ဝက်ခြံကို ဖြစ်ပွားစေတဲ့ အစားအစာများ

၀က်ခြံက မည်သူမဆို ဖြစ်နိုင်ပေမယ့် ဆယ်ကျော်သက်လူငယ်များတွင် အဖြစ်များလေ့ရှိပါတယ်။ မျက်နှာအဆီပြန်ခြင်း၊ အရေပြားဆဲလ်သေများရှိခြင်း၊ ချွေးပေါက်များတွင် အညစ်အကြေးများဖြင့် ပိတ်နေခြင်းနှင့် ဘက်တီးရီးယားပိုးမွှား တွေကြောင့် ဝက်ခြံဖြစ်တတ်ပါတယ်။

သင်စားသုံးလိုက်တဲ့ တချို့အစားအစာတွေကလည်း ဝက်ခြံကိုဖြစ်ပွားစေပါတယ်။ ဒီဝက်ခြံတွေကို တားဆီး၊ဖယ်ရှားပစ်ချင်တယ်ဆိုရင် တတ်နိုင်သမျှ ဒီအစားအစာများကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

၁။ ဆိုဒါအစားအသောက်များ
ဆိုဒါအစားအသောက်များက ဝက်ခြံများကို တိုးပွားစေတဲ့ aspartame ပါရှိတာကြောင့် သင့်ခန္ဓာကိုယ်ကို အလွန်ရောင်ရမ်းမှု ဖြစ်စေပါတယ်။ ဆိုဒါအစားအသောက်များက ဝက်ခြံကိုဖြစ်ပွားစေနိုင်တဲ့ PH levels ကို လျှော့ချနိုင်ပါတယ်။

၂။ သၾကား
များပြားတဲ့ သကြားစားသုံးမှုက ဝက်ခြံကိုဖြစ်စေတဲ့ အစားအစာ စာရင်းရဲ့ အမြင့်ဆုံးနေရာမှာ ရှိပါတယ်။ ချောကလက်ကဲ့သို့သော အစားအစာများနှင့် သကြားပါဝင်မှုမြင့်မားတဲ့ အစားအစာများက ဝက်ခြံဖြစ်ပေါ်လာစေတဲ့ သွေးတွင်းသကြားဓါတ်တွေကို တိုးမြှင့်ပေးပါတယ်။

၀က်ခြံကင်းတဲ့ အသားအရေရရှိဖို့ တတ်နိုင်သမျှ သကြားကိုရှောင်ကြဉ်ရပါမယ်။ သကြားလုံးတွေကလည်း ဝက်ခြံ၊ အရေးအကြောင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်တဲ့ အသားအရေကို ဖြစ်စေတာကြောင့် ရှောင်ဖို့လိုပါတယ်။

၃။ နို့ထွက်ပစ္စည်းများ
နွားနို့မှာ အာဟာရအများအပြားပါဝင်ပြီး ကြီးထွားဟော်မုန်းတွေ ပါဝင်ပါတယ်။ ဒီကြီးထွားဟော်မုန်းတွေက ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်။ နို့သည် သင့်အရေပြားပေါ်မှာ ဝက်ခြံတွေကို ဖြစ်စေနိုင်တာကြောင့် သင့်ခန္ဓာကိုယ်မှာ အင်ဆူလင်ထုတ်လုပ်မှုကို တိုးပွားစေပါတယ်။ နို့နှင့် ဒိန်ခဲတွေက သင့်အသားအရေပေါ်က ဝက်ခြံများကို တိုးစေပါတယ်။

၄။ ကစီဓါတ်
ကစီဓါတ်က ဝက်ခြံကိုဖြစ်စေတဲ့ ရောင်ရမ်းခြင်းနှင့် အစာခြေခြင်းနှင့်ဆက်နွှယ်တဲ့ ပြဿနာများကို ဖြစ်ပေါ်စေပါတယ်။ ဂျုံမှုန့်၊ ကောက်နှံ၊ ပေါင်မုန့်၊ ဂျုံနှင့် ခေါက်ဆွဲကဲ့သို့သောအစားအစာများက အရေပြားပေါ်မှာ ဝက်ခြံအဖြစ် ထွက်လာစေတဲ့ အကြီးမားဆုံး အကြောင်းတရားများဖြစ်ပါတယ်။ ကစီဓါတ်က သကြားလိုပဲ အလားတူ သက်ရောက်မှုရှိတာကြောင့် သန့်ရှင်းတဲ့ အသားအရေ ရရှိဖို့ ဒီအစားအစာများကို ရှောင်ကြဉ်ဖို့ ကြိုးစားပါ။

