“သူ့ကိုထားခဲ့တဲ့ ရထားဘူတာလေးမှာ ပြန်လာခေါ်လေမလားလို့ သခင်ကို နေ့တိုင်းလာစောင့်နေတဲ့ ခွေးလေး”

Posted by

သခင်တွေနဲ့ လမ်းလွဲခဲ့သလား၊ တမင် လမ်းခွဲခံခဲ့ရသလား မသိပေးမယ့် ဒီခွေးလေးက သူချန်ထားခံ ကျန်ခဲ့တဲ့ ဒီဘူတာလေးမှာ သူ့သခင်တွေနဲ့ ပြန်ဆုံနိုင်ဖို့ ဒီလိုပဲ လာလာစောင့်နေတတ်တယ်တဲ့။

(သခင်တွေ တနေ့ ပြန်လာမယ်လို့ သူ စိတ်ထဲ ယုံကြည်နေသေးတယ်။)


(တခုခု ထူးဆန်းတယ်လို့ ခံစားမိပေမယ့် ဘာမှန်းသေချာမသိသေးဘူး ကလေးကို 😔— at မြင်းဒိုက်ဘူတာ.)

လူအသံကြားရ ရင် ခေါင်းလေးစောင်းပြီး နားထောင်တယ်။ နောက် အသံကြားရတဲ့ အသံလာရာဆီ လာပြီး ခုန်တက်တော့တာပဲ။

တခါတလေ မမြင်ပဲ ဗွက်အိုင်ထဲ လည်း နင်းမိရှာတယ်။ ဘေးက ခုံတွေ လူတွေကို အကုန်ဝင်တိုက်တယ်။

(အစက အနားကပ်မရဘူး။ နောက်မှ သူ စိတ်ချ ယုံကြည်သွားတော့ လူကို မခွါတော့ပဲ အသံကြားရ ရာနောက် လိုက်တော့တာပဲ။)

(ချော့လည်း မရ၊ ပြောလည်း မရ၊ သူ့ သခင်လို့ ခံစားမိသလား မသိ 🙁)
(ကလေးက မျက်စိ နှစ်ဖက်လုံး မမြင်ရဘူး။ သူ့ အနားက အသံပေါင်းစုံကို နားလေးစိုက်ထောင်ပြီး လူရှိမယ် ထင်တဲ့နေရာကို ဝင်တိုးရှာတယ်။)

သူ့ကို ခုမွေးစားထားတဲ့ မိသားစုတွေရှိပေမယ့် သူ့သခင်အဟောင်းတွေကို မပျက်မကွက် ဒီဘူတာလေးမှာ လာစောင့်နေတတ်တယ် ဆိုတာလေးက စိတ်ထဲ မကောင်းဖြစ်မိတာတော့ အမှန်ပဲ။

Credit : Moon Nge