ငါးတစ်ကောင်တည်းကို (၂၂) သိန်း ရရွိသြားတဲ့ မြိတ်ဒေသက တံငါသည်ကြီးတဦး

မြိတ်ဒေသက တံငါသည်တစ်ဦး ငါးတစ်ကောင်ကို သိန်း ၂၂ သိန်းနဲ့ ရောင်းထွက်သွားတဲ့အကြောင်း အရာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။

တံငါသည်ကြီး ၂၂ သိန်းနဲ့ ရောင်းလိုက်တဲ့ ငါးက ကသမျှင်ငါး (အမ) လို့ သိရပါတယ်။

ကသမျှင်ငါး က တန်ဖိုးအလွန်ကြီးတဲ့ ငါးဖြစ်ပြီး သူ့တစ်ကောင်ရဲ့ပေါက်ဈေးက ပုံမွန္ဆို သိန်း ရာနဲ့ချီတောင် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

အထီးဈေးက အမဈေးထက် ပေါက်ဈေး ပိုမြင့်ပြီး ငါ့မွာပါတဲ့ စီပေါင်းကအဓိက အစိတ်အပိုင်းအနေနဲ့ ဈေးကြီး ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အထီးရဲ့ စီပေါင်းက အမ စီပေါင်းထက်ပိုပြီးထူတာကြောင့် ကသမျှင်ငါးရဲ့အထီးဈေးက ပိုပြီးတယ်လို့ သိရပါတယ်။

ဘုရင့်နောင်ပွဲရုံမှာဆိုရင် ကသမျှင်ငါးကို လေလံဆွဲပြီး ရောင်းချတဲ့အထိ ရှိတယ်လို့ သိရပါတယ်။

လေလံအောင်သွားတဲ့သူက ကသမျှင်ငါးဗိုက်ကိုခွဲ အထဲက စီပေါင်းကို ထုတ္ကာ နေပူမပြဘဲ အခြောက်ခံတယ်လို့ သိရပါတယ်။

ခြောက်သွားတဲ့ စီပေါင်းကိုတယုတယေလး ကတ္တီပါအိတ်လေးထဲ ထည့်ကာ ယူသွားကြတယ်လို့ သိရပါတယ်။ တရုတ်ကုန်သည်တွေ အဓိက ဝယ်ယူကြတယ်လို့ သိရပါတယ်။

စီပေါင်းဈေးနှုန်းက သိန်းပေါင်းများစွာ တန်နေရတဲ့ အကြောင်းအရင်းကတော့ စီပေါင်းကို တန်ဖိုးကြီး ရေမွှေးထဲထည့်သွင်း အသုံးပြုတာကြောင့်လို့ သိရပါတယ်။

ဒါကြောင့် ကသမျှင်ငါးက အင်မတန်ကို ဈေးကြီးနေတာ ဖြစ်ပါတယ်။တံငါသည်တွေအနေနဲ့လည်း ကသမျှင်ငါးကို ဖမ်းမိရင် ထီပေါက်သလို ပျော်ကြတယ်လို့ သိရပါတယ်။

တစ်ကောင်တည်းကို ငွေကျပ်သိန်းပေါင်းများစွာတန္ဖိုးရွိတဲ့ မြန်မာပြည်ရဲ့ ကသမျှင်ငါးအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးလိုက်ပါတယ်။
credit

Leave a Reply

Your email address will not be published.