၅။ ဟင်းသီးဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီက အသားအရေကို ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ canola ဆီ၊ ပြောင်းဖူးဆီ၊မာဂျရင်းနှင့် အခြားဟင်းသီးဟင်းရွက်များက ရောင်ရမ်းမှုကို လှုံ့ဆော်ရာမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံကင်းတဲ့ အသားအရေအတွက် extra virgin olive oil သို့မဟုတ် အုန်းဆီကို စားသုံးဖို့ အကြံပြုထားပါတယ်။

၆။ ဆား
ဆားက သင့်ကိုမျက်နှာဖောင်းဖောင်းလေးဖြစ်စေတဲ့ တစ်သျှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ သူတို့က ဝက်ခြံဖြစ်စေတာကြောင့် ဆားများများ စားသုံူးမှုကို ရှောင်ကြဉ်ရပါမယ်။ အသင့်ထုပ်ပိုးအစားအစာများကို မစားခင်မှာ ဆိုဒီယမ်ပါဝင်မှုကို စစ်ဆေးပါ။ ဝက်ခြံဖြစ်နေလျှင် ငပိ၊ ငါးခြောက်စတဲ့ ငန်တဲ့အစားအစာများကို ရှောင်ကြဉ်ပါ။ အသား စားတာထက် အသီးအရွက် များကိုအလေးပေး စားသင့်ပါတယ်

၇။ အပူအစပ်အစားအစာများ
အရမ်းပူစပ်လွန်းတဲ့ အစားအစာများ စားသုံးခြင်းက သင့်အစာခြေစနစ်ကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါက အရေပြားပေါ်မှာ ဝက်ခြံနှင့် သင့်အစာခြေလမ်းကြောင်းမှာ ရောင်ရမ်းမှု ခံစားရစေဖို့ ဦးဆောင်နေပါတယ်။

သင့်မျက်နှာကို နီမြန်းစေတာကြောင့် မျက်နှာသွေးလည်ပတ်မှုစနစ်ကို တိုးပွားစေပါတယ်။ ဒါ့ကြောင့် ဝက်ခြံပေါက်နေတဲ့ အချိန်မှာ အပူအစပ်များကို စားသုံးခြင်းက ပိုမိုဆိုးဝါးစေပါတယ်။

ချွေးပေါက်များကိုသန့်ရှင်းအောင် ဂရုစိုက်ပေးပြီး ဆရာဝန်အကြံပြုတဲ့ ဆေးဝါးများဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

၈။ ကဖိန်းဓါတ်
ကဖိန်းဓါတ်ကို လက်ဖက်ရည်(Black and Green)၊ ချောကလက်၊ ဆိုဒါတွေ၊ ကေ်ာဖီနှင့် စွမ်းအားဖြည့် အချိုရည်များမှ ရရှိနိုင်ပါတယ်။ ကဖိန်းဓါတ်က စိတ်ဖိစီးမှုအဆင့်ကို တိုးမြှင့်နိုင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ထုတ်လွှတ်ဖို့ adrenalin ဂလင်းကို လှုံ့ဆော်ပေးပါတယ်။ စိတ်ဖိစီးမှုအလွန်အကျွံဖြစ်ခြင်းက ဝက်ခြံအခြေအနေနှင့် သင့်ကျန်းမာရေးအန္တရာယ်ကို ဦးဆောင်နေပါတယ်။

ကဖိန်းဓါက်က သင့်ကိုနှစ်ခြိုက်စွာ အိပ်မပျော်စေပါဘူး။ ဒီအခြေအနေများက ဝက်ခြံကို ပိုမိုဆိုးဝါးစေပါတယ်။
ဒီအစားအစာများက သင့်ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ မဆိုလိုပါ။ ဒီအစားအစာများကို ဝက်ခြံဖြစ်ပေါ်နေတဲ့ အခါမှာသာ ရှောင်ရှားနိုင်ပါတယ်။
credit

Leave a Reply

Your email address will not be published.