ဦးကင်းကိုသတိရသေးလား

အားလုံးပဲ မဂ်လာပါရှင့် Thinyupar biography channel ကနေ ပြန်လည်ကြိုဆိူလိုက်ပါတယ်ရှင့် ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေရင်ထဲမှာ စွဲထင် ကျန်ရစ်နေတဲ့ ဟာသလူရွင်တော်တစ်ယောက်အကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အားဂါး အာဂါး ဆိုပြီးကျောက်ကျော ကြော်ငြာေလးကို သိကြတယ် ဟုတ် ။

အဲ့ကျောက်ကျောကြော်ငြာနဲ့ ပရိတ်သတ် ကြိုက်နှစ်သက်မှုရခဲ့တဲ့ အနုပညာသရုပ်ဆောင် ဟာသလူရွင်တော် ကင်းကောင်အကြောင်းကို ဒီကနေ့တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ကင်းးကောင်ကို ၁၉၆၄ ခှနှစ် မေလ ၂၁ ရက်တွင်မွေးဖွားခဲ့ပါတယ်။ငယ်နာမည်မှာ မောင်မျိုးမြင့် ဖြစ်ပြီး မောင်နှမလေးယောက်ရှိတဲ့ အထဲ ကင်းကောင်က ဒုတိယမြောက်သားဖြစ်ပါတယ်။

အနုပညာ လုပ်ငန်းအစမှာ အရှည်ကြီးဆိုတဲ့ အမည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသားများ စုစည်း၍ ၁၉၈၅ ခုနှစ် လူရွှင်တော် ဇာဂနာ စီစဥ်တဲ့ မြပုဏ္ဏမာ အငြိမ့်မှာ အငြိမ့်ဝင်ကခဲ့ပြီး နှစ်နှစ်ခန့် ကျင်လည်ခဲ့ပါတယ်

ထို အငြိမ့်ကို မြန်မာ့အသံက ထုတ်လွင့်မည့်အခါမှ ဇာဂနာရဲ့ တိုက်တွန်းမှုဖြင့် စငိတင်နာမည် ကင်းကောင်ဟုပြောင်းကာ အနုပညာလောက သို့ စတင်ဝင်ရောက်လာပါတယ်။ဇနှီးသည် ဒေါ်အေးအေးမွန် နှင့် အိမ်ထောင်ကျခဲ့ပြီး ရဲမွန်အောင်လို့ ခေါ်တဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။

မိုးဒီ အရိုင်း ဗေလုဝ မောစ့် ရှဲဒိုး မေတ္တာ ကုသိုလ် ခင်လှိင် ငှက်ပျောကြော် ဖိုးဖြူ စတဲ့ ဟာသသရုပ်ဆောင် တွေနဲ့ အတူအငြိမ့်များပါဝင်ကပြဖျော်ဖြေခဲ့ပြီး သီးလေးသီး အငြိမ့် အဖွဲနှင့်လည်း အငြိမ့်ပြပွဲတွင် ပါဝင်ကပြခဲ့ပါတယ်

မိုး jasmine phyu စတဲ့ အငြိမ့်များတွင် ပါဝင်ကပြခဲံ ပရိတ်သတ်တွေကို ဟာဒယရွင်ဆေးတိုက်ကျွေးခဲ့ပြီး နန်းမမြိုင်ကရွေကြာကြီး ရယ်မောစေသောဝ် ဂျီဖုန်း ညာချစ် ဒီလိုကြေးလား အပြင်းစားရိုက်ချက် စတဲ့ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သေးတယ်

လူရွင်တော် သရုပ်ဆောင် ကင်းကောင်ဟာ ပရိတ်သတ်ကို ဟာဒယရွင်ဆေးတိုက်ကျွေးကာပပျော်ရွင်စေခဲ့သော်လည်း ကျန်းမာရေးတော့ သိပ်မကောင်းလှပါဘူး ၂၀၁၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ပြင်ဦးလွင်တွင် ဗီဒီယို ရိုက်ကူးနေစဥ် ဆိုင်ကယ်မတော်တဆမှုဖြစ်ကာ ဦးနှောက်သွေးကြောခဲပြီး နန်းတော်ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရပါတယ်

၂၀၁၆ ခုနှစ် ဇွန်လ တွင် နှလုံးအဆီဖုံးရောဂါဖြင့် ဆေးရုံတက်ကုသရပါတယ် ၂၀၁၆ ခှနှစ် အောက်တိုဘာလတ္ငင် အစားမျိုရာ၌ အခက်အခဲ ဖဖြစ်လာပြီး စစ်ဆေးရာ အစာရေပြွန်ပိတ်နေကြောင်း သိရပါသည် ရင်ခေါင်းကိုသွားရောက် ခွဲစိတ်ကုသခဲ့ပြီးနောက် ရာသက်ပြန် အရက်ဖြတ်မယ်လို့ ကြေညာခဲ့ပါတယ်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် နံနက် ၆ နာရီ ခန့်မှာ ပုပ္ပါး၌ သွားရောက်ရိုက်ကူးစဥ် မှာ တည်းခိုခန်းမှာပဲ ကွယ်လွန်ခဲ့ပါတယ် ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ် ရှိပြီ ဖြစ်ပါတယ် ဦးကင်းကောင်ဟာ အနုပညာအလုပ်ကို ၃၄ နှစ်ကြာလုပ်ကိုင်ခဲ့ပါတယ်။

ဦးကင်းကောင်ဟာ အသက်အရွယ် မကြီးရင့်ခင်မှာပဲ ေစာစီးစွာ တိမ်းပါးသွားခဲ့တဲ့ အတွက် အနုပညာရှင် အသိုင်းအဝိုင်းက အလွန်အမင်း ဝမ်းနည်းခဲ့ကြပါတယ်။ပရိတ်သတ်များကလည်း ဝမ်းနည်းကြောင်းမှတ်ချက်တွေ ရေးသားခဲ့ကြပြီး အခုထိတိုင် လွမ်းဆွတ်နေကြမြဲ ဖြစ်ပါတယ်

ပရိတ်သတ်ကြီးရေ အခု တင်ဆက်ပေးခဲ့ အကြောင်းအရာကတော့ ဟာသရုပ်ရှင် သရုပ်ဆောင် ကင်းကောင်အကြောင်း တင်ဆက်သွားတာပဲဖြစ်ပါတယ် နောက်ထပ် စိတ်ဝင်စားဖွယ် အကြောင်းအရာများအတွက် ကျွန်မတို့ Thinyupar biography channelကို like and subscribe လုပ်ထားပေးပါဦးနော် ကျေးဇူးတင်ပါတယ်ရှင့်

credit

Leave a Reply

Your email address will not be published.