ပရိတ်သတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ rapper x box ရဲ့ ဘ၀အကြောင်း

ကျွန်မတို့သင်ယူပါ biographyကိုစဥ်ဆက်မပြက်အားပေးလာတဲံပရီတ်သတ်ကြီးများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ဒီတစ်ခေါက်မှာတော့လက်ရှိမှာနှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်နေတဲ့ အဆိုတော်လေးတစ်ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဘယ်သူလိုထင်ကြသလဲပရိတ်သတ်ကြိးတို့ရေ နှုတ်ခမ်းနီမလေးတွေအသဲစွဲမိုက်လွန်းတဲ့ rapping တွေကိုရွတ်တတ်တဲ့ rapper x box ပဲဖြစ်ပါတယ်

လက်ရှိမှာအောင်မြင်ကျော်ကြားဆုံးဖြစ်နေတဲ့rapperအဆိုတော် x boxဟာသီချင်းကောင်းများစွာကိုရေးစပ်သီဆိုခဲံပြီး ရွေထူး ထက်ယံ lil zတို့နဲ့အတူဖွဲ့ထားတဲ့ FOUR ဆိုတဲံအဖွဲ့မှာသီချင်းတွေအတူတူသီဆိုခဲ့ပြီးတော့ကိုယ်တိုင်ကလည်း တစ်ကိုယ်တော်အခွေတွေထွက်ရှိထားတဲ့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

သီချင်းကောင်းတွေများကြီးထွက်ရှိခဲ့ပြီးတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်လာခဲ့တဲ့ X BOX ဟာလက်ရှိမှာလည်းသီချင်းကောင်းတစ်ပုဒ်ထွက်ရှိထားပြိးအောင်မြင်မှုအရှိန်မြင့်တက်နေတဲ့RAPPERတစ်ယောက်လဲဖြစ်ပါတယ်ရှင့်။ဒီကနေ့မှာတော့ အောင်မြင်မုုအတိုင်းအတာတစ်ခုရရှိနေပြီဖြစ်တဲ့ RAPPER X BOXရဲအနုပညာလဘဝဖြတ်သန်းပုံအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။X BOXရဲ့ FANလေးတွေရှိကြရဲ့လားနော်။

အိမ်မက်၊အိပ်ရေးမပျက်စေနဲ့၊HURT၊တစ်ဖက်သတ်၊ကောင်ဆိုးလေး ၊စတဲ့တေးသီချင်းတွေနဲ့အတူနာမည်ကြီးလာခဲ့တဲ့ X BOX ရဲ့ နာမည်အရင်းကတော့ ပရီတ်သတ်ကြီးများသိပြီးသားဖြစ်မယ့် ရဲခေါင်ဖူးဖြစ်ပါတယ်။X BOXကို ၁၉၉၂ ခုနှစ်မေလ ၂၀ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင်မွေးဖွားပါတယ်။ မြိတ်မြို့မှာမွေးဖွားခဲ့ပြီး ဘိတ်သားလေးဖြစ်ပါတယ်။

HIP HOP နဲ့ R AND B သီချင်းတွေကိုသီဆိုခဲ့ပြီး သီချင်းရေးဆရာတစ်ယောက်လဲဖြစ် နာမည်ကြီးတဲ့ rapperတစ်ယောက်လဲဖြစ်ပါတယ်X BOXဟာမိသားစုထဲမှာ အငယ်ဆုံးသားဖြစ်ပြီးတော့ ဗုဒ္ဓဘာသာကိုးကွယ်ပါတယ်။အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းဗိုလ်တစ်ထောင်မှာတက်ရောက်ခဲ့ပြီး ဂီတလောကထဲကိုတော့ ၂၀၀၉ခုနှစ်မှာ ၃၆၉ clubမှာကျင်းပတဲ့ rapသီချင်းဆိုပွဲတွေမှာ ဖရီးစတိုင် rapတွေဆိုရင်းနဲ့ underground လောကထဲကနေဝင်ရောက်လာခဲ့ပါတယ်။undergroundလောကထဲမှာ ကျင်လည်နေရင်းပြိုင်ပွဲတွေဝင်ရောက်ယှဥ်ပြိုင်သီဆိုရင်းနဲ့သူဟာ နာမည်ကြိး rapperတစ်ယောက်ဖြစ်သူ J Me နဲ့ ရင်းနှီးခဲ့ပြီး အတွဲညီခဲ့ပါတယ်။

