၂၈ နာရီလုံးမအိပ်ရဘဲ ခွဲစိတ်မှု ၅ ခုကိုပြုလုပ်ပေးခဲ့ပြီးနောက် ကြမ်းပြင်ပေါ်မှာခွေကွေးကာ ချက်ချင်းအိပ်ပျော်သွားခဲ့လို့ လူသိများသွားခဲ့တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦး

ကျွန်တော်တို့ထဲမှတော်တော်များများဟာ ကျန်းမာရေးနှင့်ပတ်သက်လာရင် အများကြီးမသိတဲ့အတွက် ကျွန်တော်တို့ရဲ့လိုအပ်ချက်များကို အမြန်ဆုံးမြင့်တက်လာစေရန် ဆရာဝန်များနှင့် သူနာပြုများရဲ့အကူအညီကို ရယူကြရပါတယ်။

သို့ပေမဲ့ ၎င်းကျန်မာရေးဆိုင်ရာ ပရောဖက်ရှင်နယ်များဟာ အလုပ်ကိုမရပ်မနားလုပ်ကြရပြီး လူနာမ်ားအား ကြည့်ရှုပေးရန်အတွက် ၂၄ နာရီလုံးလုံး မအိပ်ကြရတာကိုတော့ လူအနည်းငယ်မျှသာသိကြပါတယ်။

၂၄ နာရီလုံးလုံးမအိပ်ဘဲ ၎ကို အကျင့်တစ်ခုလိုဖြစ်အောင်လုပ်ဖို့ကို သင်စိတ်ကူးကြည့်ဖူးပါသလား။ကျွန်တော့်အထင်တော့ ကျွန်တော်တို့အားလုံးဟာ အိပ်ရေးမဝဘဲ တစ်နေကုန်မနေနိုင်ဘူးဆိုတာကတော့ အေသအခ်ာပါဘဲ။

ခုလည်း တရုတ်နိုင်ငံရှိ ခွဲစိတ်ဆရာဝန်တစ်ဦးဟာ သူ့ရဲ့မျက်နှာဖုံးနဲ့ဦးထုပ်ကိုမချွတ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေခဲ့တဲ့ဓာတ်ပုံတစ်ပုံကို ရိုက်ကူးယူခဲ့ပါတယ်။

တစ်ကယ်တော့ ၂၈ နာရီ အဆိုင်းဖြင့် သူ့ရဲ့ ငါးကြိမ်မြောက်ခွဲစိတ်မှုအပြီးမှာ ဒေါက်တာ Luo Heng အမည်ရှိတဲ့၎င်းခွဲစိတ်ဆရာဝန်ဟာ ပင်ပန်းစွာနဲ့ ကြမ်းပြင်ပေါ်မှာ ကွေးကောက်ကာ အိပ်ပျော်သွားခဲ့ရပါတယ်။

၎ဓာတ္ပုံကို တရုတ်နိုင်ငံ Anhui ပြည်နယ် Dingyuan ကောင်တီရှိ ဆေးရုံတစ်ခုမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး တရုတ်လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Weibo ပေါ်မှာ ဝေမျှခဲ့တဲ့ထိုဓာတ်ပုံဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

မျှော်လင့်ထားသည့်အတိုင်း ၎ဓာတ္ပုံဟာ လူအများထံမှရောထွေးတဲ့တုံ့ပြန်မှုများစွာကို ရရှိခဲ့ပါတယ်။

ဤလူငယ်ဆရာဝန်အား သူ့ရဲ့ရည်စူးမှုအတွက် ချီးကျူးပေးခဲ့ကြတဲ့သူများစွာရှိပေမဲ့လည်း လူအမ်ားအျပားက သူ့ရဲ့ကျန်းမာရေးကိုသာမက သူ့ရဲ့လူနာများအား အလုပ်များလွန်းတဲ့ဆရာဝန်တစ်ဦးအနေဖြင့် မည်သို့လုပ်ဆောင်နေခဲ့တဲ့ပုံကိုပါ အတော်လေး စိတ်ပူပေးခဲ့ကြပါတယ်။

သင်သာ အိပ်ရေးမဝခဲ့ရင် သင်ဟာ tiptop ပုံစံဖြင့် မနေနိုင်သလို သင့်ရဲ့အလုပ်ကိုလည်း အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။

ထို့ကြောင့် ဒေါက်တာ Luo Heng လုပ်နေတဲ့အရာများကဲ့သို့ အလားတူလိုက်လုပ်နေတဲ့ဆရာဝန်များဟာ ၎င်းတို့ရဲ့လူနာများရဲ့အသက်အန္တရာယ်ကို ထိရောက်သွားစေနိုင်ကြောင်း လူအမ်ားက ထိုကဲ့သို့လည်း ပြောဆိုခဲ့ကြပါတယ်။

ထို့အပြင် ဝမ်းနည်းစရာကောင်းတဲ့အမှန်တရားတစ်ခုကတော့ ၎င်းဆေးရုံမှာ လူနာများစွာရှိသလောက် ဆရာဝန္မ်ားက အနည်းငယ်သာရှိခြင်းဘဲဖြစ်ပါတယ်။

ထို့ကြောင့် လူအမ်ားက ထိုကဲ့သို့သော ဆရာဝန်နည်းနေတဲ့ပြဿနာကို မဝေးတော့တဲ့အနာဂတ်မှာတောင်မဖြေရှင်းနိုင်သေးဘူးဆိုရင် ဒေါက်တာ Luo ကဲ့သို့သောဆရာဝန်များလည်း ဆက်လက်တည်ရှိနေရအုံးမည်ဖြစ်ကြောင်း ၎င်းဆေးရုံရဲ့သက်ဆိုင်ရာအကြီးအကဲများအား ပြောကြားခဲ့ကြပါတယ်။

credit

Leave a Reply

Your email address will not be published.