ငယ်စဉ်က ထားသွားခဲ့တဲ့မိဘများကို မမုန်းတီးတဲ့အပြင် ခြေထောက်ဖြင့်ပန်းချီဆွဲလို့ရတဲ့ချွေးနည်းစာဖြင့် အိမ်တစ်လုံးဆောက်ပေးခဲ့တဲ့ အမျိုးသား

ဘူတန်မှ ပါရမီရှင်တစ်ဦးဖြစ်တဲ့ Pema Tshering အမည်ရှိအမျိုးသားဟာ သူ၏ခြေဖဝါးကိုသာသုံး၍ အံ့မခန်းသစ်သားပန်းပုများနှင့်ပန်းချီကားများကို ဖန်တီးတဲ့သူတစ်ဦးဖြစ်ပါတယ်။

ငယ်စဉ်အရွယ်က မိဘများရဲ့ထားခဲ့ခြင်းကိုခံခဲ့ရပေမဲ့ သူဟာ ယခုအခါ ၎င်းတို့အား သူရဲ့အောင်မြင်မှုများဖြင့် ငွေကြေးထောက်ပံ့ပေးနေခဲ့ပါတယ်။

သူ့ရဲ့လှုံ့ဆော်မှုပုံပြင်ဟာ အင်တာနက်နှင့်ကျွန်တော်တို့အားလုံးကို စိတ်ခံစားမှုတစ်ခုဖြစ်ပေါ်လာစေပါတယ်။ အသက် ၆ နှစ်အရွယ်ကတည်းက မိဘများရဲ့ထားခံခြင်းကိုခံခဲ့ရတဲ့ လက်ရှိ အသက် ၃၂ အရွယ် Pema Tshering ဟာ အပေါ်ပိုင်းမှ တင်ပါးဆုံရိုးအထိ အကြောသေနေခဲ့ပါတယ်။

အဘိုးအဘွားများ၏စောင့်ရှောက်မှုအောက်တွင် Pema ဟာ လေးနှင့်မြှားများကိုဝါးဖြင့် ပြုလုပ်ကာ မြှားပစ်သင်ခဲ့ပါတယ်။
သို့ပေမဲ့ ဘုရင်မကြီး Tshering Pem Wangchuk ဟာ သူ့အသက် ၁၈ နှစ်ဝန်းကျင်လောက်မှာ သူရှိရာရွာသို့အလည်အပတ်လာရောက်ခဲ့ပြီး သူ့အား မွေးစားကာ ဘူတန် Thimphu မြို့မှာရှိတဲ့နာမည်ကြီး Zorig Chusum Institute of Institute ကျောင်းသို့ပို့ပေးခဲ့ပြီး သူ့ရဲ့ပညာရေးကို ထောက်ပံ့ခဲ့ပါတယ်။

သူဟာ ခြေထောက်များကို လက်များကဲ့သို့သုံးကာ အချိန်များစွာကိုကုန်လွန်စေခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းဟာ သူ့ရဲ့အရည်အချင်းများကို မဟန့်ထားထားနိုင်ခဲ့ပါဘူး။

ယခုသူဟာ ခြေချောင်းများကြားတွင် ဓားနှင့်တူတို့ကိုကိုင်ကာ လှပသောအနုပညာလက်ရာများကို ဖန်တီးနေပါတယ်။“ သူမက ငါ့ကို လိုချင်တာတစ်ခုခုရှိသလားလို့မေးခဲ့တယ်၊ ငါကျောင်းတက်ချင်တယ်လို့ သူမကို ပြောခဲ့တယ် ၊ ငါပိုက်ဆံဒါမှမဟုတ် တခြားဘာမှမလိုချင်ပါဘူး” ဟု Pema က ဘုရင်မကြီးအား တောင်းဆိုခဲ့ပုံကို ပြန်ပြောပြခဲ့ပါတယ်။

ထို့အပြင် သဘောကောင်းရက်ရောတဲ့ဘုရင်မကြီးက Pema ကို အကူအညီဖြစ်စေရန် Thimphu မြို့ရှိ Simply Bhutan ပြတိုက်အတွင်း၌ဆိုင်ခန်းငယ်တစ်ခုကိုလည်း ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ Pema ဟာ သူ၏အလွန်ကောင်းမွန်တဲ့ဖန်တီးမှုများကိုရောင်းချပြီး တစ်လလျှင် ဒေါ်လာ ၁၀၀ အထိဝင်ငွေရရှိနေပါတယ်။

သူ၏အနုပညာလက်ရာများဟာ အလွန်လှပပြီးအနုစိတ်ကျသလို မသိတဲ့လူတစ်စုံတစ်ဦးအတွက် ၎င်းလက်ရာဟာ ခြေဖဝါးကိုသုံး၍လုပ်ခဲ့သည်ကို ယုံရန် အလွန်ခက်လှပါတယ်။

လက်ရှိမှာ စိတ်ကထိကအောင့်ဖြစ်ခြင်း ဒါမှမဟုတ် ဒေါသထွက်နေမယ့်အစား ထက်မြက်တဲ့အနုပညာရှင် Pema ဟာ သူ့ကိုငယ်စဉ်က ပစ်ထားခဲ့တဲ့မိဘတွေကို ငွေကြေးအရထောက်ပံ့ပေးနေခဲ့သလို ၎င်းတို့အတွက် Mongar မြို့ရှိနှစ်ထပ်အိမ်တစ်လုံးကိုပင် ဆောက်လုပ်ပေးခဲ့ပါတယ်။

ဘယ်လောက်အံ့သဩစရာကောင်းလိုက်တဲ့သားလေးပါလဲဗျာ။ “ ငါ့မိဘတွေကို ကူညီချင်တယ် ဘာလို့ဆို မင်းမိဘတွေကိုမကူညီရင် သူတို့ကို မလေးစားရာကျတယ် ၊ မင်းမိဘတွေကို မလေးစားရင် မင်းဘာလုပ်လုပ်မအောင်မြင်နိုင်ဘူး ” ဟု Pema ကဆိုပါတယ်။

ထို့အပြင် ရည်မှန်းချက်ကြီးတဲ့ Pema ဟာ ဤနေရာတွင်မရပ်ချင်ဘဲ သူ၏နောက်ထပ်ပန်းတိုင်ဖြစ်တဲ့ အနုပညာဆရာတစ်ယောက်ဖြစ်လာရန်နှင့် ကိုယ်ပိုင်ထွင်းလုပ်ငန်းကိုစတင်ရန် ဆက်လက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

Pema ၏လှုံ့ဆော်မှုတစ်ခုဖြစ်လွန်းတဲ့ပုံပြင်ဟာ ကျွန်တော်တို့အား ကြီးမားတဲ့အိမ်မက်ကိုမက်စေပြီး သင့်ရဲ့အခြေအနေကမည်သို့ပင်ရှိစေကာမူ လက်မလျှော့လိုက်ဖို့ သတိပေးနေသလိုပါဘဲဗျာ။
credit

Leave a Reply

Your email address will not be published.