အင်္ကျီမှာ ပီကေတွေကပ်နေတဲ့အခါ အလွယ်တကူခွာနိုင်တဲ့ နည်းလမ်းကောင်းများ

Posted by

အင်္ကျီမှာ ပီကေတွေကပ်နေတဲ့အခါ ခွာရခက်သလို အရမ်းလည်း စိတ်ညစ်စရာကောင်းပါတယ်။ ကပ်နေတဲ့ ပီကေတွေကို ဆွဲခွာတဲ့အခါ ပီကေအကြွင်းအကျန်တွေ ကပ်ညိကျန်ခဲ့တာ ဒါမှမဟုတ် အသားနုနု အင်္ကျီတွေမှာဆိုရင် အကျတထည်လုံးပြစ်ရတဲ့အထိ ဆိုးဝါးလွန်းတဲ့ ပီကေတွေပါနော်။ အဲ့လိုမျိုးခွာရခက်တဲ့ ပီကေတွေကို လွယ်လင့်တကူ ခွာနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

( ၁ ) မီးပူပေးခြင်း

ပီကေကပ်နေတဲ့ အဝတ်အထည်ကို ကတ်ထူပြားတခုပေါ်မှာ တင်လိုက်ပါ။ ပီကေဟာ အင်္ကျီနဲ့ ကတ်ထူပြားရဲ့ ကြားမှာ ရှိရပါမယ်။ ပြီးနောက် ပီကေမကပ်တဲ့ အင်္ကျီရဲ့ တဖက်မျက်နှာပြင်ကို မီးပူတိုက်ပါ။

ဒါဆိုရင်တော့ ပီကေဟာ အင်္ကျီမှာ ကပ်ကျန်မနေတော့ပဲ အပူချိန်ကြောင့် ကတ်ထူပြားမှာ ကပ်ကျန်နေခဲ့မှာပဲ ဖြစ်ပါတယ်။ အင်္ကျီမှာ ပီကေတွေမကျန်တော့ဘူးဆိုရင်တော့ ပုံမှန်အတိုင်း အင်္ကျီကိုလျှော်လို့ရပါပြီ။

( ၂ ) အအေးခံခြင်း

ဒီနည်းလမ်းကတော့ တော်တော်များများ သိကြသလို အရမ်းလည်း အသုံးတည့်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ပီကေတွေကပ်နေတဲ့ အထည်ကို ရေစိုခံအိတ်တခုထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ သတိထားရမယ့်အချက်ကတော့ ပီကေနဲ့ ပလက်စတစ်အိတ်ကပ်မနေစေဖို့ သတိထားရပါမယ်။

တကယ်လို့ ပီကေနဲ့ ပလက်စတစ်အိတ်ကပ်မနေစေဖို့ လုပ်လို့အဆင်မပြေဘူးဆိုရင်တော့ အင်္ကျီကို အိတ်ထဲမှာ မထည့်ပဲ အိတ်ပေါ်မှာပဲ တင်ထားနိုင်ပါတယ်။ ဒါပေမဲ့ တခုသတိထားရမှာကတော့ ရေခဲသေတ္တာထဲမှာရှိတဲ့ တခြားစားစရာပစ္စည်းတွေနဲ့ အင်္ကျီကို မထိစေဖို့တော့ သတိထားရပါမယ်။

ကပ်နေတဲ့ ပီကေရဲ့ ပမာဏအကြီးအသေးကို လိုက်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကနေ ၄ နာရီအထိ ထားပေးရပါမယ်။ အကျက အေးခဲနေပြီဆိုရင်တော့ ပီကေကို ခွာလို့ရပါပြီ။

ခွာတဲ့အခါမှာလည်း ဓားတုံးတုံး ဒါမှမဟုတ် ထောပတ်သုတ်တဲ့ ဓားလိုမျိုးသုံးပြီး ဂရုတစိုက် ခွာပေးရပါမယ်။ တကယ်လို့ အထက်ကပြောထားသလို လုပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ ကပ်နေတဲ့ ပီကေပေါ်မှာ ရေခဲတုံးကပ်ပြီးလည်း ခွာနိုင်ပါတယ်ရှင်။