J Meဟာ မြန်မာနိုင်ငံရဲ့နာမည်ကြီး ရှေ့မှီနောက်မှီ ညrapperတွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပြီးလက်ရှိမှာလည်နာမည်ကြိးအဆိုတော်ကျားပေါက်နဲ့အတူ voidသီချင်းကိုသိဆိုထွက်ရှိခဲ့ပါတယ်။

X BOXဟာJ Meနဲ့အတူhighestဆိုတဲ့သီချင်းကိုFlow Motion အယ်ဘမ်မှာဝင်ရောက်သီဆိုခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်နောက်ပိုင်းမှာ အဆိုတော် X BOX ဟာ ရွေထူး ထက်ယံ lil zတို့နဲ့တူ fourဆိုတဲ့ albumမှာပါဝင်သီဆိုခဲံပါတယ်။fourအယ်ဘမ်ကို ၂၀၁၄ နိုဝင်ဘာ ၆ ရက်နေ့မှာထွက်ရှိခဲ့ပြီးအယ်ဘမ်မှာ X BOX ဟာ အမြဲတမ်းအသစ်၊စိတ်၊အရှိုက်တည့်တည့်၊စနေ ဗုဒ္ဓဟူးစတဲ့ သီချင်းတွေကိုရဲ့ရင်အောင် မောင်သီဟ ဆုစန္ဒီထွန်းတို့နဲ့အတူသိဆိုခဲ့ပြိးတော့ ထိုအယ်ဘမ်မှာပါဝင်တဲ့ အဆိုတော်လေးယောက်စလုံးဟာနာမည်ကြီးပြီးပါဝင်ခဲ့တဲ့တေးသီချင်းတွေဟာလည်းနာမည်ကြိးတေးသီချင်းတွေဖြစ်ခဲ့ပါတယ်။

ထိုအယ်ဘမ်ထဲမှာX BOXရဲ့စိတ်ဆိုတဲ့သီချင်းဟာနာမည်ကြိးခဲ့ပြီး သီချင်းဗီဒီယီုကိုလည်း ထိုင်းမင်းသမီးချောလေးနဲ့အတူပါဝင်ရိုက်ကူးထားတာကြောင့်မို့လို့ သီချင်းဗီဒီယိုဟာလည်းကြည့်ရှသူပရိတ်သတ်တွေကြားနာမည်ကြီးသွားခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

စိတ်သီချင်းနဲ့စပြီး ပရိတ်သတ်တော်တော်များများဟာ X BOX ကို သတိထားမိခဲ့ပြီX BOX ဟာလည်း အောင်မြင်မှုလမ်းစတစ်ခုသို့စတင်ရောက်ရှိလာပါတော့တယ်။နောက်ပိုင်းမှာ x box ဟာသူရဲံပထမဦးဆုံး albumတစ်ခုကိုစတင်ထွက်ရှိလာပါတော့တယ်။X BOX ရဲ့ပထမဦဆုံးalbumဖြစ်တဲ့ 9အယ်ဘမ်ကို ၂၀၁၆ ခုနှစ် လေလ ၂၂ ရက်နေ့မှထွက်ရှိခဲ့ပြီးထို အယ်ဘမ်မှာတေးသီချင်းေပါင်း ၁၄ ပုဒ်ပါဝင်ခဲံပါတယ်။

သီချင်းတွေအကုန်လုံးဟာပေါက်ရောက်ခဲ့တဲံတေးသီချင်းတွေဖြစ်ခဲ့ပြီး ထို အယ်ဘမ်မှာ တစ်နေ့နေ့ ၊ပျော်တယ်ဟေ့ ပျော်တယ်ဟ၊ကိုးပေါက်၊ယောက်ကျာလေးတွေနားပိတ်ထား၊တစ်ဖက်ပိတ် ၊snap shotစတဲံသီချင်းတွေဟာ နာမည်ကြီးသီချင်းဖြစ်ခဲ့ပါတယ်။သီချင်းတွေရေးစပ်သီကုံးတဲ့အချိန်မှာ စာသားတွေဟာမိုက်လွန်းတာကြောင့် ယောင်္ကျားလေးတွေကော မိန်းကလေးတွေပါ ကြွေနေရတဲ့လူငယ် rapperတစ်ယောက််ဆိုလဲမမှားပါဘူးနော်။

