အရာရာဈေးကြီးနေတဲ့ကာလကြီးမှာ အသီးအရွက်တွေ ဝယ်ထားပြီး လွှင့်မပြစ်ရလေအောင် ထိန်းသိမ်းနည်း

Posted by

ဒေါ်လာဈေးကတက် ရွှေဈေးကတက်ဆိုတော့ ကုန်ဈေးနှုန်းတွေကလည်း မိုးပေါ်ရောက်နတဲ့ အချိန်မှာ အိမ်ရှင်မတွေအတွက် မီးဖိုချောင်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဈေးသက်သာလို့ပဲ ဖြစ်ဖြစ် လမ်းကြုံလို့ပဲ ဖြစ်ဖြစ် အသီးအရွက်တွေကို အများကြီး ဝယ်ယူပြီးနောက် အသီးအရွက်ကို တစ်လခံအောင် ဒီလိုလုပ်ထားလို့ ရပါတယ်။

ဟင်း သီးဟင်းရွက်တွေ အချိန်ကြာကြာ သန့်ရှင်းလတ်ဆတ်အောင် ထားရမှာ အခက်တွေ့နေပါသလား။ ဒါမှမဟုတ် ကြာကြာအထားမခံလို့ အမြဲတမ်း စိတ်ပျက်နေရပါသလား။ ဒီအချက်က ဆလတ်ရွက်၊ တရုတ်နံနံကြီး၊အခြားဟင်းသီးဟင်းရွက်စတာတွေနဲ့ ပတ်သက်လာရင် အထူးလူသိများပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ ပိုမိုတာရှည်ခံအောင် ဒီအံ့မခန်းဖွယ်နည်းကို စမ်းသုံးကြည့်သင့်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို သေချာဆေးပြီး ရေတွေ ခါချပေးပါ။ အဲဒီဟင်းသီးဟင်းရွက်တွေကို အလုံပိတ်လို့ရတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ပါ။ အိတ်ထဲမှာ တစ်ရှုးနှစ်ခု ထည့်ထား၊ ပိတ်ပစ်ပြီး သိမ်းထားပါ။ ရက်အနည်းကြာတစ်ခါ စစ်ဆေးပြီး တစ်ရှုးတွေအသစ် လဲလှယ်ပေးပါတယ်။

ဒီနည်းက အကျိုးသက်ရောက်မှုကတော့ တစ်ရှုးထည့်ထားခြင်းအားဖြင့် ဟင်းသီးဟင်းရွက်ကို နွမ်းသွားတာ အရောင်ပြောင်းသွားတာတွေ မရှိတော့ပဲ တစ်ရှုးတွေက အစိုဓာတ်ကို စုပ်ယူပေးပါတယ်။

နံနံပင်လေးတွေ တစ်လ အောက်ခံအောင်ဒီလိုလုပ်ပါ။ ဗမာဟင်းတွေကလည်းဘာလေးချက်ချက် နံနံပင်လေးအုပ်ရမှ..ခပ်ရမှ…အသုတ်ထဲလည်းနံနံပင်…အပြုတ်ထဲလည်းနံနံပင်ဆိုသလို..သိမ်းကြပါတယ်အမျိုးမျိုး…အထိုက်အလျောက်ခံပါတယ်။

ဒီတိုင်းသတင်းစာနဲ့အခြောက်ပတ်သိမ်းတာကတော့ ရိမသွားပေမဲ့ကြာရင်ဝါသွားခြောက်သွားတတ်တယ်။ အဝတ်ရေညှစ်ပတ်သိမ်းရင်လည်းကြာကြာမရဘူး…စိမ်းနေပေမဲ့ရိလိုက်လာတတ်တယ်..။ မမျှော်လင့်ဘဲတွေ့တဲ့နည်းကတစ်လလောက်ထိ မရိမပုပ်..မဝါမခြောက်ဘဲခံလို့ အိမ်ရှင်မတို့ကိုဝမ်းသာအားရပြောပြမှာ…

နံနံပင်လတ်လတ်ဝယ်လာပြီဆိုရေမဆွတ်တော့ဘဲပလတ်စတစ်အိတ်မှာ လေလုံအောင်ကျစ်ကျစ်ထုပ်ပါ…သေချာအောင်သရေပင်ချည်လိုက်နော် ပြီးမှ..ရေစိုကိုညှစ်ထားတဲ့အဝတ်နဲ့ပြန်ပတ်..သူ့လည်းကျစ်ကျစ်ပတ် ..နောက်တခါပလတ်စတစ်အိတ်ထဲပြန်ထည့်ပတ်..လေထုတ်ပြီးကျစ်ကျစ်စည်း..ရိုးရိုး အခန်းအပူချိန်မှာထား…စားပေရော့စိမ်းစိမ်း….နေပေရော့တစ်လ……..

