ကြားဘူးခဲ့တဲ့ “မြေကြီးက ရွှေသီးတယ်”ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေ ထွက်တဲ့ သစ်ပင်တွေ တကယ်ရှိတယ်ဆိုတဲ့ အကြောင်း

Posted by

သိပ္ပံပညာရှင်တွေကရွှေကြောရှာဖွေရင်းနဲ့ရွှေတွေသီးနေတယ်လို့ဆိုလို့ရတဲ့ယူကလစ်သစ်ပင်တွေကိုမတော်တ ဆတွေ့ရှိခဲ့ပါတယ်။ဒီအပင်တွေကိုဘယ်လိုအသုံးချကြမလဲ။

ပုံပြင်ထဲမှာတော့ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို အပင်တွေဆီကခူးယူကြတာကြားဖူးကြမှာပါ။

ရှေးတုန်းကလဲပစ္စည်းတွေ သီးတဲ့ ပဒေသာပင်ဆိုတာရှိခဲ့တယ်လို့လူကြီးတွေကပြောဖူးကြပါတယ်။

ကဲအခုက တော့ပစ္စည်းတွေသီးတဲ့အပင်တွေအကြောင်းတော့မဟု တ်ပေမယ့်ရွှေထွက်တဲ့သစ်ပင်တွေအကြောင်းပြောပြမှာပါ။

ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ခြောက် သွေ့တဲ့ဒေသတစ်ဖြစ်လဲGoldfields Esperanceဒေသ ဖြစ်ပြီးသြစတြေးလျတိုက် အနောက် ဘက်မှာရှိတာပါ။

မူလကတော့ ရှာဖွေသူတွေဟာဒီရွှေထွက်တဲ့မြေအေက်မှာဘာရှိသလဲ ဆိုတာ လောက်ပဲရှာဖွေဖို့ရည်ရွယ်ခဲ့ပေမယ့်တကယ်ရွှေတွေ့တော့မြေကြီးထဲမှာမဟုတ်ဘဲယူက လစ်သစ်ပင်တွေမှာသွားတွေ့ပါတယ်။

အဲဒီသစ်ပင် တွေဟာ အကိုင်း အလက် ချိုးခံရ ပေမယ့်လည်း မူလ အတိုင်း ပြန်လည် ရှင်သန် နိုင်စွမ်းရှိတဲ့ အပင် တွေ ဖြစ်ပြီး အမြစ်တွေဟာလည်း မြေအောက် ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်း တာကြောင့်ရေသောက် မြစ်တွေက ဘယ်လို မြေအောက် ရေကို အသုံးချပြီး အပင်တွေ ကို ရှင်သန် စေသလဲ ဆိုတာတောင် ရှာရခက် ပါတယ်။

ဒီမှာ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ။ တကယ်တော့ ယူကလစ်သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျား လွန်းတာ ကြောင့် ရွှေတွေရှိတဲ့ မြေလွှာ ထဲအထိ ရောက်ရှိ နိုင်ပါတယ်။

သစ်ပင် တွေဟာ ဓာတ်ပစ္စည်း တွေကို မြေအောက် ကနေ သယ်ဆောင် နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင် တွေရဲ့ အဆိပ် ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူး အဆန်းလို ဖြစ်နေပါတယ်။

ရွှေရှိတဲ့ မြေလွှာထဲ ရောက်နေတဲ့ အမြစ် တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီး နောက် အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေ မဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာ ရှိတဲ့ အရွက်တွေဆီ ပို့ပေး လိုက်ပါတယ်။ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူ တွေက အစက မယုံကြသေးပါဘူး။

ဖန်လုံအိမ် ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ်ဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ ကြရာမှာ အမှန် ဖြစ်တယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။အဲဒီ Eucalyptus အပင်တွေက ရွှေထွက် ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန်တူပါတယ်။

ဘာကြောင့်လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ် လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့ ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။အဲဒီတော့ ဒီအပင် တွေဟာ ရွှေထွက်ရာမှာ အသုံး မဝင်ရင် ဘယ်မှာသုံး ကြပါမလဲ။

ရွှေထုတ်တဲ့ နေရာမှ သုံးကြပါ တယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြော တွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ပါဘူး။

Credit .. မူရင်းရေးသူ