ဗိုက်ဆာလို့ဆိုပြီး ၉၁၁ကိုဖုန်းဆက်ကာ အစားအစာများမှာယူခဲ့သော ၅နှစ်အရွယ် ကောင်လေး

ယနေ့ခေတ်တွင် ကိုယ်ကြိုက်သည့် အစားအစာများကို အပြင်ထွက်စရာမလိုတော့ပဲ အိမ်ကနေ ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့် မှာယူစားသုံးနိုင်ပြီဖြစ်သည်။

သို့ဖြစ်၍ ကယ်လီဖိုးနီးယားမှ ချာလီအမည်ရှိသော အသက် ၅နှစ်အရွယ် ကောင်လေးသည် လူကြီးတွေ ပြုလုပ်သည့်အတိုင်း ဖုန်းဆက်ပြီး အစားအစာများမှာယူခြင်းကို ကိုယ်တိုင်ပြုလုပ်ခဲ့သည်။

ကောင်လေးဖုန်းဆက်သွယ်လိုက်သော နေရာမှာ အစားအသောက်ဆိုင်မဟုတ်ပဲ ၉၁၁ကို ဆက်သွယ်ခဲ့ပြီး “ဟယ်လို မက်ဒေါ်နယ်ကလား” ဆိုပြီး မေးမြန်းခဲ့ရာ ဖုန်းကိုင်သူမှာ မဟုတ်ကြောင်း ရဲဌာနသာဖြစ်ကြောင်း ဖြေကြားရင်း အရေးပေါ်အခြေအနေဖြစ်နေလားဆိုပြီး ပြန်မေးခဲ့သည်။

ထိုအခါကောင်လေးသည် ဗိုက်အရမ်းဆာနေ၍ အစားအစာရနိုင်မလားဟု ဆိုကာဖုန်းချသွားပြီးနောက် ရဲတပ်ဖွဲ့ဝင်မှလည်း အံ့အားသင့်သွားကာ စုံစမ်းပြီးနောက် ကောင်လေးဧ။် ဖခင်နှင့်ဆက်သွယ်ခဲ့သည်။

ထို့နောက် တာဝန်ရှိသူ ရဲဝန်ထမ်းသည် ကြင်နာတတ်သော စိတ်ထားနှင့် မက်ဒေါ်နယ်ဆိုင်မှ ကောင်လေးမှာယူခဲ့သော မုန့်အား ဝယ်လာပေးကာ အိမ်တိုင်ရောက်ပို့ဆောင်ပေးခဲ့သည်။
credit

Leave a Reply

Your email address will not be published.