အသင်းဟောင်းနှစ်သင်းရဲ့ချန်ပီယံလိဒ် သရဖူလုပွဲကိုခန့်မှန်းလိုက်တဲ့ မိုက်ကယ်အို၀င်

“ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့မှာ အနိုင်ရခဲ့တယ်ဆိုပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မလုံလောက်ခဲ့ပါဘူး ဒါပေမယ့် သူတို့အနေနဲ့ ဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့ရင်လည်း ကောင်းမွန်အောင်မြင်တဲ့ ရာသီဖြစ်လာမှာပါပဲ ။

ဒီပွဲအတွက် စိုးရိမ်စရာကောင်းတာတစ်ခုက လီဗာပူးလ်ကွင်းလယ်လူတွေ ဒဏ်ရာသံသယရှိနေတာက ဆိုးပါတယ်။”

“သို့သော် လီဗာပူးလ်အသင်းအနေနဲ့ ပွဲထွက် ကစားသမား (၁၁) ဦးစလုံး ကြံ့ခိုင်မှုပြည့်ဝနေရင်တော့ အခွင့်အရေးကောင်းပိုရမယ်လို့ ကျနော်ထင်ပါတယ် ။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဗိုလ်လုပွဲဆီကိုရောက်လာဖို့ အကောင်းဆုံးတွေပဲ လုပ်ပြခဲ့တာပါ။ သူတို့တွေဟာ ဘာနေဗျူးမှာ အရှုံးကနေ အနိုင်ရအောင် ကစားပြခဲ့ပါတယ်”

” ဒါပေမယ့် အိမ်ကွင်းမဟုတ်တဲ့ပွဲတွေမှာတော့ လုပ်ပြနိုင်တာတွေ မရှိပါဘူး။ သူတို့တွေ ဗိုလ်လုပွဲအထိ တက်လှမ်းလာနိုင်သင့်လားတောင် ကျနော်မထင်ပါဘူး။

သူတို့တွေ ကြားကွင်းမှာတော့ ဒီလိုအရာမျိုးတွေကို လုပ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ လီဗာပူးလ်က ရီးရဲလ်မက်ဒရစ်အတွက်တော့ အင်အားတွေ၊ မြန်နှုန်းတွေ၊ အရည်အသွေးတွေ အရမ်းများလွန်းနေပါလိမ့်မယ်”။

“ကျွန်တော် ဘယ်တော့မှ ရီးရဲလ်ကို လျှော့မတွက်ခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးလ်က သံသယဝင်စရာကောင်းတဲ့ ခံစစ်နဲ့ ရင်ဆိုင်ရာမှာ ဂိုးအနည်းငယ်သွင်းယူနိုင်မယ်လို့ ကျွန်တော် ထင်တယ်။” ဟု ဟောကိန်းထုတ်သွားခဲ့ပါတယ်။ (အိုဝင်ခန့်မှန်းရလဒ် လီဗာပူးလ် ၃-၁ ရီးရဲလ်မက်ဒရစ် )

Zawgyi

“ လီဗာပူးလ္အသင္းဟာ တနဂၤေနြေန့မွာ အႏိုင္ရခဲ့တယ္ဆိုေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ မလံုေလာက္ခဲ့ပါဘူး ဒါေပမယ့္ သူတို႔အေနနဲ႔ ဖလားသံုးလံုးဆြတ္ခူးႏိုင္ခဲ့ရင္လည္း ေကာင္းမြန္ေအာင္ျမင္တဲ့ ရာသီျဖစ္လာမွာပါပဲ ။

ဒီပြဲအတြက္ စိုးရိမ္စရာေကာင္းတာတစ္ခုက လီဗာပူးလ္ကြင္းလယ္လူေတြ ဒဏ္ရာသံသယရိွေနတာက ဆိုးပါတယ္။”

“သို႔ေသာ္ လီဗာပူးလ္အသင္းအေနနဲ႔ ပြဲထြက္ ကစားသမား (၁၁) ဦးစလံုး ႀကံ့ခိုင္မႈျပၫ့္ဝေနရင္ေတာ့ အခြင့္အေရးေကာင္းပိုရမယ္လို႔ က်ေနာ္ထင္ပါတယ္ ။

ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ ဗိုလ္လုပြဲဆီကိုေရာက္လာဖို႔ အေကာင္းဆံုးေတြပဲ လုပ္ျပခဲ့တာပါ။ သူတို႔ေတြဟာ ဘာေနဗ်ူးမွာ အရႈံးကေန အႏိုင္ရေအာင္ ကစားျပခဲ့ပါတယ္”

” ဒါေပမယ့္ အိမ္ကြင္းမဟုတ္တဲ့ပြဲေတြမွာေတာ့ လုပ္ျပႏိုင္တာေတြ မရိွပါဘူး။ သူတို႔ေတြ ဗိုလ္လုပြဲအထိ တက္လွမ္းလာႏိုင္သင့္လားေတာင္ က်ေနာ္မထင္ပါဘူး။

သူတို႔ေတြ ၾကားကြင္းမွာေတာ့ ဒီလိုအရာမ်ိဳးေတြကို လုပ္ႏိုင္မယ္လို႔ေတာ့ ကြၽန္ေတာ္ မထင္ပါဘူး။ လီဗာပူးလ္က ရီးရဲလ္မက္ဒရစ္အတြက္ေတာ့ အင္အားေတြ၊ ျမန္ႏႈန္းေတြ၊ အရည္အေသြးေတြ အရမ္းမ်ားလြန္းေနပါလိမ့္မယ္”။

“ကြၽန္ေတာ္ ဘယ္ေတာ့မွ ရီးရဲလ္ကို ေလ်ွာ့မတြက္ခဲ့ပါဘူး။ ဒါေပမယ့္ လီဗာပူးလ္က သံသယဝင္စရာေကာင္းတဲ့ ခံစစ္နဲ႔ ရင္ဆိုင္ရာမွာ ဂိုးအနည္းငယ္သြင္းယူႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။” ဟု ေဟာကိန္းထုတ္သြားခဲ့ပါတယ္။ (အိုဝင္ခန႔္မွန္းရလဒ္ လီဗာပူးလ္ ၃-၁ ရီးရဲလ္မက္ဒရစ္ )

Leave a Reply

Your email address will not be published.