ထိုအယ်ဘမ်ထဲမှာလွမ်းပိုင် sofia everest j me ၊စန္ဒီမြင့်လွင်၊ပြုံးမြသွယ်စတဲ့ rapperတွေက ပါဝင်သီဆိုခဲ့ပြီး နာမည်ကြီးခဲ့တဲ့ aablumတစ်ခုဖြစ်ခဲ့ပြီးထို albumဟာ x box အတွက်ဂီတမှတ်တိုင်းတစ်ခုစိုက်ထူထားနိုင်ခဲ့သလိုဖြစ်ခဲ့ပါတယ်။ထိုနောက်မှာတော့ X BOX ဟာ အိပ်ရေးမပျက်စေနဲ့ ၊အပြင်ကိုလျှောက်မသွားနဲ့၊တစ်ဖက်သတ်၊နားထောင်ကြည့်လိုက် ၊hurt၊စတဲ့သီချင်းတွေကိုသိဆိုိခဲ့ပြီး hurtသီချင်ကို ဂျက်စီကာပယ်ရီနဲ့တူတူသီဆိုခဲ့ပြီနာမည်ကြိးခဲ့တဲ့တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ရဲ့ရင့်အောင်နဲံတူတူ kiss me quickဆိုတဲ့တေးသီချင်းကိုစုံတွဲပါဝင်သီဆိုပေးခဲ့ပြီးနာမည်ကြီးသီချင်းတစ်ပုဒ်လဲဖြစ်ပါတယ်။အိပ်ရေးမပျက်စေနဲ့ အပြင်တွေလျှောက်မသွားနဲ့ hurtစတဲံတေးသီချင်းတွေဟာလည်းအောင်မြင်ခဲ့တဲံတေးသီချင်းတွေဖြစ်ပြီ မရီုးသွားတဲ့သီချင်းတွေလို့ပြောရင်လည်း မမှားပါဘူး။

ထိုနောက် X BOX ဟာ99 ဆိုတဲ့albumကိုထွက်ရှိခဲ့ပြီးထို albumကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ်၂၇ ရက်နေ့မှာထွက်ရှိထားခဲ့ပြီးထိုအယ်ဘမ်ဟာလည် ပေါက်ခဲ့တဲ့တေးသီချင်း albumတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ထိုalbum မှာတေးသီချင်းပေါင်း ၁၁ ပုဒ်ပါဝင်ခဲ့ပြီးထို albumထဲက ၉၉ ၊wake up၊i miss u၊မာယာ၊ချစ်နေရင်းနဲ့၊ရောဂါစတဲ့သီချင်းတွေပါဝင်ခဲ့ပြီးနာမည်ကြီးခဲ့တဲ့သီချင်းအယ်ဘမ်တစ်ခုဖြစ်ခဲ့ပါတယ်။

အောင်မြင်မှုတစ်စတစ်စတိုးပွားလာခဲ့တဲ့ X BOX ဟာနာမည်ကြီးသီချင်းတွေကိုဆက်တိုက်ထုတ်ဝေခဲ့ပါတယ်။ပြုံးလိုက်ရင်ပါးချိုင့်လေးထင်းခနဲ့ဖြစ်သွားတဲ့ X BOXကိုအားပေးကြတဲ့ ပရိတ်သတ်ထုတစ်ခုအခိုင်အမာရရှိပြီးသားဖြစ်ပြီး rapper အဆိုတော်ကြီး X BOX ဟာ ၂်၀၁၆ ခုနှစ်ရဲ့ VE VE အချိုရည်ရဲ့ brand ambassadorတစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက်လဲ oppo ရဲ့brand ambassadorတစ်ယောက်ဖြစ်ခဲ့ပါတယ်။