Zawgyi(version)

ဒေါ်လာဈေးကတက် ရွှေဈေးကတက်ဆိုတော့ ကုန်ဈေးနှုန်းတွေကလည်း မိုးပေါ်ရောက်နတဲ့ အချိန်မှာ အိမ်ရှင်မတွေအတွက် မီးဖိုချောင်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဈေးသက်သာလို့ပဲ ဖြစ်ဖြစ် လမ်းကြုံလို့ပဲ ဖြစ်ဖြစ် အသီးအရွက်တွေကို အများကြီး ဝယ်ယူပြီးနောက် အသီးအရွက်ကို တစ်လခံအောင် ဒီလိုလုပ္ထားလို့ ရပါတယ်။

ဟင်း သီးဟင်းရွက်တွေ အချိန်ကြာကြာ သန့်ရှင်းလတ်ဆတ်အောင် ထားရမွာ အခက်တွေ့နေပါသလား။ ဒါမှမဟုတ် ကြာကြာအထားမခံလို့ အမြဲတမ်း စိတ်ပျက်နေရပါသလား။ ဒီအခ်က္က ဆလတ်ရွက်၊ တရုတ်နံနံကြီး၊အခြားဟင်းသီးဟင်းရွက်စတာတွေနဲ့ ပတ်သက်လာရင် အထူးလူသိများပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ ပိုမိုတာရှည်ခံအောင် ဒီအံ့မခန်းဖွယ်နည်းကို စမ်းသုံးကြည့်သင့်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို သေချာဆေးပြီး ရေတွေ ခါချပေးပါ။ အဲဒီဟင်းသီးဟင်းရွက်တွေကို အလုံပိတ္လို့ရတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ပါ။ အိတ်ထဲမှာ တစ်ရှုးနှစ်ခု ထည့်ထား၊ ပိတ်ပစ်ပြီး သိမ်းထားပါ။ ရက်အနည်းကြာတစ်ခါ စစ်ဆေးပြီး တစ်ရှုးတွေအသစ် လဲလှယ်ပေးပါတယ်။

ဒီနည်းက အကျိုးသက်ရောက်မှုကတော့ တစ်ရှုးထည့်ထားခြင်းအားဖြင့် ဟင်းသီးဟင်းရွက်ကို နွမ်းသွားတာ အရောင်ပြောင်းသွားတာတွေ မရှိတော့ပဲ တစ်ရှုးတွေက အစိုဓာတ္ကို စုပ်ယူပေးပါတယ်။

နံနံပင်လေးတွေ တစ္လ အောက်ခံအောင်ဒီလိုလုပ်ပါ။ ဗမာဟင်းတွေကလည်းဘာလေးချက်ချက် နံနံပင်လေးအုပ်ရမှ..ခပ်ရမှအသုတ်ထဲလည်းနံနံပင်အပြုတ်ထဲလည်းနံနံပင်ဆိုသလို..သိမ်းကြပါတယ်အမျိုးမျိုးအထိုက်အလျောက်ခံပါတယ်။

ဒီတိုင်းသတင်းစာနဲ့အခြောက်ပတ်သိမ်းတာကတော့ ရိမသွားပေမဲ့ကြာရင်ဝါသွားခြောက်သွားတတ်တယ်။ အဝတ်ရေညှစ်ပတ်သိမ်းရင်လည်းကြာကြာမရဘူးစိမ်းနေပေမဲ့ရိလိုက်လာတတ်တယ်..။ မမျှော်လင့်ဘဲတွေ့တဲ့နည်းကတစ်လလောက်ထိ မရိမပုပ်..မဝါမခြောက်ဘဲခံလို့ အိမ်ရှင်မတို့ကိုဝမ်းသာအားရပြောပြမှာ

နံနံပင်လတ်လတ်ဝယ်လာပြီဆိုရေမဆွတ်တော့ဘဲပလတ်စတစ်အိတ်မှာ လေလုံအောင်ကျစ်ကျစ်ထုပ်ပါသေချာအောင်သရေပင်ချည်လိုက်နော် ပြီးမှ..ရေစိုကိုညှစ်ထားတဲ့အဝတ်နဲ့ပြန်ပတ်..သူ့လည်းကျစ်ကျစ်ပတ် ..နောက်တခါပလတ်စတစ်အိတ်ထဲပြန်ထည့်ပတ်..လေထုတ်ပြီးကျစ်ကျစ်စည်း..ရိုးရိုး အခန်းအပူချိန်မှာထားစားပေရော့စိမ်းစိမ်း.နေပေရော့တစ်လ..