မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးနည်
မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးရာ၌ အောက်ဖော်ပြပါ ကန်တော့ပွဲသုံး ပစ္စည်းများအား အသုံးပြုရမည်…။
(၁) အုန်းသီးတစ်လုံး
(၂) ငှက်ပျောသီး(၃)ဖီး
(၃) ကွမ်း ၊ ကွမ်းသီး ၊ ထုံး ၊ ဆေး
(၄) သပြေပန်း
(၅) ထီး ၊ တံခွန် ၊ ကုက္ကား ၊ မုလေးပွား ၊ ယပ် ၊ ကြက်လျှာအစုံ
(၆) ဆီမီး(၁)တိုင်
(၇) ရေတစ်ခွက်
(၈) ခံတောင်း(သို့)ဇလုံတစ်ခု
(၉) အခြားလှူဒါန်းဖွယ်ရာ ပစ္စည်းများ စသည်တို့ဖြစ်သည်
မိမိနေအိမ်ရှိ ဘုရားခန်း၌ ပြုလုပ်နိုင်သည်
မဟာလာဘံ ကန်တော့ပွဲထိုးသည့် အချိန်ကာလမှာ နံနက်ပိုင်းဖြစ်ရမည် မဟာလာဘံ ကန်တော့ပွဲထိုးသင့်သည့်
အခြေအနေမှာ လောကီစီးပွားနှင့် ဓနစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သင့်သည်
မဟာလာဘံ ကန်တော့ပွဲထိုးသည့် ပုဂ္ဂိုလ်အမျိုးအစားနှင့် အရည်အသွေးမှာ ယောကျာ်း|မိန်းမ မရွေးပြုလုပ်နိုင်သော်လည်း
အကျင့်မှန်ကန်၍ စိတ်တည်ငြိမ်သူဖြစ်ကာ လောကီအတတ်ပညာအား တတ်မြောက်ထားသူဖြစ်ပါက ပို၍သင့်လျော်ပေသည်
မဟာလာဘံကန်တော့ပွဲထိုးခြင်း အကျိုးတရားက ဤကန်တော့ပွဲသည် စီးပွားလာဘ်လာဘနှင့် ဓနဥစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သော ကန်တော့ပွဲဖြစ်ခြင်းကြောင့်
(၁)စီးပွားဥစ္စာ ကြွယ်ဝခြင်း (၂)မျက်နှာပွင့်လန်းခြင်း (၃)ငွေကြေးလုံးဝပြတ်လပ်သွားမှုမရှိခြင်း စသည့် အကျိုးတရားများ ရရှိခံစားရမည် ဖြစ်ပါသည်
မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲတွင် ထီး|တံခွန်|ယပ် တို့က ဝဲဘက်မှာထားပြီး ကုက္ကား|မုလေးပွားတို့ကို ယာဘက်တွင်ထားပြီး အုန်းညှာတံကို မိမိ၏ ဝဲဘက်၌ထားရှိရမည်
မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲထိုးလျှင် (၁)ပွဲသာထိုးရပြီး ပွဲသက်တမ်းသည်(၅)ရက်ထားရပါသည်…။