အလုပ်ခွင်ကြောင့် ပင်ပန်းနေတဲ့ ဦးနှောက်ကို အမြန်ဆုံး ပြန်လန်းဆန်းစေမယ့်
တစ်နေ့ တစ်နေ့ မရပ်မနား အလုပ်လုပ်နေရတဲ့ ကိုယ်တွေ ဦးနှောက်လေးလည်း သိပ်သနားဖို့ ကောင်းပါတယ်နော်..။ ကျောင်းစာတွေ အလုပ်တွေကြောင့် တစ်ခါတစ်လေ ဦးနှောက်တွေ ထိုင်းမှိုင်းပြီး စိတ်ညစ်ညူးကြတယ် အချိန်တွေ ရှိခဲ့ဖူးတယ် မလား
အဲ့လိုအချိန်တွေဆို ဘာမှမလုပ်ချင်ပဲ လူက ငြီးစီစီနဲ့ နုန်းခွေနေတတ်ကြပါတယ်။ အဲ့ဒါကို ပျောက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းကြလေ့ ရှိပါတယ် သီချင်းဆိုတာ အပြင်သွားတာ စသဖြင့်ပေါ့။ ဒါပေမဲ့ အဲ့ထက် လွယ်ကူပြီး မြန်ဆန်တဲ့ ဆေးနည်းကောင်း တစ်ခု ရှိပါတယ်
ဆေးနည်းကတော့ လုပ်ရတာ လွယ်ကူပါတယ်လိုအပ်သောပစ္စည်း ပျားရည်သံပရာသီးပြုလုပ်နည်းကတော့
သံပရာသီးကို အကွင်းလိုက် မထူမပါးလေး လှီးပါ ပြီးလျှင် ပျားရည်နဲ့ စိမ်ထားပါ ပျားရည်စိမ်ထားတဲ့ သံပရာအကွင်းလေးတွေ နွမ်းသွားတဲ့အခါ ဆေးအဖြစ် စားနိုင်ပါပြီ
သုံးစွဲနည်းအညွှန်းကတော့ပျားရည်စိမ်ထားတဲ့ သံပရာအကွင်းလေးတွေကို မနက် တစ်ခါ ည တစ်ခါ စားပေးနိုင်သလို ဦးနှောက် မကြည်လင်တဲ့အချိန်မှာလည်း စားပေးနိုင်ပါတယ်။ သင့်ဦးနှောက် အမြန်ဆုံး ပြန်လည်ကြည်လင်လာတာကို ခံစားရမှာပါ
လွယ်ကူတဲ့ နည်းလမ်းလေး ဖြစ်လို့ သင့်အတွက် သင့်တော်တဲ့ အိမ်တွင်းဆေးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်နော်
Zawgyi(version)