ်မက်ကိုအကောင်အထည်ဖော်ခဲ့တဲ့ အမျိုးသားတစ်ဦး

စကော့တလန်မှ IKEA ဝန်ထမ်းတစ်ဦးဟာ အိမ်နောက်ဘက်ဥယျာဉ်မှာ “ Hobbit House” ကို တည်ဆောက်ပြီး သူ့ရဲ့ ငယ်ဘဝအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ် ။ အသက် ၄၇ နှစ်အရွယ် Ali Hughson အမည်ရှိ အမျိုးသားက ဆယ်ကျော်သက်အရွယ် မှစပြီး Hobbit-themed workshop တစ်ခုပြုလုပ်ရတာကို နှစ်သက်ခဲ့တာပါ ။

Ali က အချိန် ခြောက်လနဲ့ ၂၀၀၀ pounds (ခန့်မှန်းခြေအားဖြင့်အမေရိကန်ဒေါ်လာ ၂,၈၀၀) အမြင့် ၂ မီတာရှိပြီး Peter Jackson ရုပ်ရှင်များမှာ ကျော်ကြားတဲ့ အစိမ်းရောင်တံခါးပေါက်ကိုလည်း ပါဝင်တည်ဆောက်ခဲ့ပါတယ် ။ “

ကျွန်တော် အသက် ၁၃ နှစ်လောက်မှာ ‘The Hobbit’ ကို ဖတ်ပြီး ‘The Lord of the Rings’ ရုပ်ရှင်တွေကို ကြည့်ခဲ့တယ်။

ကျွန်တော်က မှော်ဆန်တဲ့ အရာကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။နောက်ပြီး ဒီမှော်ပစ္စည်းတွေကို ချစ်တယ်” လို့ Ali ကပြောကြားခဲ့ပါတယ် ။

Ali က ၎င်း ‘Hobbit House’ ကို တည်ဆောက်ဖို့ လွန်ခဲ့တဲ့ သုံးနှစ်က စတင်စီစဉ်ခဲ့ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးရန် ခြောက်လကြာခဲ့ပါတယ် ။

Ali က hobbit house ဟာ ၂ မီတာ (၆.၅ ပေ) မြင့်ပြီးအကျယ် ၂-၃ မီတာ (၆.၅ မှ ၉.၈ ပေ) ရှိကာ အိမ်ရှေ့မှ ကြည့်လျှင် အလွန်သေးငယ်သော်လည်း အနောက်ဘက်မှာ အပိုမီတာရှိတယ်လို့ ဆိုပါတယ် ။

Ali က သူ့မှာ ၂၂ နှစ်အရွယ် Joe အမည်ရှိသားနဲ့ ၁၃ နှစ်အရွယ် Jamie လို့ခေါ်တဲ့ သားနှစ်ယောက်က သူ့ရဲ့ဖန်တီးမှုကြောင့် အံ့သြသွားပြီး Jamie လည်း ထိုနေရာမှာ ကစားရတာနှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ် ။

Ali က“ ငါလည်း အသက်နည်းနည်းကြီးလာပြီဆိုတော့ နောက်ဆက်တွဲ ငါ့ရဲ့မြေးတွေလည်း တန်ဖိုးထားဖို့ ငါမျှော်လင့်တယ်” ဆိုပြီး ပြောခဲ့ပါတယ် ။

credit

Leave a Reply

Your email address will not be published.