ဒီလိုလူမျိုးတွေကို အိမ်ထောင်ဖက်အဖြစ်ရွေးမိရင် ငါးပါးမှောက်ပါလိမ့်မယ်

မိန်းကလေးတစ်ယောက်အဖို့ အိမ်ထောင်ပြုမယ် လို့ မတွေးထားဘူး ဆိုရင်တောင် ကိုယ့်ကို ချဉ်းကပ်လာတဲ့သူတွေထဲ မှာ သဘောကျလောက်စရာ လူမျိုးတွေ့ရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားတတ်ပါတယ်။

တကယ်တော့ အိမ်ထောင်ပြုတာပဲ ဖြစ်ဖြစ်၊ ချစ်သူအဖြစ် ရွေးချယ်ရင်ပဲ ဖြစ်ဖြစ် ကိုယ့်ကို ဒုက္ခပေးမယ့် လူမျိုးကို မရွေးမိဖို့လိုပါတယ်။ ချစ်သူ၊ ဘဝလက်တွဲဖော် ရွေးတဲ့အခါ ဒီလိုလူမျိုးတွေကို ရှောင်ပါ။

ရည်မှန်းချက်မရှိသူ

အလုပ်အကိုင် မယ်မယ်ရရ မရှိ၊ ဘဝ ရည်မှန်းချက် မရှိတဲ့ သူကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးမိရင် ကိုယ်ပါရောပြီး မှေးမှိန် တဲ့ ဘဝမျိုး ဖြစ်သွားပါလိမ့်မယ်။ မျက်နှာငယ်ရပါလိမ့်မယ်။

ပွေရှုပ်လွန်းတဲ့သူ

ပွေရှုပ် တဲ့ သူတွေနဲ့ ပတ်သက်မိ တဲ့ အခါ ဘယ်အချိန် ကိုယ့်ကို သစ္စာဖောက်မလဲ မသိနိုင်ဘူး၊ ကိုယ့်အပြင် နောက်ထပ် ဘယ်သူတွေ ရှိသေးလဲ မသိနိုင်ဘူး၊ ဘယ်အချိန်မှာ သူ့ရဲ့သက်ဆိုင်သူပါ ဆိုပြီး ကိုယ့်ရှေ ပေါ်လာမယ် မသိဘူး၊ ကိုယ်က နံပါတ်စဉ် ဘယ်လောက်လဲ မသိနိုင်ဘူး။ ဒီလို လူမျိုးကို လုံးဝရှောင်ပါ။

ကိုယ့်ကိုလွှမ်းမိုးချုပ်ကိုင်လွန်းတဲ့သူ

အရာအားလုံးသူ့သဘော၊ သူ့စိတ်ကြိုက်ဖြစ်ချင်တယ်၊ ကိုယ့်ကိုလွှမ်းမိုးချုပ်ကိုင်ပြီး ပြောင်းလဲပစ်ဖို့ကြိုးစားတယ်၊ နောက်ဆုံး ကိုယ့်ရဲ့ဖြစ်တည်မှုကတဖြည်းဖြည်း မှေးမှိန်လာပြီး ကိုယ့်ကိုယ်ကိုတောင်မပိုင်တော့သလိုဖြစ်လာနိုင်လို့ ဒီလိုလူမျိုးကိုလည်း ရှောင်ပါ။

အချိန်ပြည့်စိတ်ဓာတ်ကျနေသူ

ဒါကလည်း ရည်မှန်းချက် မရှိတဲ့ သူနဲ့အတူတူပါပဲ။ ကိုယ့်ဘဝ တိုးတက်အောင် အားမထုတ်ချင်ဘူး။ အမြဲတမ်း စိတ်ဓာတ်ကျ ညီးညူ နေတတ်တယ်။ အလုပ်လုပ်ရမယ် ဆို အကြောင်းပြချက် အမျိုးမျိုး ပေးပြီး ရှောင်လွဲ နေတတ်တယ်။ ဒီလိုလူမျိုး ကို ရွေးမိရင်လည်း ငါးပါးမှောက်ပါလိမ့်မယ်။

စရိုက်ကြမ်းတဲ့သူ

အပြောအဆိုလည်း မိုက်ရိုင်း၊ အပြုအမူလည်း မိုက်ရိုင်းတဲ့ စရိုက်ကြမ်းတဲ့ သူမျိုးကိုလည်း ရှောင်ကိုရှောင်သင့်ပါတယ်။ စရိုက်ကြမ်းတဲ့သူ ကို ရွေးမိရင်လည်း ငါးပါးမှောက်ရုံတင်မက အရှက်လည်းကွဲပါလိမ့်မယ်။

ရည်းစားဟောင်း

ကိုယ်နဲ့ သဘောထား အမြဲတိုက်ဆိုင်နေရင်၊ သဘောကျတဲ့ အချက်တွေ များနေခဲ့ရင် ရည်းစားဟောင်းဆိုတာ ဖြစ်မလာပါဘူး။ ရည်းစားဟောင်းဖြစ်သွားပြီ ဆိုကတည်းက သူ့မှာ ကိုယ် သဘောမကျတဲ့အချက် တွေရှိလို့ပါ။

ဒါပေမယ့် သံယောဇဉ် လက်ကျန်လေးတွေ ရှိနေသေးတာကြောင့် ပြန်တွဲရကောင်းနိုးနိုး စဉ်းစားမိတတ်ပါတယ်။ လုံးဝ ပြန်မတွဲပါနဲ့။ ရည်းစားဟောင်းနဲ့ ပြန်တွဲရင် အဆင်ပြေနိုင်ချေ နည်းလွန်းပြီး စိတ်ရှုပ်ရဖို့ သချာသလောက်မို့ပါ။
credit

Leave a Reply

Your email address will not be published.