MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှစလို့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုအောင်မြင်မှုများစွာနဲ့ တဟုန်ထိုးဝင်ရောက်လာတဲ့ မင်းသားချော ဟိန်းထက် ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။
ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။
မင်းသား ဟိန်းထက် ဟာ သရုပ်ဆောင်တဲ့နေရာမှာ တော်ရုံတင်မက အမှန်တရားအတွက် ရပ်တည်ပေးနေတဲ့ သူ့ရဲံ စိတ်ဓာတ်ကလဲ အရမ်းကိုလေးစားစရာ ကောင်းပါတယ်နော်။
ဟိန်းထက် ကတော့ ဘာသာတရားကို လေ့လာလိုက်စားသူတစ်ဦးဖြစ်ပြီး စာပေနဲ့ပတ်သက်၍ ဗဟုသုတ ကြွယ်ဝသူတစ်ဦး လဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မြန်မာပြည်ရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို ရှင်းလင်းစွာ ရေးသားလိုက်ပုံကတော့ ” -ယခုခေတ်တွင် ပညာဟူသည်ဆိုတာနှင့် ကျောင်းပညာရေးကိုသာပြေးမြင်ကြသည်။
ဆရာ ဆရာမများ ကျောင်း ဟူသောအရာတွင်သာအလွန်မှီခိုကြသည်။ခရစ်ရှာနာမူတီးက ဒီလို မှားယွင်းစွာမှီခိုခြင်းကို သူ့ရဲ့ စာအုပ် Think of the these thingsတွင်ဖော်ပြထားသည်။မှန်ပါပေသည်။ အဘယ်ကြောင့်နည်း။
မိဘတွေကြောင့်လို့ပြောလျှင်မှားမည်မထင်။မိဘဟူသည် သားသမီးကို ပညာတတ်ကြီးဖြစ်စေချင်ကြသည်။ ကြီးပွားတိုးတက်စေချင်ကြသည်။ဒါကြောင့် ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားကြသည်။
ပညာရှိကြီးဖြစ်အောင် ကျောင်းထားခြင်းက ရှားသည်။ ပညာဟူသည်တွင် အသိပညာနဲ့အတတ်ပညာ နှစ်မျိုးစလုံးက သင်ယူရမည့်အရာတွေဖြစ်သည်။ဒါမှ ပညာရှိဖြစ်မည်။ ကျနော်တို့နိုင်ငံရဲ့ ယခု ပညာရေးစနစ်အရ အတတ်ပညာကိုသာ သင်ကြားပေးသည်ကများသည်။
အသိပညာသင်ကြားရမည့် ပြည်သူ့နီတိ အချိန်တွင် မြက်နုတ်ခိုင်းသည်။ကျနော်တို့တုန်းကဆို ကြက်ဆူပင်စိုက်ရသည်။လူတစ်ယောက်အတွက် အသိပညာ ပြည်သူ့နီတိက အလွန်အရေးပါသည်ကို မသင်တာ အလွန်အံသြမိသည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင် ငယ်စဥ်ကျောင်းတက်ကတည်းက ပြည်သူ့နီတိကို သေသေချာချာသင်သည်။ထိုကြောင့်ထိုင်းတွေအတော်များများ ယဥ်ကျေးကြသည်။ သူတို့ရဲ့ ဆုံးပါးသွားတဲ့ဘုရင်ရဲ့ အမြော်အမြင်ကောင်းမှုပင်။
ဒါဆို ဒီပြည်သူ့နီတိက ဘယ်ကနေ အခြေခံသနည်း။ကျနော့် တစ်ဦးရဲ့ အယူအဆအရထိုင်းတွေက ဘာသာတရားကယူသည်ဟုထင်သည်။ ဘယ်ဘာသာမဆို ကောင်းတာလုပ်ဖို့ဆုံးမတာတွေပါပဲ။
ဒါကြောင့် ဘာသာတရားကို ပညာရေးမှာထည့်သွင်းသင်ကြားစေကြသည်။ သို့ပေမယ့် ဘာသာတရားကိုတိုက်ရိုက်မသင်ပဲ ပြည်သူ့နီတိဟု ပြောင်းလည်းလိုက်ခြင်းက လူတွေရဲ့ဘာသာအစွဲတွေဖြစ်မှာကို မဖြစ်စေဖို့ ပြည်သူ့နီတိလို့နာမည်ငှားသုံးလိုက်ခြင်းဖြစ်သည်။
နောက်တစ်ချက်ဒီလိုဘာလို့ ပြောင်းသုံးရသလည်းဆို လူတွေက ပညာရေးဆို အတန်းပညာသာ ပြေးမြင်ကြသည်။ ဘာသာရေးကို ပညာရေးနဲ့ ခွဲထားကြသည်။ မတူဘူးလို့ထင်ကြသည်။
တကယ်တော့ ပြည်သူ့နီတိလို့ခေါ်တဲ့ အသိပညာတွေဟာ ဘာသာရေးထဲတွင်ရှိသည်။ တစ်ခုသတိထားရမှာ ဘာသာတစ်ခုကို သေချာမလေ့လာပဲ မိရိုးဖလာအဆင့်တွင်နေလို့မရပေ။သက်ဝင်ယုံကြည်မှုအဆင့်သို့သွားမှသာ ဘာသာတရားရဲ့အနှစ်သာရ အသိတရားကိုတွေ့ရပေမည်။
ဒီလိုမှမဟုတ်ရင် Traditionဆိုတဲ့ ယဥ်ကျေးမှုနဲ့ Religionဆိုတဲ့ ဘာသာတရားကို သေချာခွဲခြားနိုင်မည်မဟုတ်ပေ။မခွဲခြားနိုင်ရင်ယဥ်ကျေးမှု(Tradition)ကိုဘာသာတရား(Religion) ထင်သွားတတ်သည်။
ဆွမ်းဆန်ထဲကြက်ချီးရောသလိုဖြစ်သွားတတ်သည်။ဒီလိုဆို ကောင်းသင့်သလောက်မကောင်းတော့ပဲ လမ်းလွဲသွားတတ်သည်။
ဒါကြောင့် ပညာဟူသည် အသိပညာလို့ခေါ်တဲ့ ကိုယ်ချင်းစာတရား တစ်နည်း ဒီမိုကရေစီတရား နဲ့ အတတ်ပညာလို့ခေါ်တဲ့ လုပ်တတ်ကိုင်တက် တက်ကျွမ်းသောပညာရပ်တွေကို လေ့လာမှသာ ပညာရှိဖြစ်ပြီး အများအကျိုးကိုထမ်းဆောင်တဲ့ ပညာရှိ လူကောင်းလူတော်လေးတွေဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် အသိပညာကော အတတ်ပညာပါ သင်ယူကြစေချင်သည် ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ကဲ … ပရိသတ်ကြီးရေ ဟိန်းထက် ပြောပြလိုက်တဲ့ မြန်မာပြည်ရဲ့ လွဲမှားနေတဲ့ ပညာရေးအသိနဲ့ ပတ်သက်ပြီး နားလည်သွားလောက်ပြီထင်ပါတယ်နော်။ အသိပညာနဲ့ အတတ်ပညာကို ခွဲခွဲခြားခြား သိမြင်နိုင်ကြပါစေ။
credit