ညစ်ပတ်နေတဲ့ ခေါင်းအုံးကြောင့် အသက်ဆုံးခဲ့ရသူ (ဖြစ်ရပ်မှန်)

ခေါင်းအုံး ညစ်ပတ်ခြင်းကြောင့် အသက်ကိုပါ ဆုံးရှုံးလိုက်ရသူ တစ်ဦးရဲ့အဖြစ်…..အသက် (36) နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက် မအီမသာ ဖြစ်ခဲ့ ပါတယ်။

စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူစပြီး ပေါ့ပေါ့ ဆဆနေ ခဲ့ပေမယ့် ။နှစ်ပတ်ကြာတဲ့ အထိ ဝေဒနာက မသက်သာလို့ သူ့မှာ အဖျားရောဂါ ရှိနေပြီ ထင်ကာဆေးခန်းကို သွားပြ ခဲ့ပါတယ်။

ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြား ထူးခြားမှုကို မတွေ့ရလို့ အဖျား ကျဆေးကို ပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။

သွေးအဖြေ ကလည်း ဘာမှ ထူးထူး ခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက် အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့အခါမှာ သွေးခဲတွေ ပါလာ တာကို တွေ့ခဲ့ ရပါတယ်။

အဲဒီအခါမှာတော့ ရောဂါကို သေသေ ချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “ အဆုတ်ကို မှိုစွဲ ”တဲ့ ရောဂါ ဖြစ် တယ်လို့ အဖြေထွက် ခဲ့ပါတယ်။

အဆိုပါ မှိုဟာ ဘယ်နေရာ ကနေ လူကို ကူးစက် ခဲ့သလဲ ဆိုတာကိုထပ်မံ စမ်းသပ်လိုက်တဲ့ အခါမှာတော့ကျွန်တော်တို့နဲ့ အနီးဆုံး ပတ်ဝန်ကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ ရှိနိုင်ပါတယ်။

အဲဒီ မှိုတွေဟာ အသက်ရှု လမ်းကြောင်း ကနေ တစ်ဆင့် အဆုတ်ဆီကို ဝင်ရောက်နိုင်ဖို့ အရမ်း လွယ်ကူပြီး၊

နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံး ပြုမိ ပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက် ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။

သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် လောက် လျှော်ဖွပ်သန့်စင်ပေးသင့်ပြီး ၊နေ့စဉ် နေရောင် ကောင်းကောင်းရဲ့ အောက်မှာ လှန်းပေးသင့် ပါတယ်။

နေရောင်ဟာ မှိုနဲ့ အခြား ပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ် ကိုလည်း သေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

ဒါကြောင့် သက်ရှည် ကျန်းမားတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ အသုံးအဆောင် ပစ္စည်းတွေ သန့်ရှင်းမှု အရေးကြီးတယ် ဆိုတာကို ဖော်ပြ လိုက်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Leave a Reply

Your email address will not be published.