မကြာခဏ ခေါင်းကိုက်တတ်သူတွေအတွက် အလွယ်တကူလုပ်လို့ရတဲ့ အိမ်တွင်းဆေးနည်းများ

ခေါင်းကိုက်တာက တော်တော်လေးကို ခံရခက်စေတဲ့ ဝေဒနာတစ်ရပ်ပါ။အချို့က တော်ရုံတန်ရုံ ခေါင်းမကိုက်တတ်ကြပေမယ့် ခေါင်းကိုက်ရင်ခံရခက်ပါတယ်ဆိုတဲ့သူတွေကပဲ ပိုပြီးခေါင်းကိုက်လေ့ရှိပါတယ်။

အဲ့ဒီလိုတွေကြုံလာရပြီဆိုရင် နေထိုင်မကောင်းဖြစ်လာမယ်၊စိတ်လက်မကြည်မလင်ဖြစ်လာပြီး ကိုယ့်ရဲ့နေ့စဉ်လုပ်စရာကိစ္စတွေကိုပါ ထိခိုက်စေပါလိမ့်မယ်

အဲ့ဒါကြောင့်လည်း ဒီနေ့မှာခေါင်းကိုက်တတ်တဲ့သူတွေအတွက် အိမ်မှာပဲလွယ်လင့်တကူကုသနိုင်ဖို့ အိမ်တွင်းဆေးနည်းတွေကို တင်ဆက်ပေးလိုက်ရပါတယ်။

မနက်နိုးနိုးချင်း ခေါင်းကိုက်တဲ့အခါမနက်အိပ်ရာနိုးနိုးချင်း ခေါင်းကိုက်တဲ့အခါပန်းသီးစိတ်ကို ဆားအနည်းငယ်နဲ့တို့စားပေးပြီး အဲ့ဒီနောက်မှာ ရေနွေးသောက်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာကို သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။

နောက်ထပ်နည်းလမ်းအနေနဲ့ ပန်းသီးအရသာနဲ့ cider vinegar ကို ရေတစ်ခွက်ပျားရည်နဲ့ သံပုရာရည်ရောစပ်ပြီးတစ်နေ့ကို (၂) ခွက်ကနေ (၃) ခွက်အထိ သောက်သုံးပေးသင့်ပါတယ်အပူအအေးဓာတ်ဖြင့် ကုသပေးပါ။

ကိုယ့်ရဲ့ နောက်ကျောကို ရေခဲအိတ်ကပ်ပေးတာက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သိသိသာသာ သက်သာပျောက်ကင်းစေပြီး အဲ့ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ရေနွေးထည့်ထားတဲ့ဇလုံထဲမှာ ကိုယ့်ရဲ့ခြေထောက်ကိုစိမ်ပေးထားတာကလည်း ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်ပါအကြောလျှော့တာကခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ညောင်းညာနေတဲ့အချိန်မှာလည်း အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

ခေါင်းကိုက်နေတယ်ဆိုရင်တော့ ဦးခေါင်းကို ဘယ်ကြည့်ညာကြည့် အပေါ်ကြည့်အောက်ကြည့် စသဖြင့် လေ့ကျင့်ခန်းလုပ်သင့်ပြီး ပခုံးနှစ်ဖက်ရှိရာဖက်ကိုလည်း ခေါင်းကိုစောင်းစောင်းပေးတဲ့ လေ့ကျင့်ခန်းကိုပြုလုပ်သင့်သလို

ခေါင်းကို (၃၆၀) ဒီဂရီလှည့်တဲ့လေ့ကျင့်ခန်းကလည်း ပခုံးနဲ့လည်ပင်းတို့မှာရှိတဲ့ ကြွက်သားတွေကို ပြေလျာ့စေပါလိမ့်မယ်။စမုန်ဖြူကိုအသုံးပြုပါ။

စမုန်ဖြူအမှုန့်တစ်စက်နှစ်စက်လောက်ကို လေးညှင်းဆီလိုဆေးဖြစ်ဝါးဖြစ် အဆီတစ်မျိုးမျိုးထဲထည့်ပြီး နဖူးပေါ်လိမ်းပေးထားပါ။ ပြီးရင် မိနစ်တော်တော်ကြာကြာအောင် ငြိမ်ငြိမ်လေးထိုင်နေလိုက်မယ်ဆိုရင် ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာတွေက သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