အမြဲတမ်းအသစ်သိချင်းနဲ့ 2015 ခုနှစ်က ကျင်းပတဲ့ myanmar music award မှာ ဂီတဆုတစ်ခုကိုဆွတ်ခူးရရှိခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းမှာဖြေးဖြေးမှန်မှန်လျှော်လှမ်းနေတဲ့ rapperအဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ရိုးပွဲတော်တော်များများမှာသီးဆိုခဲ့ပြီးအောင်မြင်မှုရရှိနေတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

eminmenကိုကြိုက်ပြီး လေးစားအတုယူရတဲ့ အဆိုတော်ကတော့ j meဖြစ်တယ်လို့ အဆိုတော်X BOX ကဆိုပါတယ်။သီချင်းတွေကိုရေးသားဖန်းတီးတဲ့အချိန်မှာ အချိန်ပေးပြီးအကောင်းဆုံးလုပ်တဲ့X BOXဟာ သီချင်းတွေကိုရေးဆိုတဲ့အခါမှာသူများနဲ့မတူအောင်ဖန်တီးတတ်တာကြောင့်ပရိတ်သတ်လက်ျခံနေရတဲ့အဆိုတော်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

အနုပညာမျိုးရိုးမရှိခဲ့ပေမယ့် အောင်အောင်မြင်မြင်ဖြတ်သန်းနေရတဲ့X BOXဟာ မိသားစုရဲ့အားပေးပံ့ပိုးမှုကိုအပြည့်အဝရရိထားတဲ့သူလဲဖြစ်ပါတယ်။ပရိတ်သတ်ကအမြဲလိုလို X BOX အတွက်ရှိနေပြီးတော့ အမြဲတမ်းအာပေးနေတဲ့အတွက် X BOX ကတော့မေတ္တာရောင်ပြန်ဟပ်တယ်လို့ထင်ပြိး ပျော်ပါတယ်လို့ဆိုပါတယ်။

ခံစားချက်တွေကိုပဲ ထည့်သွင်းရေးသားခဲ့တဲ့ X BOX ဟာသီချင်းကောင်းတွေဖန်တီးတဲ့အခါမှာ စိတ်ခံစားချက်တစ်ဝက် စိတ်ကူးုယဥ်တစ်ဝက်ရောယှက်ပြီးရေးတာများတယ်လို့ဆိုပါတယ်။ကားမောင်းတတ်ပေမယ့် ကားတိုက်မလိုဖြစ်သွားပြိးထဲက ကားမမောင်းတတ်တော့တဲ့ X BOX ဟာ driverတွေခန့်ပြီးကားမောင်းတတ်တယ်လို့ဆိုပါတယ်။fourအဖွဲထဲကသူငယ်ချင်းတွေထဲမှာ ထက်ယံနဲ့ ရွေထူးတို့ဟာ ကားမောင်းအရမ်းကြမ်းတယ်လို့ဆိုပါတယ်။

စကားများများမပြောတတ်တဲံ့ X BOX ဟာနှလုံးသားနုနုလေးနဲ့သီချင်းလေးတွေရေးစပ်တဲံနေရာမှာ အရမ်းတော်လွန်းပြီးစာသားုနုနုလေးတွေသီဆိုတတ်တာတော့ပရိတ်သတ်ကြိးတို့အသိပါပဲ။၊အဖေမရှိတော့ပဲ အမေတစ်ယောက်ကိုတန်ဖိုးထားချစ်တတ်တဲ့X BOX ဟာအချိန်တန်ရင်တော့ မိခင်ရင်ခွင်ကိုလွမ်းပြီး အမေ့ဆီပြန်ချင်စိတ်ရှိတယ်လို့ဆိုပါတယ်။

ကွဲဆိုတဲံတေးသီချင်းတစ်ပုဒ်ကို အိုင်းရင်းဇင်မာမြင့်နဲ့အတူသီဆိုခဲ့ပြီးအောင်မြင်မှုရရှိခဲ့တဲ့တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး အလွမ်းအဆွေးနဲ့ ရည်းစားနဲ့ပြတ်စဲတဲံအကြောင်းကိုသီဆိုခဲ့တာကြောင့် နားထောင်သူပရိတ်သတ်ကြားထဲမှာရင်ဘက်ကြီးတိုက်ဆိုင်သွားခဲ့ပြီးနာမည်ကြီးခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

