မျက်နှာလေး ဘယ်လောက်လှလှ၊ ဘယ်လောက်ချောချော သွားမလှဘူးဆိုရင် အလှပျက်ရတာပါပဲ။ အထူးသဖြင့် သွားတွေဝါညစ်နေတာမျိုးက အလှပျက်ဆုံး အကြောင်းအရာပါပဲ။
ဆေးလိပ်အရက်သောက်ခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးမှုများပြားခြင်း၊ ကွမ်းစားခြင်းတွေဟာ သွားကို ဝါစေပါတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ ဝါထိန်နေတဲ့သွားများကို ဖြူအောင် လုပ်ဖို့တော့ လိုပါတယ်။
သွားဆေးခန်းမှာ treatment ယူဖို့အတွက်လည်း ဆေးခန်းအလိုက် စရိတ်စက ကြီးမားတာကြောင့်မိမိအိမ်မှာတင် အချိန်တိုအတွင်း သွားများပြန်လည်ဖြူစင်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ Baking Soda ဖြင့် သွားတိုက်ပါ။
စူပါးမားကတ်၊ ဈေးတို့မှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ Baking Soda ကို ဒီတစ်ခါမှာ သွားဖြူစေဖို့အတွက် အသုံးပြုပါမယ်။ Baking Soda ဟာ သွားများကို ဖြူဝင်းစေတဲ့အစွမ်းရှိတဲ့အပြင် သွားမှာကပ်ငြိနေတဲ့ သွားချေးများကိုပါ ကွာစေနိုင်ပါတယ်။
Baking Soda လက်ဖက်ရည် ၁ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဖြင့်ရောမွှေပြီး ရလာသောအနှစ်ဖြင့် သွားတိုက်တံပေါ်တင်ပြီး ပုံမှန်သွားတိုက်သကဲ့သို့ တိုက်ပေးပါ။ တစ်ပါတ်လျှင် ၃ကြိမ်ခန့် အနည်းဆုံး လုပ်ဆောင်ပေးခြင်းဖြင့် သင့်သွားများ ဖြူဝင်းလာမှာပါ။
၂။ ပန်းသီးရှာလကာရည်သုံးပါ။
ပန်းသီးရှာလကာရည်ကလည်း သွားများကို ဖြူဝင်းစေနိင်စွမ်းရှိပြီး ဘတ်တီးရီးယားများကိုလည်း သေစေနိုင်စွမ်းရှိပါတယ်။ ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေရောပြီး ပလုပ်ကျင်းတဲ့ သဘောမျိုး ပြုလုပ်ပေးရမှာပါ။
သေချာ ပလုပ်ကျင်းပြီးပြီဆိုလျျင်တော့ ရေသီးသန့်ဖြင့် ပြောင်စင်အောင် ထပ်မံ ပလုပ်ကျင်းပေးဖို့ မမေ့ပါနဲ့။
ဒီနည်းလမ်းဟာ အမှန်တကယ် ထိရောက်မှုရှိသလို အသုံးလွန်လျှင်လည်း သွားများကို တိုက်စားနိုင်တာမို့ ကန့်သတ်ပြီး အသုံးပြုဖို့တော့ လိုပါလိ့မ်မယ်။
credit