အိမ်မက်ထဲမှာ မြွေတွေကိုတွေ့ရင် ဘာတွေဖြစ်လာတတ်သလဲ( မြွေအိပ်မက်နိမိတ် ၇မျိုး)

မြွေတွေကိုအိမ်မက်ထဲမှာမြင်ရင်တကယ်ကံကောင်းမှာလားအိပ်မက်ပုံအရသင့်ကံကြမ္မာဘာတွေဖြစ်လာတတ်သလဲ

၁။ မြွေကိုကြောက်ပြီး ထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ

အိပ်မက်ထဲမှာမြွေကကိုယ့်ကိုကိုက်တော့မယ့်ပုံစံပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့်တကြားထွက်ပြေးရတယ်လို့

အိပ်မက်မြင်မက်တယ်ဆိုရင် သင့်ထံသို့ကံမကောင်းတဲ့ကိစ္စရပ်တစ်ခုမကြာခင်ရောက်ရှိလာတော့မှာလို့ ဆိုလိုခြင်းဖြစ်ပါတယ်

၂။ မြွေနဲ့တရင်းတနှီးကစားနေရတယ်လို့ မြင်မက်လျှင်

သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာ မြွေနဲ့ရင်းနှီးကျွမ်းဝင်စွာ ကစားနေတယ်လို့

မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အ ရင်းအမြစ်ကို ရှာတွေ့ပြီးမကြာခင် ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်

၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင်

အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင်

မကြာခင်အချိန်မှ ာသင့်ထံသို့ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေ ရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၄။မြွေကိုသတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာ သင်ကိုယ်တိုင်မြွေကိုသတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာ ကြုံတွေ့နေရတဲ့

အခက်အခဲဆုံးပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်းနိမိတ်ပြခြင်းဖြစ်ပါတယ်။

၅။ မြွေက သင်ဘယ်သွားသွားနောက်က လိုက်လာတယ်လို့ မြင်မက်တဲ့အခါ

အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်က လိုက်နေတယ်လို့မြင်မက်တာဟာသင့်မှ ာငိုစရာဝမ်းနည်းစရာ ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၆။ မြွေကိုက်ခံရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာ သင့်ကိုမြွေတစ်ကောင်က ပြင်းပြင်းထန်ထန်လိုက်ကိုက်ပြီး သင်ဒဏ်ရာရသွားတယ်လို့ မြင်မက်တယ်ဆိုရင်

ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ ပြဿနာအကြီးကြီးပေါ်လာတော့မှာ ဖြစ်ပါတယ် ဒီလိုအိပ်မက်မျိုးမြင်မက်ပြီးပြီဆိုရင် မပေါ့ဆသင့်ပဲ သတိကြီးစွာနေထိုင်သင့်ပါတယ်။

၇။ မြွေအချင်းချင်းရန်ဖြစ်နေတာကို အိပ်မက်မြင်မက်လျှင်

မြွေအချင်းချင်းရန်သတ်နေတာကို အိပ်မက်မြင်မက်တယ်ဆိုရင် သင်ပေါင်းသင်းနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သင့်ကိုမလိုမုန်းထားသူရှိနေပြီလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။
credit

Leave a Reply

Your email address will not be published.