ကင်ဆာရောဂါခံစားရတဲ့ ဒေါ်လေးကို ကုသဖို့အတွက် ပန်းချီဆွဲကာ ရောင်းချပြီး ပိုက်ဆံတွေစုဆောင်းနေခဲ့တဲ့ ၁၃ နှစ် ကောင်လေး

China Xinhua News ရဲ့ Facebook စာမျက်နှာမှာ အသက် ၁၃ နှစ်သာရှိသေးတဲ့ Chongqing ပြည်နယ်က ကောင်လေး He Sihan ရဲ့မိဘနှစ်ပါးမရှိတော့တာကြောင့် အသက် ၃၃ နှစ်ရှိအဒေါ် Jian Hua နဲ့အတူ နေထိုင်ခဲ့ပါတယ် ။ ကောင်လေးရဲ့အဒေါ်က သူ့ကို တကယ့်ကလေးအရင်းရှာလို ဂရုစိုက်ပြီး ချစ်ခဲ့ပါတယ် ။

ဒါပေမဲ့ ကောင်လေးဟာ မကြာခဏဖျားနေတာကြောင့်အဒေါ်က သူ့ကိုဆေးရုံ မကြာခဏ ခေါ်သွားခဲ့ရပါတယ် ။ နောက်ပြီး ဒေါ်လေးက သူ့ကိုအပြည့်အဝ ဂရုစိုက်နိုင်ဖို့အတွက် အိမ်ထောင်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

လွန်ခဲ့တဲ့ခြောက်နှစ်ခန့်က ဒေါ်လေး He Jian Hua ဟာ ရင်သားကင်ဆာရောဂါခံစားခဲ့ရပြီး ၎င်းတို့မိသားစုက အလွန်မြင့်မားတဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးရှိလာခဲ့ပြီး နှောင်းပိုင်းမှာ ဒေါ်လေးက ကောင်လေးကို ဖခင်ဖြစ်သူရဲ့အစ်ကိုထံသို့ စေလွှတ်ခဲ့လိုက်ပါတယ်။

အခုမှပဲ ကလေးလေးက ပုံဆွဲတတ်အောင်သင်ခဲ့ပြီး အခုမှာ သူက သူ့ရဲ့အဒေါ်နဲ့ ပြန်ဆုံတွေ့ခဲ့ရပါတယ် ။ ထိုအချိန်မှစပြီး ကင်ဆာက ဒေါ်လေး He Jianhua ရဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူမကို ဆေးကုသမှုအတွက် ငွေအမြောက်အများသုံးစွဲစေခဲ့ပါတယ် ။

ကောင်လေးက သူချစ်တဲ့ saleb ပန်းချီကားချပ်ကို ရေးဆွဲပြီး ဒေါ်လေးဆေးကုသမှုစရိတ်အတွက် ရောင်းချပြီး အသုံးပြုခဲ့ပါတယ် ။ “ ငါ ငါ့ရဲ့ပန်းချီအနုပညာကို ကြိုးကြိုးစားစားနဲ့ လေ့လာမယ်။ ဒေါ်လေးကိုလည်း ပျော်ရွှင်အောင်ထားမယ် ။

ဒါပေမယ့် အခုငါ့အဒေါ်ကို အရင်ဆုံးကူညီဖို့ ငွေရှာရောင်းဖို့ ပုံတွေကိုဆေးခြယ်ရမယ် ။ ဒေါ်လေး အသက်ရှင်ဖို့လိုအပ်တယ် ” လို့ ကောင်လေးက ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ ကံကောင်းချင်တော့ မီဒီယာတွေက ဒီအန်တီ Jian ရဲ့ အကြောင်းကိုဖြန့်တဲ့အချိန်မှာ ကူညီဖို့ငွေကြေးလှူဒါန်းတဲ့ ပရဟိတသမားတွေ အများကြီးရှိခဲ့ပါတယ် ။
credit

Leave a Reply

Your email address will not be published.