ကွယ်လွန်သူဖခင်ရဲ့ရုပ်အလောင်းနှင့်အတူ အခေါင်းထဲသို့ ဒေါ်လာ ၇ ,၆၀၀ တန်ဖိုးရှိငွေစက္ကူများပါထည့်ကာ မြေမြှုပ်ပေးခဲ့တဲ့ အမျိုးသားတစ်ဦး

မလေးရှားနိုင်ငံရှိ အိန္ဒိယအမျိုးသားတစ်ဦးဟာ သေဆုံးသွားတဲ့ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ထူးခြားတဲ့နည်းဖြင့် သင်္ဂြိုဟ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံဟာ လူမျိုးပေါင်းစုံအုပ်စုများရောနှောပေါင်းစပ်ထားတဲ့နိုင်ငံဖြစ်ပြီး ထိုလူဦးရေအများစုမှာ မေလးရွား၊ တရုတ်နှင့်အိန္ဒိယလူမျိုးများ ဖြစ်ကြပါတယ်။

တရုတ်လူမျိုးများရဲ့ဓလေ့အရ သေသူအားနောက်ဘ၀မှာလည်း အသုံးပြုနိုင်ရန်ရည်စူးပြီး လူ့လောကရှိအရာဝတၳုများဖြစ်တဲ့ ကားမ်ား၊ အဝတ်အစားများနှင့်ငွေကဲ့သို့သောအရာဝတၳုများကို စက္ကူဖြင့်ပုံဖော်ကာ ထည့်သွားခြင်းဖြင့် သင်္ဂြိုဟ်ကြပါတယ်။

သို့ပေမဲ့ ဇန္နဝါရီ ၁၆ ရက်မှာ မေလးရွားရွိ အိန္ဒိယအမျိုးသားတစ်ဦးဟာ သစ်ဆန်းတဲ့ဖန်တီးမှုတစ်မျိုးဖြင့် သေဆုံးသွားတဲ့ဖခင်ဖြစါသူရဲ့ရုပ်အလောင်းနှင့်အတူ အခေါင်းထဲမှာ ငွေကြေးတန်ဖိုး ယွမ် ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၆၀၀) ကို အတူတကွထည့်ထားခဲ့ပြီး သဂြိုလ်မြှုပ်နှံပေးခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ဖခင်ဖြစ်သူကိုကျေးဇူးဆပ်ချင်တဲ့အတွက် သူ့အနေနဲ့ လေးစားမှုရဲ့လက္ခဏာတစ်ခုအဖြစ် ယခုလိုပြုလုပ်ခဲ့ပုံရပါတယ်။

အခေါင်းရဲ့ဖန်အဖုံးကနေ အတွင်းထဲရှိဖခင်ဖြစ်သူရဲ့ရုပ်အလောင်းဟာ ငွေကြေးများဖြင့် ဖုံးလွှမ်းနေတာကို ဓာတ္ပုံမွာ တွေ့မြင်နိုင်ပါတယ်။

အဆိုပါအမျိုးသားရဲ့ဖခင်ဟာ ရောဂါအမျိုးမျိုးကိုခံစားခဲ့ရပြီးနောက် သေဆုံးခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ဈာပနအခမ်းအနားကို Selangor တောင်ပိုင်းမှာ ကျင်းပပေးခဲ့ကြပါတယ်။

၎င်းဓါတ်ပုံများကို အင်တာနက်ပေါ်တင်လိုက်ပြီးနောက်မှာ ၎ post ဟာ တောမီးကဲ့သို့ပျံ့နှံ့သွားခဲ့ပြီး social media အသုံးပြုသူ netizen မ်ားစြာက ထိုဓာတ်ပုံများနှင့်ပတ်သက်ပြီး ပြောစရာများ များစွာရှိလာခဲ့ပါတယ်။

အချို့က ရုပ်အလောင်းနှင့်အတူငွေကြေးများမြှပ်နှံခြင်းက မိုက်ရူးရဲဆန်တယ်လို့ ယူဆခဲ့ကြပြီး ညပိုင်းမှထိုငွေများအခိုးခံရနိုင်ကြောင်း ဆိုခဲ့ကြပါတယ်။

အချို့သောအခြားသူများကလည်း ၎င်းငွေစက္ကူများက အတုဖြစ်နိုင်ကြောင်း သံသယရှိခဲ့ကြပေမဲ့လည်း တရုတ်စာနယ်ဇင်းများက ၎င်းငွေစက္ကူများကအစစ်သာဖြစ်ကြောင်း ပြန်လည်ထောက်ခံထားခဲ့ကြပါတယ်။
credit

Leave a Reply

Your email address will not be published.