လျှပ်စစ်မီး ရတဲ့နေရာတိုင်းမှာ အသုံးများကြတဲ့ လျှပ်စစ် ထမင်းပေါင်းအိုး ပျက်စီးသွားတဲ့အခါ ပြန်ပြင်သုံးလို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးပါမယ်။ ပေါင်းအိုး ပြစ်ချက်များကတော့…
(၁) Power supply မီးအဝင်ခေါင်း အရည်ပျော်နေတယ်။
(၂) ခလုတ်(check point) မကြာခန တက်နေတယ်။
ပြစ် ချက် (၁) အတွက် အောက်ခံကြွေသားပါတဲ့ မီး အဝင်ခေါင်း ဆော့ကက်အထိုင် ကို လျှပ်စစ် အပိုပစ္စည်းဆိုင်တွေ မှာ၅၀ဝိ နဲ့ ဝယ်ပြီး
ပုံမှာ ပြထားသလို လဲပေးလိုက်ရင် ရေရှည် အသုံးခံတဲ့ ခေါင်းဖြစ်မယ်။ ယိုးဒယား ဒယ်အိုးအနီ သုံးတဲ့ခေါင်းကြိုးတပ်သးလို့ရသွားပြီ။
အထိုင်ပေါက်က အတူတူဘဲ …နတ်ကြပ်ရုံပါ။ အော်ရီဂျင်နယ် သုံးပေါက်ခေါင်းကြိုးနဲ့ အထိုင်ခေါင်းတွေက အပူဒဏ် မခံနိုင်ဘဲမကြာခန အရည်ပျော် shock ဖြစ်နေတာကို အခုလို ကြွေ ခေါင်း ခံပေးရင် ရေရှည် စိတ်ချ သုံးလို့ရပြီ။
ပြစ်ချက် (၂) အတွက်က သာမိုစတက် ခလုတ်မောင်းကို အော်တိုဖြုတ်ပေးတဲ အပူကွိုင် အလည်က သံလိုက် ခလုတ်အုံ check point ကို လဲပေးရင် ပေါင်းအိုးမကြာခန ခလုတ်တက်နေတာ ကာင်းသွားမယ်။
ဒီပေါင်းအိုး က သူတို့ ကလိထားတော ထမင်းကျက်ပြီး နှပ်တဲ့ circuit ကြိုးတွေ မပါလာဘူး။ ဒါပေမဲ့ချက်လို့ရအောင် ပြင်ပေးလိုက်တယ်။
အိမ်ရှင်မများသို့ အကြံပြုချက်… တရုတ်ပေါင်းအးများဟာ ပစ္စည်း အရည်အသွေး အလွန် ညံ့ပါတယ်။ ဖြစ်နိုင်ရင် ယိုးဒယားက လာတဲ့ ထမင်းပေါင်းအိုးများကို သုံးစေချင်ပါတယ်။
Sharp, National, Toshiba, Mitshushita (ယိုးဒယား မြင်းတံဆိပ်) Hanabishi (ဟာနာဘီရှီ) စသည်ဖြင့် လာပါတယ်။ ရေရှည်အသုံးခံပါတယ်။
တရုတ်ပေါင်အိုးများ က ပစ္စည်းညံလို့ မီးဘေးအန္တရာယ် စိုးရိမ် ရပါတယ်။ ကျနော်သုံးနေတဲ့ Sharp ထမင်းပေါင်း အိုးဟာ ဆန်သား လှသလို မိနစ်၂၀ဝ ဝန်းကျင် နဲ့ ထမင်း ကျက်ပါတယ်။(volt အား ပြည့်လို့ပါ)
တရုတ်အိုး က မိနစ် ၃၀ ဝန်းကျင်ပါ။ မီးအားကျနေရင် မသုံးသင့်ပါ။ အန္တရာယ် ရှိနိုင်လို့ပါ။
ပေါင်းအိး ဆော့ကက်ခေါင်းများကို မကြာခန စစ်ဆေးပေးပါ… ချောင်နေ… လှုပ်နေလျှင် စံနစ်တကျ ပြန်တပ်ပြီးမှ သုံးပါ။ပေသုံးပါက အရည်ပျော် shock ဖြစ်ပြီး အန္တရာယ် ရှိနိုင်လိုပါ။
ပေါင်းအိုးတည်လျှင် အိုးဘေးမှ ရေများကို အဝတ်ဖြင့် ခြောက်အောင် သုတ်ပြီးမှ အိုးကို တည်ပါ။ ခလုတ် တက်နေတာကို ဒုတ်နဲ့ထိုးပြီး တခုခုနဲ့ ဖိထားပြီး မသုံးပါနဲ။့ အရမ်း အန္တရယ်ကြီးပါတယ်။
အပူကွိုင် အလည်က သံလိုက် ခလုတ်အုံ check point လဲရင် ကောင်းသွားတယ်။ တည်မယ့် ဆန်နဲလို့… ဥပမာ ခလုပ်တက်ရင်တော့ ၁ ဘူးဘဲ တည်ရင် အဖုံးအပေါ်က တခုခု တင်လိုက်ရင် အဆင်ပြေပါတယ်။
တခါတလေ… ဒန်အိုးက သိပ်ကြာနေပြီး အလည်က ခွက်နေရငလည်း ခလုတ်နဲ့ အထိုင်မကျ fitting မဖြစ်ဘဲ ခလုတ် တက်လေ့ ရှိပါတယ်။
ဒန်အိုးဖင်ကို မူလအတိုင်း ပြင်ပေးရင် ရပါတယ်။ ဒါကိုမလုပ်ပါနဲ့… ထမင်းပေါင်းအိုးထဲမှာ တခြားအိုးထဲ့ပြီးရေနွေးကျိုခြင်း၊ တခြား fitting မကျတဲ့ အိုးတွေထည့်ပြီး တည်တာ မလုပ်ရပါဘူးဗျာ။ပေါင်းအိုးပျက်တတ်လို့ပါ။
မိတ်ဆွေများ မိမိတို့ ကိုယ်တိုင်ပြုပြင်ပြီး အိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာ။
ပြုလုပ်ရမယ့် အဆင့်တွေကတော့..
၁။ အလည်သံလိုက်ခလုတ်အုံ အသစ်တပ်ဆင်ခြင်း
၂။ powersupply မီးအဝင်ကြွေခေါင်းတပ်ဆင်
၃။ မီးအဝင်ကြွေခေါင်း စံနစ်တကျတပ်ဆင်ခြင်း
၄။ မီးကြိုးများ စံနစ်တကျ တပ်ဆင်ပြီးနောက် သာမိုစတက် မောင်းတံနှင့် အလည် ခလုတ်အုံအား စံနစ်တကျ ချိတ်ဆက် တပ်ဆင်ပေးခြင်းဖြင့် ပြန်လည် အသုံးပြုလို့ ရပါပြီ။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
credit