လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ဘီလူးမကြီးရုပ်ထုအကြောင်း

လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ခင်ပွန်းနဲ့သားဇောကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတဲ့ ဘီလူးမကြီးရုပ်ထု ကမ်းခြေ..

ထိုင်းနိုင်ငံ Puek Tian ကမ်းခြေမှာရှိတဲ့ ထူးထူးခြားခြား ရုပ်ထုကြီးနှစ်ခုရဲ့ အချစ်ဇာတ်ကြောင်းလေးကို လတ္တေလာ လူမှုကွန်ယက်တွေမှာ ဖော်ပြလာတာ တွေ့ရပါတယ်။

ဒီရုပ်ထုကြီးတွေကတော့ ရုပ်ဆိုးလွန်းတဲ့ ဘီလူးမကြီးအပြင် ကျောက်ဆောင်ပေါ်မှာ ပုလွေထိုင်မှုတ်နေတဲ့ မင်းသားလေးတစ်ပါးပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်ကြောင်းလေးကို ထိုင်းတွေက ရုပ်ရှ င်ပြန်လည်ရိုက်ကူးထားတာတွေလည်း ရှိပါတယ်။ပုလွေမှုတ်ထူးခြားတဲ့ မင်းသားလေးကို

ဘီလူးမကြီးက မြင်မြင်ချင်းသဘောကျခဲ့ရာကနေ လူအသွင်ဖန်ဆင်းပြီး လူသူအေရာ က်နည်းတဲ့ သူနေထိုင်ရာဂူအတွင်းသို့ ခေါ်ဆောင်ပြီး လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ပါတယ်။

ဒီလိုဂူအတွင်းမှာ ပေါင်းသင်းနေထိုင်ရာကနေ သားလေးတစ်ယောက်ရလာခဲ့ပြီးနောက် တစ်နေ့မှာ မင်းသားလေးဟာ သူ့ဇနီးသည်ကို ဘီလူးမှန်းသိသွားခဲ့ပါတယ်။

တစ်နေ့မှာတော့ ဘီလူးမမရှိခင်လေးမှာ မင်းသားလေးဟာ သားဖြစ်သူနဲ့အတူ ဂူနဲ့ဝေးရာအရပ်သို့ ပင်လယ်ပြင်အားကူးခပ်ပြီး ထွက် ပြေးခဲ့ပါတယ်။

ဘီလူးမကြီးဟာ ဒီလိုထွက်ပြေးသွားတဲ့ ခင်ပွန်းသည်နဲ့ သား လေးတို့ရဲ့ အနောက်ကိုလိုက်ပြီး သူနဲ့အတူ ပြန်လိုက်ခဲ့ဖို့ ပြောပေမယ့် သူမအရမ်းချစ်တဲ့ မင်းသားလေးက ငြင်းဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ မင်းသားလေးက သူ့ရဲ့ ပုလွေလေးကိုမှုတ်ခဲ့ပြီး ဘီလူးမကြီးဟာ သားနှင့် ခင်ပွန်းသည်တို့ရဲ့ စိတ်ကြောင့် ပင် လယ်ပြင်ထဲမှာပဲ ရင်ကွဲနာကျပြီး သေဆုံးခဲ့ပါတယ်။

ဒီဇာတ်ကြောင်းလေးကို အခြေပြုပြီး ထိုင်းလူမျိုးတွေက Pu ek Tian ကမ်းခြေမှာ ပုံဖော်ထုဆစ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီရုပ်ထုတွေရဲ့ ဇာတ်ကြောင်းဟာ အမ်ားစုကေတာ့ ထိုင်းနန်းတွင်း အချစ်ဝတၳုတော်ကြီး လို့လည်းပြောခဲ့ကြပြီး မြန်မာ့ဇာတ်တော်ထဲမှာလည်း ဖော်ပြတာတွေ့ရပါတယ်။

သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း မြန်မာပရိသတ် တော်တော်များများလည်း သိကြမယ်လို့ထင်ပါတယ်။ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးPuek Tian ကမ်းခြေမှာ ရွိတဲ့ ရုပ်ထုကြီးတွေကို ပရိသတ်တွေ ဗဟုသုတရအောင် ပြန်လ ည်ဖော်ပြပေးလိုက်ပါတယ်နော်၊ အခြေအနေတွေ အေစချမ်းသာယာသော တနေ့မှာ အလည်အပတ်သွားမယ့် စာရင်းထဲ ထည့်ထားလို့ ရတာပေါ့နော်။
ခရက်ဒစ်

Leave a Reply

Your email address will not be published.