ပေါ်ပြူလာဖြစ်နေတဲ့သားအမိနှစ်ယောက်ရဲ့liveလေးခေတ်နောက်မကျအောင်ဝင်ကြည့်

မင်းသမီးချော မေကဗျာကတော့ ကလေးမေမေ အသက် (၃၉) နှစ်အရွယ်လို့မထင်ရလောက်အောင် နုပျိုလှပသူ

လေးတစ်ယောက်ပါပဲ။။ အသာားအရည်လေး ကလည်း ညိုစိမ့်စိမ့်လေးနဲ့ တမူထူးခြား လှပသူမို့ ပရိသတ်တွေကြား

ထဲမှာ ညိုချောမင်းသမီးလေးအဖြစ် တင်စားခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ပရိသတ်တွေချစ်တဲ့မင်းသမီးချော မေကဗျာက နောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ မိသားစုစီးပွားရေး

လုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။
အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စကားပြောသွက်လက်တဲ့ မေကဗျာဟာ မကြာခဏဆိုသလို Live လွှင့်တတ်ပြီး

သူမရဲ့လှုပ်ရှားမှုတွေကို ချပြလေ့ရှိသူတစ်ယောက်ပါ။ ဒီတစ်ခါမှာလည်း မေကဗျာက အမြဲတမ်းဆန့်ကျင်ဘက်ဖြစ်တဲ့

သမီးလေးဂင်္ဂါမေနဲ့ အကျႌဆင်တူ၊ အိတ်ဆင်တူလေးဝတ်ပြီး အပြင်ထွက်လာဖြစ်ခဲ့တုန်း အမှတ်တရ Liveလွှင့်လာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

မေကဗျာက သူမကိုယ်တိုင်ကလည်း သမီးလေးနဲ့အပြိုင် နုနယ်လှပသူမို့ သားအမိနှစ်ယောက်လို့ မထင်ရပဲ ညီအစ်မ

လေးအလားထင်မှတ်ရပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာတို့သားအမိနှစ်ယောက်ရဲ့ အမှတ်တရ Live ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

credit

Leave a Reply

Your email address will not be published.