( ၃ ) ရေငွေ့ဖြင့်အပူပေးခြင်

ပီကေကပ်နေတဲ့ အင်္ကျီရဲ့ တဖက်စကို ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ထည့်ပြီး အစတဖက်ကနေကိုင်ကာ ဓားတုံးတုံး ဒါမှမဟုတ် သွားတိုက်တံနဲ့ ပွတ်တိုက်ပြီး ဖယ်ပါ။ ပြီးရင်တော့ အင်္ကျီကို လေတိုက်ထဲမှာ အခြောက်ခံပြီး ပီကေတွေ မပြောင်သလို ခံစားရတယ်ဆိုရင်တော့ နောက်တကြိမ်ရေနွေးနဲ့ ပြန်လည်ဆေးကြောနိုင်ပါတယ်။

အိမ်မှာ ရေနွေးအိုးရှိတယ်ဆိုရင်တော့ ရေနွေးအိုးကထွက်တဲ့အငွေ့နဲ့လည်း ပီကေကို ခွာနိုင်ပါတယ်။ ရေနွေးအိုးရဲ့ အငွေ့ထွက်တဲ့အနားမှာ ပီကေကပ်နေတဲ့ အင်္ကျီစကို ထားပြီး သွားတိုက်တံနဲ့ ပွတ်ပြီးဖယ်ရှားနိုင်ပါတယ်။ သွားတိုက်တံနဲ့ပွတ်တိုက်တဲ့အခါ direction တဖက်တည်းကိုပဲ ပွတ်တိုက်ဖို့တော့ ဂရုပြုဖို့လိုပါတယ်။

( ၄ ) အပူပေးထားတဲ့ ဗင်နီကာဖြင့် ဖယ်ရှားခြင်း

ဗင်နီကာအရည်ကို အပူပေးပြီးလည်း ဖယ်ရှားနိုင်ပါတယ်။ အပူပေးထားတဲ့ ဗင်နီကာအရည်ထဲကို သွားတိုက်တံနှစ်လိုက်ပါ ။ ပြီးနောက် အဆိုပါ သွားတိုက်တံနဲ့ ပီကေကို ဖယ်ရှားနိုင်ပါပြီ။ တခုသတိထားရမှာကတော့ ဗင်နီကာအရည်ဟာ ပူနေမှ ဖြစ်မှာပါ။ ဖယ်နေရင်း ဗင်နီကာအရည်က အေးသွားမယ်ဆိုရင်တော့ ပြန်ပြီးအပူပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း အင်္ကျီကို လျှော်နိုင်ပါပြီ။

( ၅ ) ဆံပင်ဖြန်းဆေး ( Hair Spray )

ပီကေတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ Hair Spray နဲ့လည်း ဖယ်ရှားနိုင်ပါတယ်။ အင်္ကျီမှာကပ်နေတဲ့ ပီကေကို hair spray နဲ့ ဖြန်းလိုက်ပါ။ ဒါဆိုရင် ပီကေဟာ မာသွားပါလိမ့်မယ်။ ပြီးရင်တော့ ဓားတုံးတုံးနဲ့ ပီကေကို ခွာလိုက်ပါ။ ပီကေကွာသွားပြီဆိုရင်တော့ ပုံမှန်အတိုင်း အင်္ကျီကို လျှော်ပေးနိုင်ပါပြီ။

စာကြွင်း ပီကေခွာတဲ့အခါ ဓားတုံးတုံးကို အသုံးပြုဖို့ မှာရသလဲဆိုရင်တော့ ချွင်ထက်နေတဲ့ ဓားတွေကို အသုံးပြုတဲ့အခါ အင်္ကျီတွေ ပျက်ဆီးနိုင်လို့ပဲ ဖြစ်ပါတယ်။
credit