သစ်ကြံပိုးခေါက်ကိုအသုံးပြုပါ။သစ်ကြံပိုးခေါက်ကို အမှုန့်ကြိတ်ပြီး ရေထဲထည့်ကာအဲ့ဒီအရည်ကိုနဖူးနဲ့နားထင်အနီးအနားတစ်ဝိုက်မှာ လိမ်းပေးပြီး မိနစ် (၃၀) ခန့်ထားပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်တာက ခေါင်းကိုက်ဝေဒနာသက်သာစေဖို့အတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

Peppermint အဆီကို အသုံးပြုပါ။ပူစီနံနဲ့ ဆင်တူတဲ့အရွက်ဖြစ်ပေမယ့် ပူစီနံမဟုတ်ဘဲ ပင်စိမ်းတစ်မျိုးအဖြစ်သာသတ်မှတ်ထားပါတယ်။

အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက်ပါ အသုံးဝင်တဲ့ ဒီဆေးဝါးကို ခေါင်းကိုက်တဲ့အချိန်မှာ နားထင်ကိုလူးပေးတာမျိုး၊ သောက်သုံးပေးတာမျိုးတို့ ပြုလုပ်နိုင်တဲ့အပြင် ရှူဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ပင်စိမ်းအဆီမှာပါဝင်တဲ့ Menthol ဓာတ်က ဦးခေါင်းနဲ့ ဦးနှောက်သွေးလွှတ်ကြောတွေ ရောင်ရမ်းခြင်းကကာကွယ်ပေးနိုင်ပြီး သောက်သုံးတဲ့နေရာမှာလည်း အရသာချိုမြမြရရှိနိုင်ဖို့အတွက် ပျားရည်အနည်းငယ်နဲ့ ရောစပ်သောက်သုံးပေးနိုင်တယ်လို့ သိရှိရပါတယ်။ဒါ့အပြင် လေးညှင်းဆီကလည်း ခေါင်းကိုက်ဝေဒနာအတွက် အသုံးဝင်တဲ့ဆေးဝါးတစ်လက်ဖြစ်ပြီး

ရေနွေးဆူဆူထဲမှာ လေးညှင်းဆီ နှစ်စက်ထည့်ပြီး အဲ့ဒီရေနွေးငွေ့ကို ရှူရှိုက်ပေးတာက ခေါင်းကိုက်ပျောက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

ဂျင်းကိုအသုံးပြုပါဟင်းချက်တဲ့နေရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း အသုံးပြုနိုင်တဲ့ ဂျင်းက အစာကြေရင်ချောင်စေတဲ့အပြင် ခေါင်းကိုက်ဝေဒနာအတွက်လည်း အသုံးဝင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဂျင်းမှာပါဝင်တဲ့အာနိသင်က

ခေါင်းမှာရှိတဲ့သွေးကြောတွေ ရောင်ရမ်းတာကိုလျှော့ချပေးနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်လို့ ပျို့အန်ချင်တဲ့အခါမျိုးမှာလည်း သက်သာရာရစေပါတယ်။

အဲ့ဒါကြောင့်လည်း ခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ ဂျင်းဖျော်ရည်ကို သံပရာရည်နဲ့ရောသောက်ပေးသင့်ပြီး တစ်ရက်ကို (၁) ကြိမ် ဒါမှမဟုတ် (၂) ကြိမ်အထိ သောက်သုံးပေးသင့်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း – ရောဂါဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်တယ်ဆိုတဲ့စကားကို အားလုံးပဲ ရင်းနှီးပြီးသားဖြစ်မှာပါ။

ကျန်းမာရေးကောင်းမွန်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေအပြင် နေ့စဉ်ပုံမှန်ယောဂကျင့်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာတွေအတွက်တင်မကဘဲ ကိုယ်ခန္ဓာရဲ့အခြားသောကျန်းမာဖို့လိုအပ်တဲ့အစိတ်အပိုင်းတွေအတွက်ပါ အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။credit

Leave a Reply

Your email address will not be published.