မန်ချက်စတာယူနိုက်တက်ရဲ့ဂိုးသမားကို ကစားသမားအလိုက်ပေးပြီးခေါ်လို့မရရင် အငှားနဲ့မရရအောင်ခေါ်မယ့် နယူးကာဆယ်

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်တဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ အရခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး အပါအဝင် သူတို့အသင်းရဲ့ ဒုတိယဦးစားပေး ဂိုးသမား ကားလ်ဒါလိုးကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

နယူးကာဆယ်အသင်းရဲ့ ဆလိုဗက်ကီးယားလက်ရွေးစင် ဂိုးသမား ဒူဘရေကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ အသင်းအတွက် လက်စွမ်းပြနိုင်ခဲ့ပေမယ့်လည်း နယူးကာဆယ်က နောက်ထပ်ဂိုးသမားတစ်ဦးအဖြစ် ဒင်းဟန်ဒါဆန်ကို ခေါ်ယူသွားချင်နေတဲ့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ စတုတ္ထဦးစားပေး လီဂရန့်က ရုတ်တရက် ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့တာကြောင့် ဒင်းဟန်ဒါဆန်ကို ရောင်းချ (သို့) အငှားချလိုက်မယ်ဆိုရင် အသင်းရဲ့ စီနီယာဂိုးသမား(၂)ဦးကို ဆုံးရှုံးရမယ့် ဖြစ်တဲ့အတွက် ဒင်းဟန်ဒါဆန်ကို အသင်းမှာပဲ ဆက်ထားဖို့က အခြေအနေပိုများလာခဲ့ရပါတယ်။

ဒီအခြေအနေကို ပြေလည်အောင် လုပ်ဆောင်နိုင်ဖို့အတွက် နယူးကာဆယ်အသင်းက သူတို့ရဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ ကားလ်ဒါလိုးကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်ဂိုးသမား ကားလ်ဒါလိုးဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ်(၈)ပွဲသာ ပါဝင်ခဲ့ရပြီး ပေးဂိုး(၁၅)ဂိုးထိ ခွင့်ပြုထားခံခဲ့ရပါတယ်။

နယူးကာဆယ်ဘက်ကတော့ ဒင်းဟန်ဒါဆန်ကို အပြီးသတ် ခေါ်ယူချင်ပေမယ့် ယူနိုက်တက်က သူတို့ဂိုးသမားကို တစ်ရာသီအငှားနဲ့သာ ထွက်ခွာခွင့်ပြုနိုင်တာကြောင့် နယူးကာဆယ်အနေနဲ့ ဟန်ဒါဆန်ကို အငှားခေါ်ယူပြီး ဒါလိုးကို ယူနိုက်တက်အသင်းဆီ အငှားပြန်ချပေးဖွယ် ရှိနေပါတယ်။

ဟန်ဒါဆန်အနေနဲ့ကလည်း လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့်ရဖို့အတွက် ကလပ်အသင်းမှာပါ ပုံမှန်ကစားခွင့်တွေ ခပ်များများရရှိဖို့ လိုအပ်နေတဲ့အတွက် ဒဟေးယားကိုသာ နေရာပိုပေးနေတဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေတာ ဖြစ်ပါတယ်။
Credit

Zawgyi

နယူးကာဆယ္ယူႏိုက္တက္အသင္းဟာ သူတို႔အသင္းရဲ့ နံပါတ္တစ္ပစ္မွတ္ျဖစ္တဲ့ ဂိုးသမား ဒင္းဟန္ဒါဆန္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အရေခၚယူသြားႏိုင္ဖို႔အတြက္ ေျပာင္းေရႊ့ေၾကး အပါအဝင္ သူတို႔အသင္းရဲ့ ဒုတိယဦးစားေပး ဂိုးသမား ကားလ္ဒါလိုးကိုပါ အေျပာင္းအေရႊ့ရဲ့ တစ္စိတ္တစ္ပိုင္းအျဖစ္ အလိုက္ေပးကမ္းလွမ္းဖြယ္ ရိွေနတယ္လို႔ သိရိွရပါတယ္။

