မိခင်မေတ္တာ ငတ်မွတ်နေသော သနားစရာ ကျားပေါက်လေးတွေကို မိခင်ရင်းချာလို ပြုစုစောင့်ရှောက်ပေးခဲ့သည့် ခွေးလိမ္မာလေး
တရုတ်နိုင်ငံ တိရစ္ဆာန်ဥယျာဉ်တစ်ခုတွင် ကျွေးမွေးစောင့်ရှောက်ထားသော ခွေးလေးတစ်ကောင်သည်
သနားစရာ ကျားပေါက်လေးတွေရဲ့ မိခင်ရင်းချာလို ဖြစ်လာခဲ့သည်။ ကျားပေါက်လေးတွေရဲ့ မိခင်ရင်းမှာ မွေးမွေးပြီးချင်း
ကိုယ့်ကလေးကိုလည်း ချစ်ခင်တွယ်တာခြင်းမရှိသည့်အပြင် နို့လည်းမတိုက်ပဲ အနားကပ်လာသည်နှင့် မောင်းထုတ်နေခဲ့သည်။
ထိုစဉ် တိရစ္ဆာန်ရုံ ဝန်ထမ်းအစောင့်များမှာ ငယ်ငယ်လေးတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့သော ခွေးလိမ်မာလေးကို
သတိရပြီး ကျားပေါက်လေးတွေရဲ့ မိခင်အဖြစ် အစားထိုးပေးခဲ့သည်။ ခွေးလေးသည် သူ့ရဲ့ကလေးမဟုတ်မှန်း သိနေသော်လည်း
ရန်မူခြင်းမရှိပဲ ကျားပေါက်လေးတွေကို သနားမိကာ နို့တိုက်ကျွေးခဲ့ပြီး သားသမီးရင်းလို ဂရုစိုက်ပေးခဲ့သည်။
Zawgyi(version)