ရှိရင်းစွဲအသက်ထက် နုပျိုချင်ရင် တစ်ပတ်တစ်ရက် ဒီနည်းလမ်းအတိုင်း ပေါင်းတင်ပါ

အသက်ကြီးလာတာနဲ့အမျှ မျက်နှာက အိုစာသွားလိုက်တာ ဆိုပြီး စိတ်ညစ်နေလား။ အရေးအကြောင်း၊ အတွန့်အခေါက်တွေက သင့်ရဲ့ငယ်ရွယ်နုပျိုမှုတွေကို တိုက်စားနေပြီလား။

အသားအရေတွေလည်း တဖြည်းဖြည်း ညစ်နွမ်းခြောက်သွေ့လာပြီလား။ အမဲစက်နဲ့ အသားအရေ ကြမ်းတမ်းမှုတွေကို ဘယ်လိုနည်းနဲ့ ဖျောက်ပစ်ရမလဲလို့ ခေါင်းစားနေလား။

အသားအရေကို သေချာဂရုမစိုက်တဲ့အခါ ရှိရင်းစွဲအသက်ထက်တောင် ရင့်ရော်စေတယ်ဆိုတာ သိထားသင့်တယ်နော်။

တကယ်တော့ အသားအရေဆိုတာလည်း ခန္ဓာကိုယ်လိုပဲ လိုအပ်တဲ့ ဓာတ်စာတွေ ဖြည့်ပေးရပါတယ်။ ဒါမှလည်း ဘယ်အသက်အရွယ် ရောက်ရောက် ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။

ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုတဲ့ အသားအရေမျိုးလိုချင်တယ်ဆိုရင်တော့ ဂျပန်မလေးတွေ ကျင့်သုံးတဲ့ နည်းလမ်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းက အရမ်းကိုရိုးရှင်းလွယ်ကူပြီး ထိရောက်မှုလည်း ရှိပါတယ်။ အလုပ်လည်း အရမ်းမရှုပ်ပါဘူး။ ပါဝင်ပစ္စည်းက နည်းတဲ့အပြင် တစ်ပတ်ကိုမှ တစ်ခါဘဲ လုပ်ပေးရင် ရပါပြီ။

ပါဝင်ပစ္စည်း
ဆန် စားပွဲတင်ဇွန်း ၃ စွန်း

နွားနို့ စားပွဲတင်ဇွန်း ၁ စွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ စွန်း

ရေ တစ်ခွက်

ပြုလုပ်နည်း

ဆန် ၃ စွန်းနဲ့ ရေတစ်ခွက်ရောပြီး အပူပေးပါ။ ၂ မိနစ် ၃ မိနစ်လောက်နေရင် မီးပိတ်ပြီး အရည်စစ်လိုက်ပါ။ စစ်ထားတဲ့ဆန်ထဲကို နွားနို့နဲ့ ပျားရည်ထည့်မွှေပါ။

ပြီးလျှင် မျက်နှာမှာ သုတ်လိမ်းပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက် အခြောက်ခံပါ။ ပြီးရင်တော့ ခုနက စစ်ထားတဲ့ အရည်နဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်ပေးပါ။

ဒီနည်းလမ်းလေးက သင့်အသားအရေကို ကြည်လင်ချောမွတ်စေတဲ့အပြင် အမဲစက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

Antioxidant ကြွယ်ဝတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ကော်လာဂျင်တွေထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

ဒါကြောင့် အရေးအကြောင်းတွေ ပျောက်ပြီး ငယ်ရွယ်တဲ့အသွင်ကို ရစေမှာပါ။

ဒါ့အပြင် ဆန်က နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး နေလောင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။ အစိုဓာတ်လည်း ဖြည့်ပေးပါတယ်။ Credit

Leave a Reply

Your email address will not be published.