နယူးကာဆယ္အသင္းရဲ့ ဆလိုဗက္ကီးယားလက္ေရြးစင္ ဂိုးသမား ဒူဘေရကာဟာ ၿပီးခဲ့တဲ့ ေဘာလံုးရာသီရဲ့ ဒုတိယရာသီဝက္မွာ အသင္းအတြက္ လက္စြမ္းျပႏိုင္ခဲ့ေပမယ့္လည္း နယူးကာဆယ္က ေနာက္ထပ္ဂိုးသမားတစ္ဦးအျဖစ္ ဒင္းဟန္ဒါဆန္ကို ေခၚယူသြားခ်င္ေနတဲ့အတြက္ ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္အသင္းရဲ့ စတုတၴဦးစားေပး လီဂရန႔္က ရုတ္တရက္ ေဘာလံုးသမားဘဝကေန အနားယူသြားခဲ့တာေၾကာင့္ ဒင္းဟန္ဒါဆန္ကို ေရာင္းခ် (သို႔) အငွားခ်လိုက္မယ္ဆိုရင္ အသင္းရဲ့ စီနီယာဂိုးသမား(၂)ဦးကို ဆံုးရႈံးရမယ့္ ျဖစ္တဲ့အတြက္ ဒင္းဟန္ဒါဆန္ကို အသင္းမွာပဲ ဆက္ထားဖို႔က အေျခအေနပိုမ်ားလာခဲ့ရပါတယ္။

ဒီအေျခအေနကို ေျပလည္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ နယူးကာဆယ္အသင္းက သူတို႔ရဲ့ ဂိုးသမားတစ္ဦးျဖစ္တဲ့ ကားလ္ဒါလိုးကို အလိုက္ေပး ကမ္းလွမ္းသြားဖို႔ စီစဉ္လာခဲ့တာ ျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္အရႊယ္ရိွ အဂၤလန္ဂိုးသမား ကားလ္ဒါလိုးဟာ ဒီရာသီမွာ နယူးကာဆယ္အသင္းအတြက္ ပရီးမီးယားလိဂ္(၈)ပြဲသာ ပါဝင္ခဲ့ရၿပီး ေပးဂိုး(၁၅)ဂိုးထိ ခြင့္ျပဳထားခံခဲ့ရပါတယ္။

နယူးကာဆယ္ဘက္ကေတာ့ ဒင္းဟန္ဒါဆန္ကို အၿပီးသတ္ ေခၚယူခ်င္ေပမယ့္ ယူႏိုက္တက္က သူတို႔ဂိုးသမားကို တစ္ရာသီအငွားနဲ႔သာ ထြက္ခြာခြင့္ျပဳႏိုင္တာေၾကာင့္ နယူးကာဆယ္အေနနဲ႔ ဟန္ဒါဆန္ကို အငွားေခၚယူၿပီး ဒါလိုးကို ယူႏိုက္တက္အသင္းဆီ အငွားျပန္ခ်ေပးဖြယ္ ရိွေနပါတယ္။

ဟန္ဒါဆန္အေနနဲ႔ကလည္း လာမယ့္ ႏိုဝင္ဘာလ ကာတာႏိုင္ငံမွာ က်င္းပသြားမယ့္ ၂၀၂၂ခုႏွစ္ ကာတာ ကမ႓ာ့ဖလားၿပိဳင္ပြဲအတြင္း အဂၤလန္လက္ေရြးစင္အသင္းနဲ႔အတူ ပါဝင္ဆင္ႏြဲခြင့္ရဖို႔အတြက္ ကလပ္အသင္းမွာပါ ပံုမွန္ကစားခြင့္ေတြ ခပ္မ်ားမ်ားရရိွဖို႔ လိုအပ္ေနတဲ့အတြက္ ဒေဟးယားကိုသာ ေနရာပိုေပးေနတဲ့ ယူႏိုက္တက္အသင္းကေန ထြက္ခြာသြားခ်င္ေနတာ ျဖစ္ပါတယ္။
Credit

Leave a Reply

Your email address will not be published.