အရင်တုန်းက ကြမ်းကြမ်းတမ်းတမ်းသီချင်းတွေကိုသီဆိုခဲ့ပေမယ့် နောက်ပိုင်းရင့်ကျက်လာတဲ့အခါမှာတော့ ရင်ထဲမှာရှိတဲ့အတိုင်းသီချင်းတွေကို ရိုးရိုးရှင်းရှင်းသီဆိုပြီးပရိတ်သတ်တွေကိုချပြတယ်လို့ x boxကဆိုပါတယ်။ ထက်ယံ x box ရွေထူး lil zတို့ရဲ့ four reunion live concert ကိုသူတို့ အဖွဲ့ရဲ့င့ါးနှစ်ပြည့်မှာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနစ်အောက်တိုဘာ ၈ရက်နေ့က ရန်ကုန်မှာကျင်းပသွားပါတယ်။x boxဟာသူရဲ့တတိယမြောက် တကိုယ်တော်တေးစီးရီး album ဖြစ်တဲ့ future albumကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာထွက်ရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့တေးစီးရီးတစ်ခုဖြစ်ပါတယ်။

ထုိစီးရီးထဲက future ,B.A.B.Y,yesterday,အိမ်မက် စတဲံတေးသီချင်းတွေဟာနာမည်ကြီးခဲ့တဲ့တေးသီချင်းတွေဖြစ်ခဲ့ပါတယ်။ထို သီချင်းအခွေထဲကအိမ်မက်ဆိုတဲ့သီချင်းဟာ အသဲကွဲသီချင်းတစ်ပုဒ်ဖြစ်ပြီး အောင်မြင်ခဲတဲ့တေးသိချင်းတစ်ပုဒ်ဖြစ်ပါတယ်။

မမေးနဲ့ သီချင်းကိုနာမည်ကြီးအဆိုတော် ရဲရင့်အောင်နဲ့သီဆိုခဲ့ပြီးုအရမ်းအောင်မြင်မှုရရှိခဲ့ပြီး ပရိတ်သတ်တွေရဲ့ခံစားချက်နဲ့ကိုက်ညီခဲ့တာကြောင့် ပရိတ်သတ်ကြားမှာရေပန်းစားခဲ့တဲ့တေးသီချင်းတစစ်ပုဒ်ဖြစ်ပါတယ်။ဟဲလေးနဲ့အတူ ကဲနဲ့ကွဲဆိုတဲ့တေးသီချင်း ကိုလည်း ထုတ်လုပ်ခဲ့ပြီသင်္ကြန်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်နော်။အနုပညာရှင်တွေများစွာနဲ့ သီချင်းတွေမျိုးစုံလုပ်နေတဲ့x boxဟာ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်နော်။

ထက်ယံနဲ့အတူသီဆိုထားတဲ့ မင်းထက်နိဗ္ဗာန်ကိုမလိုချင်ဆိုတဲံသီချင်းတစ်ပုဒ်ကိုသိဆိုခဲ့ပြီးထိုသီချင်းဟာလည်းနာမည်ကြီးတဲံ့တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။လက်ရှိမှာ x boxဟာပ၇ိတ်သတ်ကြီးနဲ့အတူပျော်ရွင်စွာဖြင့်သိချင်းကောင်းများစွာကိုရေးစပ်သီဆိုလျက်ရှိပါတယ်နော်။ပရိတ်သတ်တွေနဲ့ ပျော်ပျော်ရွင်ရွင် နေတတ်တဲ့ အဆိုတော်တစ်ယောက်နည်းတူအောင်မြင်မှုတစ်ခုကိုရရှိနေတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်နော်။

ပရိတ်သတ်ကြီးတို့ရေ ကျွန်မတို့ channelကနေတင်ဆက်ပေးသွားတဲ့အကြောင်းအရာကတော့ လူငယ်ပရိတ်သတ်တွေအသဲစွဲကြိုက်ကြတဲ့လူငယ်အဆိုတော် x boxရဲ့အကြောင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ် ။ဗီဒီယိုထဲမှာမပါဝင်တဲ့အကြောင်းအရာများရှိခဲ့ရင်လည်း comment boxမှာရေးချထားခဲ့လို့ရပါတယ်နော်။
credit

Leave a Reply

Your email address will not be published.