ပထမဆုံးကြိမ်အဖြစ် ဒူးရင်းသီးအား စားဖူးသည်ရှိအောင် ဝယ်စားခဲ့ရာ အနံ့မခံနိုင်၍ အခက်တွေ့နေရသော မိသားစု

ဒူးရင်းသီးဆိုသည်နှင့် အနံ့ပြင်းသော်လည်း အရသာအရမ်းကောင်း၍ စျေးကြီးနေပါစေ ကြိုက်သည့်သူများမှ ဝယ်စားကြပြီး အချို့သူများကျ အနံ့ရတာနှင့်ကို ခေါင်းတွေ မူးနောက်လာတတ်ကြသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိသားစုတစ်စုသည် ဒူးရင်းသီးအား အနံ့ပင်မခံနိုင်သော်လည်း လူကြိုက်များသဖြင့် စားဖူးသည်ရှိအောင် တစ်ကြိမ်တစ်ခါလောက်တော့ စမ်းစားချင်ခဲ့ကြသည်။

မိသားစုရှိ သမီးလေးမှ အိမ်ကလူတွေအကြောင်းသိပြီး စားစေချင်သည့်စိတ်နှင့် စျေးကြီးပေးကာ ဒူးရင်းသီးအား ဝယ်ချလာခဲ့သည်။

ထို့ကြောင့် မိသားစုမှလည်း မထူးတော့ပဲ ပထမဆုံးကြိမ်အဖြစ် ဒူးရင်းသီးအား စားကြည့်ရန် စီစဥ်ခဲ့ပြီးအနံ့အားမရအောင် နှာခေါင်းတွေကို တစ်ရှူးဆို့ထားကာ မျက်လုံးကို စုံမှိတ် စွန့်စွန့်စားစားနှင့် ဒူးရင်းသီးကို စားရန်ကြိုးစားနေကြသည်။

ဒူးရင်းသီးသည် အနံ့ဆိုးသော်လည်း ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရဓာတ်ကြွယ်ဝသော ဗီတာမင်များစွာ ပါရှိသည်။

သမီးဖြစ်သူသည် ရယ်မောရင်း မိသားစုဧ။် ဒူးရင်းသီးစားနည်းအား ပုံများရိုက်ကာ လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ အမျိုးမျိုးသော ဝေဖန်ချက်များစွာ ရှိခဲ့သည်။
credit

Leave a Reply

Your email address will not be published.